ဝါတွင်းဥပုသ်စောင့်မည့် ဆီးချိုရှိသူတို့အတွက် လမ်းညွှန်ချက်များ

ဥပုသ်စောင့်တယ်၊ တရားစခန်းဝင် တယ်ဆိုတာတွေ လုပ်တဲ့သူ များလာ တော့ ဆီးချိုသွေးချိုရှိသူတွေမှာ အန္တ ရာယ်ကင်းကင်းနဲ့ တရားအားထုတ်နိုင်ဖို့ အရေးကြီးပါတယ်။

ကြိုတင်ပြင်ဆင်ပါ
ဆီးချိုသွေးချိုရောဂါ ရှိတဲ့သူတွေ ဥပုသ်စောင့်တော့မယ်ဆိုရင် ကိုယ်ပြသနေ တဲ့ ဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး အစား အသောက် အနေအထိုင်၊ ထိုးဆေး၊ သောက်ဆေးတွေကို ကြိုတင်ပြင်ဆင် သွားဖို့ လိုပါတယ်။ ဆီးချိုရှိတဲ့သူတွေ ဥပုသ်သွား စောင့်မယ်ဆိုရင် ဆရာဝန်နဲ့ပြ သပြီး ကြိုတင်ပြင်ဆင်သွားဖို့ဆိုတာ သိတဲ့သူနည်းပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မ လူနာတွေထဲမှာတော့ ဥပုသ်သွားစောင့်ဖို့ရှိလို့ဆိုပြီး လာပြကြသူတွေ ရှိပါတယ်။ တရားစခန်း ၁၀ ရက်ဝင်မှာမို့ ဆေးတွေ ကိုဘယ်လိုသောက်ရမလဲဆိုပြီးလည်း လာပြကြပါတယ်။

ကြိုတင်ပြင်ဆင်မှု မရှိလျှင်
ဆီးချိုသွေးချိုရှိတဲ့သူ ဥပုသ်သွား စောင့်တဲ့အခါ ကြိုတင်ပြင်ဆင်သွားဖို့ လိုပါတယ်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဥပုသ် သွားစောင့်တယ်၊ တရားစခန်းဝင်တယ် ဆိုရင် အဲဒီကပြန်လာတဲ့အခါ အများစုက ဆီးချိုတွေ တက်လာတတ်ပါတယ်။ ဖြစ် နိုင်တာကတော့ ဆီးချိုတွေ တက်နေ တာလည်း ဖြစ်နိုင်တယ်၊ ကျနေတာလည်း ဖြစ်နိုင်တယ်ဆိုပေမယ့် တွေ့ရများ တာကတော့ ဆီးချိုတက်နေကြပါတယ်။

ဆီးချိုသွေးချိုရောဂါရှိသူ ဥပုသ်စောင့်သင့်၊ မသင့်
ဆီးချိုသွေးချိုရောဂါ ရှိတဲ့သူတစ် ယောက် ဥပုပ်စောင့်မယ်ဆိုရင် ဥပုသ် စောင့်သင့်လား၊ မစောင့်သင့်ဘူးလားဆို တာကို ဆရာဝန်နဲ့ အရင်ဦးဆုံး တိုင်ပင် သင့်ပါတယ်။ ဆရာဝန်ကို ပြသပြီး ဆီးချို ပမာဏ ဘယ်လောက်ရှိလဲ၊ နောက်ဆက် တွဲ ဘာရောဂါတွေရှိလဲ၊ တခြားရောဂါတွေ ဘာတွေရှိလဲဆိုတာ စစ်ဆေးဖို့ လိုပါ တယ်။ နောက်ဆက်တွဲရောဂါနဲ့ တခြား ရောဂါဆိုတာ မတူပါဘူး။
နောက်ဆက်တွဲရောဂါဆိုတာ နှလုံး သွေးကြောကျဉ်းတယ်၊ ပိတ်တယ်၊ ခြေ ထောက်သွေးကြော ကျဉ်းတယ်၊ ပိတ် တယ်၊ လေဖြတ်တယ်၊ မျက်စိမြင်လွှာရော ဂါတွေ၊ ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ် ရောဂါ၊ ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြော ရောဂါ စတာတွေပါ။
တခြားရောဂါတွေက သွေးတိုးရော ဂါ၊ ဆီးချိုနဲ့ မသက်ဆိုင်တဲ့ တခြားရောဂါ တွေရှိလား၊ အခုလောလောဆယ်ကော ဆီးချိုသွေးချိုထိန်းသိမ်းမှု ကောင်းနေ လားဆိုတာတွေ ကြည့်ပါတယ်။ ဆီးချို ထိန်းသိမ်းမှု မကောင်းဘူးဆိုရင် ဥပုသ် မစောင့်သင့်ပါဘူး။ တချို့ ဆီးချို ခဏ ခဏ ကျနေတဲ့သူတွေဆိုရင်လည်း ဥပုသ် မစောင့်သင့်ပါဘူး။
နောက်တစ်ခုက ကိုယ့်ဘာသာ ဆီး ချိုကျလို့ကျမှန်း မသိဘူး။ သွေးဖောက်စစ် လိုက်တော့မှသာ ဆီးချိုနည်းနေတယ်ဆို ရင်လည်း မစောင့်သင့်ပါဘူး။ ကျောက် ကပ်ပျက်စီးမှုအဆင့်ကို ၁၊ ၂၊ ၃၊ ၄ ဆိုပြီး သတ်မှတ်ပါတယ်။ ကျောက်ကပ်ပျက်စီး တဲ့အဆင့် ၄၊ ၅ ရှိရင်လည်း ဥပုသ်မစောင့် သင့်ပါဘူး။
အသက်အရမ်းကြီးနေပြီး သွေးချို ကျလွယ်တဲ့သူတွေဆိုရင်လည်း ဥပုသ်မ စောင့်သင့်ပါဘူး။ ကိုယ့်မှာ ဆီးချိုသွေးချို ရောဂါရှိနေတယ်၊ ဥပုသ်စောင့်သင့်လား၊ မစောင့်သင့်ဘူးလားဆိုတာကို ကိုယ်ပြ နေကျ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်တယ်။ ဆရာဝန်က ဥပုသ်စောင့်လို့ မရဘူးဆိုရင် မစောင့်ပါနဲ့။ ဥပုသ်စောင့်လို့ရတယ်ဆိုရင် စောင့်ပါ။

ဥပုသ်စောင့်မည်ဆိုလျှင်
ဥပုသ်စောင့်တာက အိမ်မှာစောင့် မယ်ဆိုရင် သောက်ရတဲ့၊ ထိုးရတဲ့ဆေး တွေ ပြည့်ပြည့်စုံစုံ အကုန်ရှိတယ်။ သွေး ချိုတိုင်းတဲ့ကိရိယာလည်းရှိတယ်။ အိမ်မှာ မဟုတ်ဘဲ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ် စောင့်မယ်၊ ၁၀ ရက်တရားစခန်းဝင်မယ် ဆိုရင် သောက်နေကျဆေးတွေ၊ ဆေး သောက်နေကျဆိုရင် သောက်ဆေး၊ ထိုး နေကျဆိုရင် ထိုးဆေး၊ ဒါတွေကို မေ့ သွားလို့ မရပါဘူး။ သွေးချိုထိန်းကိရိယာ ဒါလည်း အရေးကြီးပါတယ်။ ခေါင်းမူး တိုင်း သွေးချိုကျတာ မဟုတ်ပါဘူး။ တက် နေရင်လည်း ခေါင်းမူးတတ်ပါတယ်။ သွေးချိုမတိုင်းဘဲ ကျနေတယ်ထင်ပြီး အချိုရည်တွေသောက်မိရင် သွေးချို တွေ အရမ်းတက်ပြီး သတိလစ်တတ်ပါ တယ်။ သွေးချိုဓာတ်နည်းရင် သတိလစ် တတ်သလို သွေးချိုဓာတ်တွေများနေရင် လည်း သတိလစ်တတ်ပါတယ်။ ကွဲကွဲ ပြားပြားဖြစ်အောင်လို့ သွေးဖောက်ကြည့် လိုက်တာ အကောင်းဆုံးပါ။ ဒါကြောင့် ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်တဲ့အခါ၊ တရားစခန်းဝင်တဲ့အခါ သွေးဖောက်စစ် တဲ့ သွေးချိုတိုင်းကိရိယာကို မဖြစ်မနေ ယူသွားသင့်ပါတယ်။ သောက်ဆေးသောက် နေရင်လည်း သောက်ဆေးနဲ့ ညှိရမယ်၊ ထိုးဆေးထိုးနေရင်လည်း ထိုးဆေးနဲ့ ညှိရပါမယ်။ ဆရာဝန်ကလည်း ညှိပေး လိုက်တယ်၊ ကိုယ်ကလည်း ဘယ်လိုဖြစ် ရင် ဘာလျှော့သောက်မယ်ဆိုတဲ့ ဆရာ ၀န်ညွှန်ကြားလိုက်တာကို သေချာစွာ နား ထောင်ပြီး လုပ်ဖို့လိုပါတယ်။ ဆီးချို အရမ်းကျသွားရင်လည်း သောက်ဖို့ ဂလူး ကို့စ်၊ အချိုရည်တို့လည်း အလွယ်တကူ ရနိုင်အောင် ယူသွားရပါမယ်။ ဒီလိုပြင် ဆင်မှုတွေ လုပ်ပြီးမှသာ ဥပုသ်စောင့်တာ၊ တရားစခန်းဝင်တာကို လုပ်သင့်ပါတယ်။
Repaglinide လို့ခေါ်တဲ့ ဆေး တွေက အာနိသင် သိပ်မခံတော့ မနက် တစ်လုံးသောက်၊ နေ့လည်တစ်လုံး သောက်၊ ဥပုသ်စောင့်တဲ့ ညနေမှာ အစာ မစားလို့ ညနေ မသောက်နဲ့ပေါ့။
ဆီးချို သောက်ဆေးသောက်နေသူ တွေက ဥပုသ်စောင့်တဲ့အခါ မနက်ဆေးကို မနက်စောစောမှာသောက်၊ control ကောင်းနေရင် ဆေးနည်းနည်းလျှော့ သောက်ပါ။ မကောင်းရင်တော့ ပုံမှန်အ တိုင်းပဲ ဆက်သောက်ပါ။ ညနေသောက် ဆေးကို တစ်ဝက်လျှော့သောက်ပါ။ အစ္စလာမ်ဥပုသ်မှာတော့ ပြောင်းပြန်ဖြစ် သွားတယ်။ သူတို့က တစ်နေကုန် အစာ မစားဘူး၊ မနက်သောက်တဲ့ဆေးတွေကို ညနေသောက်၊ ညနေသောက်တဲ့ဆေး တွေကို မနက်မှသောက်ဆေးကို တစ် ၀က်လျှော့သောက်ပါ။
အင်ဆူလင်ကတော့ အမျိုးအစား ၁ တွေက တစ်နေ့နှစ်ကြိမ် ထိုးရတာရှိ တယ်၊ လေးကြိမ်ထိုးရတာရှိတယ်။ ဘယ် လိုမျိုး ထိုးနေသလဲဆိုတာပေါ်မှာ မူတည် ပြီး ဥပုသ်စောင့်တဲ့နေ့တွေမှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညှိရပါမယ်။ အမျိုးအစား ၂ မှာတော့ အင်ဆူလင်ကို ညမှာတစ်ကြိမ်ပဲ ထိုးတယ်။ ဒါဆိုရင် ညတစ်ကြိမ်ထိုးပေါ့။ နှစ်မျိုးရောထားတဲ့ အင်ဆူလင်ဆိုရင် တော့ မနက်မှာထိုးမယ်၊ ညနေကတော့ လိုမှပဲလိုက်ထိုးတယ်။ ထိုးမယ်ဆိုရင် လည်း ပမာဏကို လျှော့ထိုးရပါမယ်။

ဥပုသ်စောင့်တာ ရပ်ဖို့ လိုလား
ဥပုပ်စောင့်နေတဲ့အချိန်မှာပေါ့။ စာ အုပ်တစ်အုပ်နဲ့တစ်အုပ် ရေးတာတော့ မတူဘူးပေါ့။ ၇၀ အောက်ဆိုရင် ဆီးချို ကျတယ် သတ်မှတ်ပါတယ်။ ၇၀ အောက် ရောက်သွားတယ်ဆိုရင်တော့ ဥပုသ်စောင့် တာကို ရပ်သင့်ပါတယ်။ ဗုဒ္ဓဘာသာတွေ ဥပုသ်စောင့်တာက ရေသောက်လို့ရသေး တယ်၊ အစ္စလာမ်တွေ ဥပုသ်စောင့်တာက အရည်ရော၊ ရေရော ဘာမှ မသောက်ရ ပါဘူး။ အဲဒါအတွက် အဓိကထား ရေး ထားတာပါ။ ဗုဒ္ဓဘာသာဥပုပ်စောင့်သူတွေ နဲ့ ဆီးချိုရောဂါအတွက် သုတေသနပြု ရေးထားတဲ့စာတမ်းတွေက မရှိသလောက် ပါပဲ။ အစ္စလာမ်ဥပုသ်အတွက်က သုတေ သနတွေလုပ်ထားတာ အများကြီးရှိပါ တယ်။ သူတို့က နေထွက်တာနဲ့ အစာ မစားရတော့ဘူး၊ နေ၀င်မှ အစာပြန်စားရ တယ်။ အဲဒီတော့ နေ့ခင်းကာလမှာ သွေး ချိုတိုင်းကြည့်လိုက်လို့ ၇၀ အောက်ဖြစ် မယ်ဆိုရင် အချိုရည်သောက်လိုက်ရပါ မယ်။ ၃၀၀ အထက်ဆိုရင်လည်း အစာ မစားတာကို ရပ်ဆိုင်းလိုက်ရပါမယ်။ ဒါက စမ်းသပ်ထားတာပါ။ ဗုဒ္ဓဘာသာဝင် တွေ ဥပုသ်စောင့်တာမှာက အချိုရည် သောက်လို့ရတာကြောင့် ဘယ်လောက် မှာ ရပ်လိုက်ဆိုတာ မရှိပါဘူး။ သွေးချို ကျနေတယ်ဆိုရင် အချိုရည်သောက် လိုက်လို့ ရပါတယ်။

မမေ့ပါနဲ့
ဥပုသ်စောင့်တော့မယ်ဆိုရင် ပြနေ ကျဆရာဝန်ကို ပြပြီး အစားအသောက်၊ ဆေးဝါးနဲ့ သွေးချိုတိုင်းစက်တွေကို အကုန်ယူသွားပါ။ မမေ့ပါနဲ့။ ဒီလိုလုပ် ဆောင်မယ်ဆိုရင် အန္တရာယ်ကင်းကင်းနဲ့ ဥပုသ်စောင့်နိုင်မှာ ဖြစ်ပါတယ်။

◘ ဒေါက်တာထက်ထက်ခင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *