ဦးနှောက်ပျက်စီးစေနိုင်သော အမူအကျင့်ဆိုးများ

သင်နေ့စဉ် အမှတ်မထင်ပြုလုပ်နေကျအရာတွေထဲမှာ အောက်ဖော်ပြပါ ဦးနှောက်ပျက်စီးနိုင်တဲ့ အမူအကျင့်တွေရှိနေရင် အခုကစတင်ပြီး ပြုပြင်လိုက်ပါ။

အစာကြူးခြင်း
အစာကို အလွန်အမင်း စားသုံးတာကြောင့် အဝလွန်နိုင်ပြီး ဦးနှောက်ပျက်စီးနိုင်ကာ အာရုံစူးစိုက်နိုင်မှု လျော့နည်းသွားနိုင်ပါတယ်။

နံနက်စာ မစားခြင်း
နံနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး လိုအပ်တဲ့အစာဖြစ်ပြီး သူ့ကို မစားဘဲ ရှောင်နေရင် သွေးတွင်းသကြားဓာတ်အတက်အကျများပြီး မတည်မငြိမ် ဖြစ်တတ်ပါတယ်။ တစ်ညလုံးအစာမစားဘဲ အိပ်နေရတာကြောင့် မနက်အိပ်ရာထခါစ မှာ အစာစားဖို့ လိုအပ်ပါတယ်။ အစာမစားရင် ဦးနှောက်က အာဟာရမရရှိတာကြောင့် ပျက်စီးလွယ်နိုင်ပါတယ်။

အိပ်စက်အနားမယူခြင်း
မအိပ်ရတဲ့ ရက်တွေ များပြားလာရင် ဦးနှောက်ထဲက ကျန်းမာတဲ့ ဆဲလ်ကောင်းတွေ လျော့နည်းသွားနိုင်ပါတယ်။ အိပ်စက်နေစဉ်မှာ ခန္ဓာကိုယ်က ပျက်စီးနေတဲ့ ဆဲလ်တိုင်းကို ပြုပြင်ပေးပြီး ဆဲလ်အသစ်တွေ ထုတ်လုပ်ပေးနေတာပါ။

အချိုစာ အစားများခြင်း
ကျွန်မတို့စားလိုက်တဲ့အစာတိုင်းနဲ့ အရည်တိုင်းလိုလိုမှာ သကြားပါဝင်ပါတယ်။ သကြားစားသုံးတာလျှော့ချလိုက်တာနဲ့ အကျိုးအများကြီးရနိုင်ပါတယ်။ သကြား မစားတာကြောင့် အာဟာရတွေပိုမို စုပ်ယူနိုင်ပြီး ဦးနှောက်မပျက်စီးအောင် ကာကွယ် နိုင်ပါတယ်။

အိပ်စက်စဉ် ခေါင်းဆောင်းထားခြင်း
ကျွန်မတို့က အိပ်ပျော်နေစဉ်မှာ အောက်ဆီဂျင်ကို ရသလောက်ယူဖို့ လိုအပ်ပါ တယ်။ ခေါင်းကို ဦးထုပ်ဆောင်းပြီး အိပ်တာကြောင့် ဦးရေပြားမှတစ်ဆင့် အောက်ဆီ ဂျင်ရရှိမှု လျော့နည်းသွားပြီး ကာဗွန်ဒိုင်အောက်ဆိုက် ပိုမိုရရှိနိုင်ပါတယ်။

လေထုညစ်ညမ်းမှုနှင့် ထိတွေ့ရခြင်း
ဦးနှောက်ကျန်းမာဖို့ အောက်ဆီဂျင်အများအပြား လိုအပ်ပါတယ်။ လေထုညစ် ညမ်းမှုရှိနေရင် အောက်ဆီဂျင်ရရှိမှုနည်းပါးသွားနိုင်ပါတယ်။

စကားပြောနည်းခြင်း
စကားပြောတာက ဦးနှောက်အလုပ်လုပ်ရပြီး ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပါ တယ်။ ဦးနှောက်ကျန်းမာရေးကောင်းမွန်အောင် တတ်နိုင်သမျှ ဉာဏ်ရည်အသုံးပြုရတဲ့ စကားများများပြောပေးပါ။

နာမကျန်းဖြစ်နေစဉ် အလုပ်လုပ်ခြင်း
ကျွန်မတို့က နေမကောင်းဖြစ်နေရင်တောင်မှ တတ်နိုင်ရင် အလုပ်ထလုပ်တတ်ကြပါတယ်။ နာမကျန်းဖြစ်နေတာက ခန္ဓာကိုယ်ကို အနားယူခိုင်းနေတာပါ။ နေမကောင်းရဲ့နဲ့ အလုပ်လုပ်ရင် ဆဲလ်တွေ ပြန်လည်ပြုပြင်နိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။

အကောင်းမမြင်ခြင်းနှင့် ဦးနှောက်ကို အသုံးမပြုခြင်း
အကောင်းမြင်ပြီး ဦးနှောက်ကို အလုပ်ပေးထားတာက အာရုံကြောလမ်းကြောင်း အသစ်တွေပွင့်စေပြီး ဦးနှောက်အစိတ်အပိုင်းအားလုံးကို လှုံ့ဆော်မှုပေးနိုင်ပါတယ်။ ဦးနှောက်က အချိန်ပြည့် အလုပ်လုပ်နေဖို့ လိုအပ်ပါတယ်။ အလုပ်မလုပ်ရင် ဦးနှောက် ကျုံ့သွားပြီး ပျက်စီးနိုင်ပါတယ်။ ဘာသာစကားအသစ်လေ့လာတာ၊ နည်းပညာအသစ် သင်ယူတာနဲ့ တွေးခေါ်ရတာမျိုးတွေ ပြုလုပ်ပါ။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက ဦးနှောက်အတွက် အဆိုးရွားဆုံးသော အမူအကျင့်ဖြစ်ပါတယ်။ သူ့ကြောင့် ရလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက အများကြီးပါ။ ဦးနှောက်အတွက်ကတော့ သေးငယ်ကျုံ့သွားနိုင်ပြီး အယ်လ်ဇိုင်းမားလိုမျိုး သူငယ်ပြန်ရောဂါ ရရှိနိုင်ပါတယ်။

#ဒေါက်တာခင်မိုးမိုး
#GoodHealthJournal

Post Author: Good Health Journal