သင်နေ့စဉ်ပြုလုပ်နေသည့်အမူအကျင့်အမှားများ

မနက်အိပ်ရာထထချင်း ပထမဆုံး လုပ်မိတဲ့အလုပ်က ကော်ဖီတစ်ခွက် သောက်လိုက်တာပဲဖြစ်ပါတယ်။ ဒီအပြုအမူက မှားယွင်းနေမှန်း သိကြမှာမဟုတ်ပါဘူး။ ဒီလိုမိမိမသိလိုက်ဘဲ မှားယွင်းတဲ့အမူအကျင့်တွေကို နေ့စဉ်ပြုလုပ်နေတာတွေရှိတာမို့ အမူအကျင့်မှားတွေကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁) မနက် ၉ နာရီခွဲမတိုင်မီ ကော်ဖီသောက်ခြင်း


လူတိုင်းလူတိုင်းရဲ့ ခန္ဓာကိုယ်က ကွဲပြားခြား နားကြပေမယ့် လူတိုင်းအတွက် ၂၄ နာရီ ဟော်မုန်း စက်ဝန်းကတော့ အတူတူပဲဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ဆိုရင် အစီအစဉ်တကျ ရှိပြီးသားပါ။ ခန္ဓာ ကိုယ်ကို နိုးကြားတက်ကြွမှုဖြစ်စေနိုင်တဲ့ ဟော်မုန်းကော်တီစောဟာ ပုံမှန်အားဖြင့် မနက် ၈-၉ နာရီကြားမှာ ခန္ဓာကိုယ်ထဲက ထွက်လာလေ့ရှိပါတယ်။ ဒါကြောင့် ဒီလိုအချိန်တွေမှာ ကော်ဖီသောက်ပြီး ခန္ဓာကိုယ်ကို နိုးကြားတက်ကြွအောင် လုပ်ယူစရာမလိုပါဘူး။ ကော်ဖီ သောက်ဖို့ အကောင်းဆုံးအချိန်က မနက် ၉ နာရီခွဲနဲ့ ၁၁ နာရီခွဲကြား၊ နေ့လယ် ၁ နာရီ ခွဲနဲ့ ညနေ ၅ နာရီ ကြားပါ။ သောက်ဖို့ မသင့်တော်ဆုံးအချိန်တွေကတော့ မနက် ၈ နာရီနဲ့ ၉ နာရီကြား၊ နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြား၊ ညနေ ၅ နာရီခွဲနဲ့ ၆ နာရီခွဲ ကြားအချိန်တွေပါ။

၂) ကြက်ဥမပြုတ်မီ ရေအေးဖြင့် စိမ်ခြင်း

ကြက်ဥကို မပြုတ်ခင်မှာ ရေအေးနဲ့ မစိမ်သင့်ပါဘူး။ ဒီလိုပြုလုပ်တာက ကြက်ဥအနေတော်ပြုတ်ရဖို့ ကြာချိန် မှန်းဆရခက်သွားနိုင်ပါတယ်။ အမှန်မှာတော့ ကြက်ဥကို ပြုတ်ပြီး ရေအေးထဲ စိမ်ပါမှ ကြက်ဥခွံခွာရတာ လွယ်ကူသွားနိုင်ပါတယ်။

၄) ရေချိုးခန်းထဲ ကြေးတွန်းဖတ် (သပွတ်အူ) ထားခြင်း

သပွတ်အူလိုမျိုး ရေမြှုပ် ကြေးတွန်းဖတ်တွေက ဗက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားရာနေရာ ဖြစ်ပါတယ်။ သူတို့ကို စွတ်စိုပြီး နွေးထွေးတဲ့ရေချိုးခန်းထဲမှာ ညသိပ်ထားမယ်ဆိုရင် ပိုးမွှားအများအ ပြားပေါက်နေမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အသုံးပြုပြီးရင် ခြောက်သွေ့တဲ့နေရာမှာ ထားရပါ မယ်။ တစ်ပတ်တစ်ကြိမ် ဆပ်ပြာရည်နဲ့ ငါးမိနစ်ခန့်စိမ်ပြီး လျှော်ဖွပ်ရပါမယ်။

၃) စည်သွတ်ဘူးအဖုံးဖွင့်နည်း မှားယွင်းခြင်း


စည်သွတ်ဘူးကို ဖွင့်ရာမှာ အပေါ်ကပတ်ပြီး ဖွင့်တာက ဘူးခွံနဲ့ သင့်လက်ကို ရှမိစေပြီး ထိခိုက် ဒဏ်ရာ ရစေနိုင်ပါတယ်။ အပေါ်ဖုံးဘေးပတ်လည် နေရာကနေ ပုံပါအတိုင်းဖွင့်မှသာ အဖုံးကို အကွင်းလိုက် ဖယ်ရှားနိုင်ကာ ထိခိုက်ရှနာ ရရှိမှာမဟုတ်တော့ပါဘူး။

၅) ရေချိုးခန်းဝင်ခါနီး ခြေသလုံးမွေးရိတ်ခြင်း


သင့်ခြေသလုံးအမွေးတွေကို ရိတ်တဲ့အတွက် အသားအရေ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ရေချိုးခန်းဝင်ခါနီး ခြေထောက်ခြောက်သွေ့နေစဉ် အမွေးရိတ်ခဲ့ရင်ပါ။ အမွေးရိတ်ခါနီးမှ အရေပြားနဲ့ အမွေးအမှင်တွေ စိုစွတ်နေပါမှ အရေပြားထိခိုက် မှုနည်းမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အမွေးပေါက်ရာနဲ့ ဆန့်ကျင်ဘက်လားရာကို မရိတ်ပါနဲ့။ အရေပြား ပိုမို ထိခိုက်နိုင်တာကြောင့်ပါ။

၆) လက်ချောင်းကို အသုံးပြုပြီး ဘုံပိုင်ခေါင်း ဖွင့်ခြင်း


သင်လက်ဆေးပြီး ဘုံပိုင်ခေါင်းမှ ပိုးမွှားတွေ ပြန်မရောက်ဖို့အတွက် ဘုံပိုင်ခေါင်းကို ကိုင်တဲ့ပုံစံ ပြောင်းလဲပေးရပါမယ်။ သင့်လက်ချောင်းနဲ့ ဘုံပိုင်ခေါင်းကို ဖွင့်မယ့်အစား ပုံမှန်ပြထားတဲ့အတိုင်း လက် ကောက်ဝတ်ကို အသုံးပြုပြီး အဖွင့်အပိတ်လုပ်ပါ။ လက်ဆေးပြီးသား လက်ချောင်းနဲ့ ဘုံပိုင်ခေါင်းကို ပိတ်မိရင် လက်ထဲမှာ ဘုံပိုင်ခေါင်းက ပိုးတွေ ပြန်ကပ်ငြိလာပြီး ဒီလက်နဲ့ပဲ မျက်နှာကို ကိုင်တွင်မိရင် ရောဂါပိုး ကူးစက်နိုင်တာကြောင့်ပါ။ (အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ပါ)

၇) ဖုန်းအားသွင်းပေါက်ကို မသန့်ရှင်းဘဲ အားသွင်းခြင်း


အထူးသဖြင့် သင့်ဖုန်းက အားမဝင်ခဲ့ရင် ဒါမှမဟုတ် အားဝင်တာနှေးခဲ့ရင် ဖုန်းအားသင့်ပေါက် နေရာကို စစ်ဆေးရပါမယ်။ အားသွင်းပေါက်နေရာမှာ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေရှိနေရင် အားက အပြည့်အဝ ဝင်မှာမဟုတ်ပါဘူး။ ဖုန်းကို အရင်ဆုံး ပိတ်ပြီးမှ အားသွင်းပေါက်နေရာကို သန့်ရှင်းရေး ပြုလုပ်ပါ။

(၈) လိုက်ကာတွေကို ဖုန်စုပ်စက်ဖြင့် သန့်ရှင်းရေးမပြုလုပ်ခြင်း


လိုက်ကာတွေက အပတ်စဉ်လျှော်ဖွပ်ဖို့ မဖြစ်နိုင်တဲ့အတွက် ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး ပြုလုပ်ရပါမယ်။ ဖုန်အများစုက လိုက်ကာရဲ့ ထိပ်ပိုင်းနဲ့အောက်ပိုင်းမှာ စုပြုံနေတတ်ပါတယ်။ အပတ်စဉ် ပုံမှန်ပြုလုပ်ပါမှ သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူနိုင်ပါတယ်။

(၉) အာလူးကြော်ထုပ်ကို အပေါ်ပိုင်းနေရာမှ ဖောက်ခြင်း


အာလူးကြော်ထုပ်ဖောက်စားတဲ့အခါ အပေါ်ပိုင်းက ဖောက်တာထက် အောက်ပိုင်းက ဖောက်စားတာက ပိုပြီးအဆင်ပြေနိုင်ပါတယ်။ အနံ့၊ အရသာ အများစုက အောက်ခြေမှာ ရှိနေတတ်တာမို့ ပြောင်း ပြန်လှန်ဖောက်မှသာ အာလူးကြော်ပေါ် အရသာ ပျံ့သွားနိုင်မှာပါ။

(၁၀) အသားဟင်းကို ချက်ပြီးပြီးချင်း စားသုံးခြင်း


သင် ဗိုက်ဆာနေတဲ့အချိန်မှာ ဟင်းကျက်ကျက်ချင်း အစာစားချင်လာပါလိမ့်မယ်။ ဒါပေမဲ့ ချက်ပြီး မိနစ် ၂၀ လောက် နှပ်ပြီးမှ စားသုံးတာက ဟင်းထဲကို အရသာ ပိုဝင်ကာ စားကောင်းပါလိမ့်မယ်။

(၁၁) ပိုးသတ်ဆေးပါဝင်သောဆပ်ပြာကို အမြဲတမ်းအသုံးပြုခြင်း

သင် နေ့စဉ်နေ့တိုင်း ပိုးသတ်ဆေးဆပ်ပြာကို အသုံးပြုနေမိရင် အခုပဲရပ်တန့်လိုက်ပါ။ ပိုးသတ် ဆေးပါတဲ့ဆပ်ပြာတွေက ရိုးရိုးဆပ်ပြာတွေထက် ပိုပြီး ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား မရှိ သေးပါဘူး။ ဒါပေမဲ့ ပိုးသတ်ဆေးပါဝင်တဲ့ဆပ်ပြာတွေမှာ ပဋိဇီဝဆေးဝါးနဲ့ တူညီတဲ့ ခိုက်တိုဇန်ဆိုတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တာမို့ သူ့ကို အသုံးပြုပါများရင် ပိုးသတ်ဆေးယဉ်ပါးမှုဖြစ်နိုင်ပါတယ်။

#ဒေါက်တာခင်မိုးမိုး
#GeneralHealth
#GoodHealthJournal_846

Post Author: Good Health Journal