သံပရိုသီးနှင့်သကြားကြေးချွတ်ခရင်မ်


အခုတလော နေပူလိုက် မိုးရွာလိုက်နဲ့ ကျွန်မတို့အသားအရေတွေဟာ ကျွန်မတို့ကိုယ်တိုင် မသိလိုက်ခင်မှာဘဲ ပျက်စီးနေလောက်ပါပြီ။ ဒီလို မလန်းဆန်းနိုင်တော့တဲ့အသားအရေအတွက် လန်းဆန်းလတ်ဆတ်စေမယ့် သံပရိုနဲ့သကြား ကြေးချွတ်ခရင်မ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

..
ကြေးချွတ်ပေးတာက သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားအစိုဓာတ်ကိုလည်း တိုးမြင့်စေပါတယ်။ ဒါ့အပြင် အသားအရေ နူးညံ့ချောမွေ့မှုကိုလည်း ရရှိစေနိုင်ပါတယ်။ ဘယ်လောက်အကြာမှာ တစ်ကြိမ် ကြေးချွတ်ရမလဲဆိုတာကတော့ အသက်အရွယ်နဲ့ အသားအရေအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အသက် ၄၀ ကျော်အရွယ်တွေအတွက် ရက်ပေါင်း ၃၀ ကနေ ၄၀ လောက်အကြာမှာ အရေပြားဆဲလ်အသစ် ပြန်ဖြစ်နိုင်ပေမယ့် ငယ်ရွယ်သူတွေမှာတော့ ၁၅-၂၀ ရက်အတွင်းမှာတင် အရေပြားဆဲလ်သစ် ပြန်လည်ဖြစ်ထွန်းတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

..
အခုဖော်ပြပေးမယ့် Body Scrub မှာ ပါဝင်တဲ့ သံပရိုရည်နဲ့ သံပရိုခွံမှာ စစ်ထရစ်အက်စစ်နဲ့ အပင်အက်စစ်တွေ ပါဝင်တာကြောင့် အရေပြားကို သန့်စင်ပေးတာ၊ လင်းလက်တောက်ပစေတာနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာလိုမျိုး အစွမ်းသတ္တိတွေ ရှိပါတယ်။
အုန်းဆီမှာ ပိုးသတ်နိုင်စွမ်းနဲ့ multivitamins တွေ၊ multi-nutrients တွေ ပါဝင်တာကြောင့် အရေပြားကို အာဟာရဓာတ်ပြည့်ဝစေနိုင်ပြီး ရေဓာတ်ပြည့်ဝစေပါတယ်။
သကြားကလည်း သဘာဝကြေးချွတ်အာနိသင်ရှိတဲ့အတွက် အရေပြားပေါ်က ဆဲလ်သေတွေ ဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။

လိုအပ်တာတွေက

မုန့်ဖုတ်ဆော်ဒါ ဒါမှမဟုတ် သကြား ခွက်တစ်ခွက်စာ (ထိခိုက်လွယ်တဲ့အရေပြား၊ ခြောက်သွေ့အရေပြားအတွက် မုန့်ဖုတ်ဆော်ဒါကို သုံးပါ)
သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ ခွက်တစ်ဝက်စာ
သံပရိုခွံ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
သံပရိုရည် တစ်စက် ဒါမှမဟုတ် နှစ်စက်ခန့်

ပြုလုပ်နည်း


♦ ဖန်ပုလင်းငယ်တစ်လုံးထဲမှာ မုန့်ဖုတ်ဆော်ဒါ ဒါမှမဟုတ် သကြားကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။
♦ သံပရိုသီးတစ်စိတ်ကို အရည်ညှစ်ထည့်ပါ။
♦ သံပရိုခွံလေးတွေကို မွနေအောင် ခြစ်ယူပြီး ထည့်ကာ အားလုံးကို နှံ့စပ်အောင် မွှေလိုက်ပါ။
♦ ဖန်ပုလင်းငယ်ကို လေလုံအောင်ပိတ်ပြီး အခန်းတွင်း အေးမြတဲ့နေရာမှာ သိမ်းဆည်းပါ။

Tips!
..
♦ ဒီ body scrub ကို အထိအခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ အသုံးမပြုသင့်ပါ။ အသားအရေပျက်စီးစေနိုင်လို့ပါ။
♦ Body scrub နဲ့ ကြေးမချွတ်ခင်မှာ ခန္ဓာကိုယ်ပေါ်က မိတ်ကပ်တွေ၊ lotion တွေကို အရင်ဆုံး သန့်စင်ပါ။
♦ လည်ပင်းကိုလည်း ကြေးချွတ်ဖို့ မမေ့ပါနဲ့။
♦ တကယ်လို့ ဒီ body scrub ကို မျက်နှာပေါ်မှာ အသုံးပြုချင်ရင် လက်အရေပြားပေါ် အရင်ဆုံး စမ်းသပ်ပြီး အသုံးပြုပါ။
♦ ညအိပ်ခါနီးအချိန်မှသာ Body Scrub ပြုလုပ်ပါ။
..

♥ ဆူးမြာ ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *