သိုင်းရွိုက်ကျန်းမာရေးပြဿနာ  ပိုမိုဆိုးရွားစေနိုင်သော အကျင့်ဆိုးများ

လည်ပင်းအရှေ့ဘက် လေပြွန် ပိုက်တစ်ဝိုက်မှာ လိပ်ပြာပုံသဏ္ဌာန်ရှိတဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက် တွေ ကမောက်ကမဖြစ်တာကြောင့် သိုင်း ရွိုက်ပြဿနာဖြစ်နိုင်ပါတယ်။ သိုင်းရွိုက် ဂလင်းဟာ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေပြုလုပ်ရာမှာ အဓိကနေ ရာက ပါဝင်ပြီး ဇီဝရုပ်ဖြစ်စဉ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဂလင်း မှာ ပြဿနာရှိသူတွေအနေနဲ့ အိပ်မပျော် တာ၊ စိတ်ခံစားချက်တွေ အတက်အကျ ဖြစ်လွယ်တာ၊ မှတ်ဉာဏ်ပြဿနာနဲ့ တခြားပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါ တယ်။ သင်ရဲ့ နေ့စဉ်လုပ်နေကျ အမူအ ကျင့်တွေထဲမှာ အောက်ဖော်ပြပါအ ကြောင်းအရာတွေက သိုင်းရွိုက်ပြဿနာ ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ခြင်း

စိတ်ဖိစီးမှုနဲ့သိုင်းရွိုက်ရောဂါဟာ ဒွန်တွဲနေတတ်ပြီး ရေရှည်မှာ မှတ်ဉာဏ် ဆုံးရှုံးတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ စိတ် ဖိစီးမှုများတာကြောင့် သိုင်းရွိုက်ဂလင်းရဲ့ ဟော်မုန်းထုတ်လုပ်မှုမှာ ပြဿနာဖြစ်လာ နိုင်ပါတယ်။ စိတ်ဖိစီးမှုက အခုခေတ်အ ခါမှာ ရှောင်လွှဲလို့ မရတဲ့ အခြေအနေဖြစ် နေတဲ့အတွက် စိတ်ဖိစီးမှုကို လျော့ကျ နိုင်တဲ့နည်းလမ်း (ဥပမာ တရားထိုင်တာ၊ လေ့ကျင့်ခန်းပြုလုပ်တာ)တွေကို ရှာဖွေ ပြီး ပြုလုပ်သင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ဟာ သိုင်းရွိုက်ဂလင်း ပေါ်မှာ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိပြီး သိုင်းရွိုက်ရောဂါရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆေး လိပ်မှာ ပါဝင်တဲ့ သိုင်ယိုဆိုင်ရာနိတ်တွေ က သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင် ချက်ကို ကျဆင်းစေနိုင်တဲ့အတွက် ဟော် မုန်း ထုတ်လုပ်မှုလည်း လျော့ကျသွား နိုင်ပါတယ်။ သိုင်ယိုဆိုင်ရာနိတ်ဟာ Anit Thyroid Agent အဖြစ် အသိ များကြပါတယ်။

ပဲပိစပ်စားသုံးခြင်း

ပဲပိစပ် ဒါမှမဟုတ် ပဲပိစပ်ထုတ် ကုန်တွေမှာ အပင်ကို အခြေခံတဲ့ အီစ ထရိုဂျင်ဖြစ်တဲ့ ဖိုက်တိုအီစထရိုဂျင်တွေ များစွာ ပါဝင်ပါတယ်။ ပဲပိစပ်ဟာ အသား ကနေ ရရှိတဲ့ ပရိုတင်းအစားထိုးအသုံးပြု နိုင်တဲ့အတွက် ကမ္ဘာတစ်လွှားမှာ တွင် ကျယ်စွာ စားသုံးကြပါတယ်။ သူက ကျန်း မာရေးအတွက် အကျိုးများစွာ ရှိပေမယ့် သိုင်းရွိုက်ပြဿနာရှိသူတွေကတော့ မစားသုံးသင့်ပါဘူး။ ပဲပိစပ်မှာ ပါဝင်တဲ့ ဂွိုင်ထရိုဂျင်တွေက သိုင်းရွိုက်ရဲ့ အခြေ အနေကို ပိုမိုဆိုးရွားစေနိုင်ပြီး လည်ပင်း ကြီးရောဂါရှိသူတွေမှာ လည်ပင်းရှေ့က အကျိတ် ပိုမိုကြီးလာနိုင်ပါတယ်။

Cruciferous အမျိုးအစား
ဟင်းသီးဟင်းရွက်များ စားသုံးမှုများခြင်း

ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ အစိမ်း ရောင်ပန်းဂေါ်ဖီ၊ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်တွေက ပုံမှန်အားဖြင့် ကျန်းမာ ရေးအတွက် ကောင်းမွန်တယ်ဆိုပေ မယ့် သိုင်းရွိုက်ကျန်းမာရေးပြဿနာရှိ သူတွေစားသုံးတာက အိုင်အိုဒင်းချို့တဲ့ နိုင်ပြီး သိုင်းရွိုက်လုပ်ငန်းဆောင်တာတွေ ကျဆင်းသွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဂလူကိုဆိုင်နိုလိတ်တွေက ခန္ဓာ ကိုယ်တွင်း ဂွိုင်ထရင်အဖြစ် ပြောင်းလဲ သွားတာကြောင့်ပါ။ ဂွိုင်ထရင်ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးပြီး ဟော်မုန်းထုတ် လုပ်မှုကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ဆရာဝန်ညွှန်ကြားချက်ကို
မလိုက်နာခြင်း

သိုင်းရွိုက်ကျန်းမာရေးပြဿနာရှိ သူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက် ကို အတိအကျ လိုက်နာရပါမယ်။ ညွှန် ကြားချက်ကို လျစ်လျူရှုခဲ့ရင် သိုင်းရွိုက် ဂလင်းက ပိုမိုပျက်စီးသွားနိုင်ပါတယ်။

မတည့်သည့်အစားအစာများကို စားသုံးခြင်း

သိုင်းရွိုက်ဂလင်း အလုပ်လွန်တာ ဖြစ်ဖြစ် ဒါမှမဟုတ် ဂလင်းက အလုပ် နည်းတာပဲဖြစ်ဖြစ် သင်စားသုံးတဲ့အစား အစာအမျိုးအစားကို ဂရုစိုက်ရပါမယ်။ အောက်ပါအစားအစာတွေက သိုင်းရွိုက် ဂလင်း အလုပ်နည်းတဲ့သူတွေ ရှောင်ရှား ရမယ့်အစားအစာတွေပါ။

♦ အဖြူရောင်ဂျုံ ဒါမှမဟုတ် ဂလူတင်
ဂလူတင်ပါဝင်တဲ့အစားအစာတွေ က သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင် ချက်ကို ချိုးနှိမ်နိုင်တယ်လို့ သုတေသီ တွေက သက်သေပြထားကြတာကြောင့် ရှောင်ရှားသင့်ပါတယ်။ အဖြူရောင်ဂျုံ အစား အညိုရောင်ပေါင်မုန့်၊ ကောက်နှံ တစ်ခုလုံးပါဝင်စာနဲ့ ဆန်လုံးညိုတွေ စား သုံးသင့်ပါတယ်။

♦ နို့နဲ့ နို့ထွက်ပစ္စည်း
ဒီအစားအစာတွေက ချွဲထုတ်လုပ်မှု ကို ကူညီပေးပြီး ဟော်မုန်းညီညွတ်မျှတ မှုမရှိအောင်လည်း ပြုလုပ်ပေးနိုင်တာ ကြောင့် ရှောင်ရှားသင့်ပါတယ်။

♦ သကြား
သကြားစားသုံးမှုကို ရှောင်ကြဉ်နိုင် ရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်း မာရေးကောင်းမွန်နိုင်ပါတယ်။ သကြား ဟာ သိုင်းရွိုက်ဂလင်းအပါအ၀င် ကိုယ် တွင်းအင်္ဂါအများစုပေါ်မှာ အကျိုးသက် ရောက်မှုရှိပြီး ဆီးချိုရောဂါဖြစ်အောင် လည်း လှုံ့ဆော်နိုင်ပါတယ်။ သကြားအ ပြင် သကြားပါဝင်မှုမြင့်မားတဲ့အစားအ စာတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။
အိုင်အိုဒင်းပါဝင်မှုများတဲ့အစားအ စာ၊ အရောင်စုံဟင်းသီးဟင်းရွက်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားသုံး ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာက သိုင်းရွိုက်လုပ်ငန်းဆောင်တာ မကောင်း သူတွေအတွက် အကူအညီများစွာ ရရှိ နိုင်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *