သွားဖုံးသွေးယိုရင် . . .

သွားဖုံးက သွေးယိုစေတဲ့အ ကြောင်းအရာ အများကြီးရှိပါတယ်။ များသောအားဖြင့်တော့ Gingivitis လို့ ခေါ်တဲ့ သွားဖုံးရောင်တာကြောင့် ဖြစ်ပါ တယ်။ သူက ဘာကြောင့်ဖြစ်လဲဆိုရင် သွားတိုက်တာမပြောင်တဲ့အခါ အစာ တွေစုပုံပြီး ရက်အနည်းငယ်ကြာတဲ့အခါ tartar လို့ခေါ်တဲ့ ထုံးကျောက်လိုမျိုး သွားမှာစုပုံလာပါတယ်။ ဒါကို သွားဆေး ခန်းမှာ ကျောက်ခြစ်တယ်လို့ ခေါ်ပါ တယ်။ ကျောက်ခြစ်လိုက်ရင် သက်သာ သွားပါတယ်။

ဒါကြောင့် သွားဖုံးသွေးယို တတ်တယ်ဆိုရင် –
♦ သွားသေချာတိုက်ပါ Flossing လုပ်ပါ။ ပိုးသတ်ဆေးပါတဲ့ Mouthwash တွေနဲ့ ပလုတ်ကျင်းတာတွေ လုပ်ပါ။
♦ ဆားရည်နဲ့ ပလုတ်ကျင်းတာလုပ်ပါ (သွေးတိုးရှိတဲ့သူတွေဆိုရင်တော့ ဆား ရည်နဲ့ ပလုတ်ကျင်းတာရှောင်ပါ)။
♦Oil pulling လို့ ခေါ်တဲ့ နှမ်းဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ နေကြာဆီ အသုံး ပြုပြီး ၅ – ၂၀ မိနစ်ထိ သွားတွေကို သန့် ရှင်းရေးလုပ်တာ၊ ပလုတ်ကျင်းတာ လုပ် ပါ။

◘ ဂျူးငယ် (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *