သင့်ခေါင်းအုံးနှင့် သင့်ကျန်းမာရေး

သင်စားတဲ့အစားအစာ၊ သင့်အိမ်ရဲ့ သန့်ရှင်းတဲ့အနေအထား၊ သင်ဝတ်တဲ့အ၀တ် အစား၊ ဖိနပ်တွေကအစပြုပြီး သင်ရဲ့ ဘ၀နေထိုင်မှုပုံစံတွေဟာ သင့်ကျန်းမာရေးပေါ် မှာ အကျိုးသက်ရောက်မှုများစွာ ရှိတယ်ဆိုတာကိုတော့ သင် သိပြီးသား ဖြစ်ပါလိမ့် မယ်။ ဒါပေမဲ့ သင်အိပ်နေတဲ့ ခေါင်းအုံးက သင့်ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်ပေါ် နိုင်တယ်ဆိုတာကိုတော့ တစ်ခါမှ သင်တွေးမိလိမ့်မယ် မထင်ပါဘူး။ ခေါင်းအုံးကြောင့် ကျန်းမာရေးပြဿနာဖြစ်တယ်ဆိုတာနဲ့ သင်က ညစ်ပတ်နေတဲ့ ခေါင်းအုံးစွပ်ကြောင့် ပြဿနာဖြစ်တယ်လို့ပဲ တန်းမြင်မှာပါ။ ခေါင်းအုံးစွပ်သာမကဘဲ သင်ရဲ့ခေါင်းအုံး ကြောင့်ပါ ကျန်းမာရေးပြဿနာဖြစ်နိုင်တယ်ဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါ တယ်။

သင်ဟာ ဒီခေါင်းအုံးတစ်လုံးတည်းနဲ့ပဲ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အိပ် နေမယ်ဆိုရင် သင်ရဲ့ တံတွေးတွေ၊ သင့်မျက်နှာနဲ့ ခေါင်းပေါ်က အဆီတွေ၊ သင့်အိမ် က ဖုန်တွေနဲ့ တခြားအရာတွေက ခေါင်းအုံးထဲမှာ စုဆောင်းမှုတွေ ဖြစ်လာပါလိမ့် မယ်။ ခေါင်းအုံးထဲမှာ ကျန်ရှိနေတဲ့ ဒီလိုအညစ်အကြေးတွေကြောင့် သင့်ကျန်းမာရေး ပြဿနာတွေ ဆိုးရွားလာနိုင်ပါတယ်။ ဥပမာအားဖြင့် သင့်မှာ ရင်ကျပ်ပန်းနာရှိရင် ထိပ်ကပ်နာရှိနေရင် ဒါမှမဟုတ် ဓာတ်မတည့်မှုပြဿနာရှိနေရင် သင့်အနေနဲ့ မကြာ ခဏ နှာချေတာ၊ နှာရည်ယိုတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ခေါင်းအုံးထဲမှာ မှိုပိုးတွေကလည်း အနေများတတ်ပါတယ်။ မှိုပိုးတွေကြောင့် အဆုတ်ရောဂါမရှိသူတွေမှာတောင် ဓာတ်မတည့်မှုဖြစ်စဉ်တွေ ဖြစ်ပေါ်တာ အဆုတ် အတွင်း ရောဂါပိုးဝင်ရောက်တာတွေပါဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းအုံးတစ်လုံး တည်းကို ထပ်ခါတလဲလဲ သုံးတာကြောင့် မှိုပိုးပေါက်ဖွားမှုတွေ ပိုမိုများပြားလာပြီး ချောင်းဆိုးတာ၊ နှာစေးနှာပိတ်တာ၊ မျက်ရည်ယိုတာနဲ့ အရေပြားခြောက်သွေ့တာလို မျိုး ဓာတ်မတည့်မှုပြဿနာတွေ များစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါ့အပြင် ခေါင်းအုံးပေါ်မှာ ဖုန်ပိုးတွေလည်း စုဆောင်းနေတတ်ပါတယ်။ ဖုန်ပိုး တွေက ခေါင်းအုံးတစ်လုံးရဲ့ သုံးပုံတစ်ပုံစာလောက်ကို နေရာယူထားနိုင်တဲ့အတွက် သင်ရဲ့ ဓာတ်မတည့်မှုပြဿနာတွေ ပိုဆိုးလာပြီး အိပ်စက်မှုကို အနှောင့်အယှက်ပေး နိုင်ပါတယ်။
ဒါတွေတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ ခေါင်းကို ပြုလုပ်တဲ့ ပစ္စည်း တွေကလည်း အဆိပ်အတောက် ဓာတုတွေ ပါဝင်နိုင်ပါတယ်။ သင့်အနေနဲ့ မှို့စစ်စစ်၊ ဒါမှမဟုတ် ငှက်မွေးလိုမျိုး အော်ဂဲနစ်ပစ်္စည်းနဲ့ ပြုလုပ်ထားတဲ့ ခေါင်းအုံးကို အသုံးပြု ထားရင်တောင်မှ အဲဒီခေါင်းအုံးတွေဟာ အဆင့်ဆင့် ဓာတ်ပြုခံပြီးမှ အသုံးပြုထား တာ ဖြစ်နိုင်တဲ့အတွက် အန္တရာယ်မကင်းပါဘူး။
ဒါကြောင့် သင့်အနေနဲ့ ခေါင်းအုံးကြောင့် ကျန်းမာရေးပြဿနာမဖြစ်အောင် အောက်ပါတို့ကို ပြုလုပ်သင့်ပါတယ်။
♦ ခေါင်းအုံးအတွင်း လေ၀င်လေထွက်ကောင်းအောင်နဲ့ နေရောင်ခြည်ရအောင် ခေါင်းအုံးကို နေ့တိုင်း နေပူလှန်းပါ။ ဒီလိုပြုလုပ်တာကြောင့် ခေါင်းအုံးအတွင်းမှာ ရှိ တဲ့ ပိုးမွှားတွေ သေသွားနိုင်ပါတယ်။
♦ သင့်ခေါင်းအုံးစွပ်ကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် လျှော်ပေးပါ။
♦ သင်ရဲ့ခေါင်းအုံးကို လျှော်ဖွပ်လို့ရရင် တစ်လ တစ်ခါ လျှော်ပါ။ လျှော်ဖွပ်လို့ မရတဲ့ ခေါင်းအုံးဖြစ်နေရင် ၆-၁၂ လအတွင်း ခေါင်းအုံးလဲပါ။
♦ သင့်ခေါင်းအုံးက အမြဲတမ်းခြောက်သွေ့နေရပါမယ်။ ဒါမှမဟုတ် မှိုပိုးတွေ မ၀င် ရောက်အောင် ကာကွယ်နိုင်မှာပါ။
♦ သင့်အိပ်ခန်းကို သန့်သန့်ရှင်းရှင်းထားပါ။ ဖုန်တွေ မရှိပါမှ သင့်ခေါင်းအုံးအတွင်း ဖုန်ပိုးတွေ မ၀င်ရောက်နိုင်မှာပါ။
♦ သင့်မှာ ဓာတ်မတည့်မှုပြဿနာရှိနေရင် ဓာတုပစ္စည်းမပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ပါ။ (ဥပမာအားဖြင့် မှို့ ဒါမှမဟုတ် ငှက်မွေး၊ ဘဲမွေးနဲ့ ပြုလုပ်ထားတဲ့ ခေါင်းအုံး)
အိပ်စက်တာက ခန္ဓာကိုယ်က အနားရပြီး ခန္ဓာကိုယ်အတွင်း ပျက်စီးနေတဲ့ ဆဲလ် တွေအားလုံးကို ပြန်လည်ပြုပြင်ပေးတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် အိပ်တာနဲ့ ပတ်သက်ပြီး ဘာအကြောင်းကြောင်းမှ အနှောင့်အယှက်မဖြစ်အောင် သင်အိပ်စက်နေ တဲ့ ခေါင်းအုံးကို ယခုကနေစပြီး ဂရုစိုက်လိုက်ပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *