သုံးပြီးသားလက်ဖက်ခြောက်အိတ်ကို ဘာတွေအသုံးပြုနိုင်လဲ

လက်ဖက်ခြောက်အိတ်ငယ်လေးတွေကို ရေနွေးပူပူထဲ ထည့်စိမ်သောက်ပြီးတဲ့အခါ အများစုက လွှင့်ပစ်တတ်ကြပါတယ်။ ဒီအိတ်ငယ်လေးတွေရဲ့ အသုံးဝင်ပုံကို မသိရှိတာကြောင့်ပါ။ ဒါကြောင့် လက်ဖက်ခြောက်အိတ်ငယ်လေးတွေကို
ကျန်းမာရေးရာ ပြဿနာတချို့အတွက် ပြန်လည်အသုံးပြုနိုင်တယ်ဆိုတာ သိရှိနိုင်အောင် ရေးသားလိုက်ပါတယ်။

♥ နှုတ်ခမ်းတွင် အနာပေါက်ခြင်း
နှုတ်ခမ်းမှာပေါက်နေတဲ့အနာကို သုံးပြီးသား လက်ဖက်အိတ်ငယ်လေးကပ်ပေးပါက သက်သာစေပါတယ်။ လက်ဖက်အိတ်ငယ်လေးကို ရေခဲသေတ္တာထဲထည့်၊ အေးအောင်လုပ်ပြီးမှ ကပ်ပေးရမှာဖြစ်ပါတယ်။
အနာကျက်မြန်စေပြီး နာကျင်မှုလည်း လျော့နည်းစေပါတယ်။

♥ ထိခိုက်ရှနာကြောင့် သွေးထွက်ခြင်း
မတော်တဆ ထိခိုက်ရှနာဖြစ်လို့ သွေးထွက်နေတဲ့အခါ သွေးတိတ်မြန်စေဖို့ အသုံးပြုပြီးသား လက်ဖက်အိတ်ငယ်လေး ကပ်ပေးနိုင်ပါတယ်။ လက်ဖက်ခြောက်မှာပါတဲ့ တန်နင်က သွေးတိတ်အောင် ကူညီပေးပါတယ်။
ရေနွေးပူပူထဲထည့်ပြီး ဒဏ်ရာပေါ် စက္ကန့် ၃၀ ကပ်ပါ။ ထပ်ခါအသုံးပြုနိုင်ပါတယ်။

♥ ရောင်ရမ်းနေသော အဖုငယ်
အရေပြားပေါ် ရောင်ရမ်းနေတဲ့ အဖုငယ်ပေါ်မှာ သုံးပြီးသားလက်ဖက်ခြောက်အိတ်ကပ်ပေးပါက သွေးစီးဆင်းမှု ကောင်းမွန်ပြီး အနာကျက်မြန်စေပါတယ်။
လက်ဖက်ခြောက်မှာ ပိုးသတ်အာနိသင်ရှိလို့ ဘက်တီးရီးယားတွေသေစေပြီး ရောင်ရမ်းမှုနဲ့နာကျင်မှုကို သက်သာစေပါတယ်။

♥ ပိုးမွှားကိုက်ခြင်း
လက်ဖက်ခြောက်မှာ ပိုးသတ်အာနိသင်နဲ့ ကျုံ့စေတဲ့အာနိသင်ရှိပါတယ်။ ပိုးမွှားကိုက်ခံရတဲ့အရေပြားပေါ် သုံးပြီးသားလက်ဖက်အိတ်ငယ်လေးကပ်ပေးပါက ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်။

♥ နေလောင်ခြင်း
လက်ဖက်ခြောက်မှာ EGCG (epigallocatechin-3-gallate) ပါဝင်တာကြောင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးလို့ နေလောင်တာအတွက် အသုံးပြုနိုင်တယ်လို့ ဆေးသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
သုံးပြီးသားလက်ဖက်ခြောက်အိတ်ငယ်ကို နေလောင်ထားတဲ့ဒဏ်ရာပေါ်ကပ်ပေးပါက နေလောင်ဒဏ်ရာကို သက်သာစေပါတယ်။

♥ ခြေထောက်အနံ့ဆိုးထွက်ခြင်း
လက်ခြောက်ခြောက်အိတ်ငယ်လေးတွေကို ခြေထောက်အနံ့ဆိုးထွက်တာမဖြစ်အောင် အသုံးပြုနိုင်ပါတယ်။ ခြေထောက်အရေပြားကို ပျော့ပျောင်းစေပြီး အာဟာရဖြည့်ပေးပါတယ်။
ကြက်သီးနွေးရေဖြည့်ထားတဲ့ ဇလုံတစ်လုံးထဲကို လက်ဖက်ခြောက်အိတ်ငယ်လေးတွေထည့်စိမ်ပြီး ခြေထောက်စိမ်ပေးနိုင်ပါတယ်။

 

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *