သင့်ရွှေပန်းက ပြောပြနိုင်သော ကျန်းမာရေးအခြေအနေ

သွေးဖိအားမျာနေတာက နှလုံးသွေးကြောရောဂါရှိနေကြောင်းကို ညွှန်ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်နေသလို သင့်ရွှေပန်းကလည်း သင့်ကျန်းမာရေးကိုတိုင်းတာနိုင်တဲ့ကိရိယာတစ်ခု ဖြစ်ပါတယ်။ ရွှေပန်းရဲ့လုပ်ဆောင်ချက်၊ သူရဲ့ အသွင်အပြင်နဲ့ သူကထွက်လာတဲ့အရည်တွေကို ကြည့်ရှုပြီး သင့်ကျန်းမာရေးအခြေအနေကို သိရှိ နိုင်ပါတယ်။

(၁) ရွှေပန်း၏လုပ်ဆောင်ချက်ကိုကြည့်ရှုပြီး သိရှိနိုင်သောကျန်းမာရေးအခြေအနေ
သင့်ရွှေပန်းက အဓိကလုပ်ဆောင်ချက် နှစ်မျိုးပဲရှိပါတယ်။ ဆီးပေါက်တာနဲ့ သုက်ရည်လွှတ်တာပါ။

#ဆီးသွားရခက်ခဲခြင်း
♦ ဆီးစတင်ထွက်ဖို့ ခက်ခဲတာ၊ ဆီးရဲ့ အရှိန်အားလျော့တာလိုမျိုး ဆီးသွားရခက်ခဲတဲ့ ပြဿနာတွေက ဆီးကျိတ်ကြီးနေတာကြောင့်ပါ။ ကင်ဆာရောဂါနဲ့ မသက်ဆိုင်ပါဘူး။ ဆီးတစက်စက်စီကျတာ၊ ဆီးကျန်နေတာ၊ မကြာခဏဆီးသွားတာနဲ့ ဆီးထဲမှာ သွေးပါတာတွေကလည်း ဆီးကျိတ်ကြီးနေတဲ့ လက္ခဏာပါပဲ။
♦ နောက်ဆုံးအဆင့်ရောက်နေတဲ့ ဆီးကျိတ်ကင်ဆာရောဂါရှင်တွေမှာလည်း အထက်ဖော်ပြပါဆီးကျိတ်ကြီးနေတဲ့လက္ခဏာတွေကို တွေ့ရှိရတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာရောဂါရှိမှန်းကို စောစီးစွာ တွေ့ရှိနိုင်ဖို့အတွက် ဆရာဝန်တွေက သွေးစစ်တာနဲ့ စအိုကတစ်ဆင့် စစ်ဆေးတာတွေကို ပြုလုပ်ပေးရပါတယ်။
♦ ဆီးသွားစဉ်နာကျင်တာက လိင်မှတစ်ဆင့်ကူးစက်ရောဂါ (ဂနိုနဲ့ ကလိုင်မယ်ဒီးယား)နဲ့ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်တာကြောင့်ပါ။

#သုက်လွှတ်ရခက်ခဲခြင်း
♦ များသောအားဖြင့် အောက်ပါအကြောင်းအရာတွေကြောင့် ပန်းသေပန်းညှိုးဖြစ်တာကြောင့်ပါ။

#ဆီးချိုရောဂါ ► ဆီးချိုရောဂါရှိသူတွေက သာမန်လူတွေထက် ၁၀-၁၅ နှစ်လောက်စောပြီး ပန်းသေပန်းညှိုးနိုင်ပါတယ်။

#နှလုံးရောဂါရှိခြင်း ► နှလုံးရောဂါရှိတဲ့ အမျိုးသားတွေက ပန်းညှိုးနိုင်ခြေက နှလုံးရောဂါမရှိသူတွေထက် ၁၀ နှစ်အတွင်း ၆၅ % ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။ ဦးနှောက် ဒါမှမဟုတ် နှလုံးသွေးကြောတွေ မကျဉ်းမြောင်းခင်ကတည်းက ရွှေပန်းက သွေးကြောတွေက ဦးစွာသေးငယ်ကျဉ်းမြောင်းသွားတာကြောင့်လို့ ဆိုပါတယ်။

#သွေးတိုးခြင်း ► သွေးတိုးရောဂါရှိတဲ့ အမျိုးသားတွေက ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမိုများပြားပါတယ်။ သွေးတိုးကျဆေးတွေကြောင့်လည်း ပန်းညှိုးနိုင်ပါတယ်။

#အရက်သောက်ခြင်း ► အရက်က စိတ်ကျရောဂါ ဖြစ်စေကာ ဒီအချက်ကြောင့်ပဲ ပန်းညှိုးနိုင်ပါတယ်။ တစ်နေ့ကို အရက် နှစ်ယူနစ်သောက်တာနဲ့တင် ပန်းညှိုးနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

#အာရုံကြောပျက်စီးခြင်း ► ပန်းထောင်မတ်နိုင်ဖို့ အာရုံကြောကျန်းမာရေးကောင်းဖို့ လိုအပ်ပါတယ်။

#အဝလွန်ခြင်း ► အဝလွန်တာက ဆီးချိုရောဂါလိုမျိုး ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိပြီး ဒါတွေကြောင့် ပန်းညှိုးနိုင်ပါတယ်။

#သွေးတွင်းကိုလက်စထရောများလွန်းခြင်း ► ကိုလက်စထရောများတာကြောင့် သွေးကြောပျက်စီးနိုင်ကာ ပန်းညှိုးနိုင်ပါတယ်။

#ဆေးလိပ်သောက်ခြင်း ► ဆေးလိပ်သောက်တာကြောင့် နှလုံးရောဂါ၊ လေဖြတ်တာ၊ သွေးကြောကျဉ်းတာ၊ ကိုလက်စထရောများတာတွေဖြစ်လာပြီး ဒါတွေအားလုံးက ပန်းညှိုးတာ ဖြစ်စေနိုင်ပါ တယ်။

#စိတ်ဖိစီးမှုများခြင်း ► စိတ်ဖိစီးမှုများတဲ့အခါမှာ ကိုယ်တွင်းက ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် ပန်းညှိုးနိုင်ပါတယ်။

#စိတ်ကျန်းမာရေးချို့တဲ့ခြင်း ► စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာ၊ လိင်ကိစ်္စမဆောင်ရွက်နိုင်မှာကိုကြောက် ရွံ့နေတာ၊ မိမိကိုယ်မိမိ ယုံကြည်စိတ်နည်းပါးတာတွေကြောင့် ပန်းညှိုးနိုင်ပါတယ်။

#အိပ်စက်မှုပြဿနာရှိခြင်း ► အိပ်ရေးမဝတာကြောင့် စွမ်းအင် မပြည့်ဝတာရယ်၊ အာရုံစူးစိုက်နိုင်မှု လျော့နည်းတာရယ်ကြောင့် ပန်းညှိုးနိုင်ပါတယ်။

#မူးယစ်ဆေးဝါးအသုံးပြုခြင်း ► ဒီဆေးဝါးတွေကြောင့် ပန်းညှိုးနိုင်ပါတယ်။

#တက်စတိုစတီရုန်းဟော်မုန်းလျော့နည်းခြင်း ► ဒီဟော်မုန်းက လိင်စိတ်ကို နိုးကြွနိုင်ပြီး ပန်းထောင်မတ်စေနိုင်ပါတယ်။

(၂) ရွှေပန်း၏ ပြင်ပအသွင်အပြင်ကိုကြည့်ရှုပြီး သိရှိနိုင်သော ကျန်းမာရေးအခြေအနေ

♦ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါအနည်းငယ်ကို ရွှေပန်းရဲ့ မျက်နှာပြင် ပေါ်မှာတွေ့မြင်ရနိုင်ပါတယ်။ များသောအားဖြင့် မျက်စိနဲ့ကြည့်လို့ မမြင်နိုင်ပါဘူး။

#ရွှေပန်းမှာအဖုငယ်သေးသေးလေးတွေရှိနေတာက ဝက်ခြံပေါက်တာပါ။

#အရည်ကြည်ဖုတွေကိုလိင်တံပေါ်မှာမြင်နေရရင် လိင်အင်္ဂါရေယုန်ပါ။ တစ်ဖုနှစ်ဖုကနေ အဖုအများကြီးရှိနိုင်ပါတယ်။

#သေးငယ်ပြီးအပေါ်ကိုမြင့်တက်နေတဲ့ဂေါ်ဖီပန်းပွင့်ပုံစံအနာတွေရှိနေတာက လိင်အင်္ဂါကြွက်နို့ပါ။ Human Papilloma Virus ကြောင့် ဖြစ်တာပါ။ အနာတစ်ခုကနေ အစုလိုက်အထိ ရှိနိုင်ပါတယ်။

#ရွှေပန်းမှာရှန်ကာလို့ခေါ်တဲ့နာကျင်မှုမရှိတဲ့အနီရောင်အနာရှိနေရင်တော့ ကာလသားရောဂါပါ။

#ရွှေပန်းထိပ်ဖူးမှာနာကျင်တဲ့အနီရောင်အနာရှိနေရင်တော့ ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ် ဒါမှမဟုတ် မှိုပိုးကူးစက်ခံရတာကြောင့်ပါ။ ဆီးချိုရောဂါ ရှိ မရှိ စစ်ဆေးရပါမယ်။ ဆီးချိုရောဂါရှိသူတွေက ဖြစ်နိုင် ခြေ သုံးဆပိုမိုများပြားတာကြောင့်ပါ။

#ရွှေပန်းရဲ့အရောင်ပြောင်းသွားတာ၊ လိင်တံအရေပြားထူလာတာ ဒါမှမဟုတ် ရွှေပန်းမှာ အနာပေါက်လာတာက ရွှေပန်းကင်ဆာရဲ့ လက္ခဏာပါ။

#ရွှေပန်းကောက်ကွေ့နေတာက Peyronie’s ရောဂါကြောင့်ပါ။ အသက် ၄၀ အရွယ် အမျိုးသား ၂၃ % ခန့်က ဒီရောဂါကို ရရှိနိုင်တယ်လို့ သိရပါတယ်။ အမာရွတ်တစ်သျှူးတွေရှိတာကြောင့် ကောက်ကွေ့သွားတာပါ။ မျိုးရိုးလိုက်တာကြောင့် ဖြစ်နိုင်သလို လိင်ဆက်ဆံမှု ပြုလုပ်တာများလွန်း ဒါမှမဟုတ် နည်းလွန်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရွှေပန်းထိခိုက်ဒဏ်ရာရတာကြောင့်လည်း အမာရွတ်တစ်သျှူးတွေပေါ်ပေါက်လာနိုင်ပါတယ်။ အားကစားသမားတွေမှာဖြစ်တတ်ပါတယ်။ ရွှေပန်းကောက်နေတာ ၃၀ ဒီဂရီကျော်လွန်နေရင်တော့ ဆရာဝန်နဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ရွှေပန်းကောက်တဲ့အမျိုးသားတွေက ကင်ဆာရောဂါ ဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။

(၃) ရွှေပန်းမှ ထုတ်လွှတ်သည့်အရည်က သိရှိနိုင်သော ကျန်းမာရေး အခြေအနေ

#ဆီးအရောင်ပုံမှန်မဟုတ်တာ၊ #သုက်အရည်ပုံမမှန်တာတွေက သင့်မှာ ကျန်းမာရေးပြဿနာရှိနေတာကို ညွှန်ပြနေတာပါ။

♦ ဂနို ဒါမှမဟုတ် ကလယ်မိုင်းဒီးယားရောဂါရဲ့ အဓိကလက္ခဏာက #ရွှေပန်းကပြည်ရည်ထွက်ကျလာတာပါ။ များသောအားဖြင့် မနက်အိပ်ရာထခါစမှာ သိသာနိုင်ပါတယ်။

♦ ကလယ်မိုင်းဒီးယားကြောင့် ထွက်လာတဲ့အရည်တွေက #အဖြူရည်ကျဲကျဲ ဖြစ်တာမို့ ရောဂါရှိသူ အမျိုးသား ၅၀% ခန့်က သတိမထားမိတတ်ကြပါဘူး။

♦ ဂနိုကြောင့် ထွက်လာတဲ့ ပြည်ရည်တွေက ပိုပျစ်ပြီး #အစိမ်း ဒါမှမဟုတ် #အဝါရောင်ပါ။

♦ #ဆီးထဲမှာသွေးပါလာတာက ကင်ဆာအပါအဝင် ကျောက်ကပ် ဒါမှမဟုတ် ဆီးအိမ်ရောဂါကြောင့်ပါ။ ဆီးကျိတ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကြောင့်လည်းဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသပါ။

♦ #ဆီးမှာအနည်တွေပါလာတာက ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာပါ။

♦ #ဆီးအရောင်ရင့်တာက ရေသောက်နည်းတာကြောင့်ပါ။ အစားအသောက်နဲ့ ဆေးဝါးတွေကြောင့်လည်း ဆီးအရောင်ပြောင်းလဲနိုင်ပါတယ်။

#ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal