ဦးနှောက်အတွက် လိုအပ်သော ဗီတာမင်ဓာတ်လေးမျိုး

နေ့စဉ်စားသုံးတဲ့ အစားအသောက် ထဲမှာ ဦးနှောက်အတွက်လိုအပ်တဲ့ ဗီ တာမင်တွေ ပါဝင်အောင် စားသုံးဖြစ်ပါ ရဲ့လား။ ဦးနှောက်အတွက် အဓိကလိုအပ် တဲ့ဗီတာမင်လေးမျိုးက ဗီတာမင် အီး၊ ဗီတာမင် စီ၊ ဗီတာမင် B12 နဲ့ ဖောလစ် အက်စစ်တို့ပဲဖြစ်ပါတယ်။

ဗီတာမင် အီး
ဗီတာမင် အီးက အင်တီအောက် ဆီးဒင့်ဖြစ်ပြီး အာရုံကြောဆဲလ်တွေ ထိ ခိုက်ပျက်စီးမှု မဖြစ်စေဘဲ ဦးနှောက်ကို ကာကွယ်ပေးပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဗီတာမင် အီးပါ ၀င်အောင် စားသုံးတာကြောင့် အယ်လ် ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေကို လျော့ နည်းစေပါတယ်။

စားသုံးပါ
ကန်စွန်းဥ၊ ကောက်နှံကွေကာ၊ အစေ့အဆန်၊ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက် စတာတွေမှာ ဗီတာမင် အီး ပါဝင်တာကြောင့် နေ့စဉ်စားသုံးတဲ့ အစား အစာထဲမှာ တစ်မျိုးမဟုတ်တစ်မျိုးပါဝင် အောင် ထည့်စားပေးပါ။

ဗီတာမင် စီ
ဓာတ်တိုးပစ္စည်းတွေက ဦးနှောက် ဆဲလ်တွေကို ပျက်စီးစေပါတယ်။ ခန္ဓာ ကိုယ်မှာ အောက်ဆီဂျင်ပါဝင်တဲ့ ဓာတ်ပြု မှုတွေဖြစ်တဲ့အခါ ဘေးထွက်ပစ္စည်းအ နေနဲ့ ဓာတ်တိုးပစ္စည်းတွေ ထွက်လာပါ တယ်။ အဲဒီဓာတ်တိုးပစ္စည်းတွေ ဖျက်ဆီး မှုကိုမခံရအောင် ဓာတ်တိုးဆန့်ကျင်အာ နိသင်ရှိတဲ့ အင်တီအောက်ဆီးဒင့်တွေကို လုံလောက်စွာ စားသုံးဖို့လိုပါတယ်။ ဗီ တာမင် စီဟာလည်း အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် နေ့စဉ်အစား အသောက်ထဲမှာ ထည့်စားဖို့ မမေ့နဲ့နော်။

စားသုံးပါ
ဗီတာမင် စီ ရနိုင်တာတွေကို စား သုံးမယ်ဆိုရင် အချဉ်ဓာတ်ရှိတဲ့ သစ်သီး တွေ၊ ပဲနွယ်ပဲညွန့်တွေကို စားသုံးရမှာ ဖြစ်ပါတယ်။

ဗီတာမင် B12
ဗီတာမင် B12 က အာရုံကြော ဆဲလ်တွေရဲ့ ကျန်းမာရေးကို ကောင်းမွန် စေပြီး စိတ်ပိုင်းဆိုင်ရာ နိုးကြားတက်ကြွ စေတာ၊ စိတ်ဓာတ်မြင့်မားစေတာ၊ မှတ် ဉာဏ်ဆုံးရှုံးနိုင်ခြေ လျော့နည်းစေတာ၊ ဦးနှောက်စွမ်းအား ကောင်းမွန်စေတာ၊ အာရုံကြောအမြှေးပါးထုတ်လုပ်မှု ကောင်း စေတာ စတဲ့ကောင်းကျိုးတွေ ရရှိစေပါ တယ်။ ဦးနှောက်အာရုံကြောပြဿနာ တွေ အများစုက အာရုံကြောတွေကို ဖုံး ထားတဲ့ အမြှေးပါးအလွှာ ပျက်စီးတာ ကြောင့် အဖြစ်များကြပါတယ်။

စားသုံးပါ
အမဲသား၊ ၀က်သား၊ ကြက်သား စတဲ့ အသားတွေမှာ ဗီတာမင် B12 ကြွယ်ဝစွာပါဝင်ပါတယ်။ ကောက်နှံကွေ ကာနဲ့ ဗီတာမင်ဖြည့်စွက်ထားတဲ့ အစား အစာတွေမှာလည်း ဗီတာမင် B12 ပါ ၀င်ပါတယ်။

ဖောလစ်အက်စစ်
သွေးထဲမှာရှိတဲ့ ဟိုမိုစစီတင်း ပမာဏကို ဖောလစ်အက်စစ်က ထိန်း ပေးပါတယ်။ ဟိုမိုစစီတင်းတွေ များပါ က ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေ တတ်ပါတယ်။ ဖောလစ်အက်စစ်က နိုး ကြားတက်ကြွမှု ကောင်းမွန်စေပြီး သတိ မေ့လျော့တာ မဖြစ်အောင်လည်း ကာ ကွယ်ပေးပါတယ်။

စားသုံးပါ
ပဲအမျိုးမျိုး၊ ကညွတ်၊ ဥအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ အမဲသား၊ အချဉ်ဓာတ်ရှိတဲ့သစ်သီး၊ အစေ့အဆန်၊ အမဲအသည်း၊ သင်္ဘော သီး၊ ငှက်ပျောသီး၊ ထောပတ်သီး စတာ တွေကနေ ဖောလစ်အက်စစ်ကို ရရှိနိုင် ပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *