သင့်မွေးလနှင့် သင့်ကျန်းမာရေး

သင့်မွေးလနဲ့ ကျန်းမာရေးဆက်စပ်မှုရှိတယ်ဆိုတာကို သင်သိပါရဲ့လား။ ကိုလံ ဘီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ၁၉၈၅-၂၀၁၃ ခုနှစ်အတွင်း နယူးယောက် ဆေးရုံကို တက်ရောက်ခဲ့တဲ့ လူနာပေါင်း တစ်သောင်းခွဲကျော်ကို လေ့လာအပြီးမှာ မွေးလနဲ့ ကျန်းမာရေးပြဿနာအမျိုးပေါင်း ၅၀ ကျော် ဆက်စပ်မှုရှိတယ်ဆိုတာကို အမေရိ ကန်ဆေးပညာဆိုင်ရာ အချက်အလက်စုဆောင်းရေးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ရောဂါပေါင်း ၁၆၈၈ မျိုးကို လေ့လာခဲ့ပြီး အဲဒီထဲက ရောဂါပေါင်း ၃၉ မျိုးက လူနာရဲ့ မွေးလနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတယ်ဆိုတာကို တွေ့ရှိခဲ့တဲ့အပြင် နောက်ထပ်ရောဂါ ၁၆ မျိုးနဲ့ နှလုံးရောဂါ ကိုးမျိုးကိုပါ မွေးလနဲ့ ဆက်စပ်နေတာကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ ကျန်းမာရေးအခြေအနေကလည်း အဲဒီကလေးမှာ ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးပြဿနာကို ညွှန်ပြနိုင်တယ်လို့ သိရ ပါတယ်။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးရရှိတဲ့မိခင်ကနေ မွေးလာတဲ့ သားသမီးတွေဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ဖို့ အခွင့်အရေးပိုများပါတယ်တဲ့။ သင့်အနေနဲ့ ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေနည်းတဲ့ မွေးလတွေမှာ မွေးခဲ့ရင် ဘာမှ စိုးရိမ်စရာမရှိပေမဲ့ ကျန်းမာရေးဖြစ်နိုင်ခြေများတဲ့ မွေးလမှာ မွေးခဲ့ရင်တော့ သတိ ထားဖို့ လိုအပ်တာမို့ မွေးလအလိုက် ကျန်းမာရေးပြဿနာဖြစ်နိုင်ခြေကို ဖော်ပြပေး လိုက်ပါတယ်။

ဇန်န၀ါရီလမွေးဖွားသူများအတွက်
များသောအားဖြင့် နှလုံးရောဂါနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေများပါတယ်။

ဖေဖော်ဝါရီလမွေးဖွားသူများအတွက်
အဆုတ်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။ အစာနင်တတ်ပါတယ်။

မတ်လမွေးဖွားသူများအတွက်
နှလုံးရောဂါ၊ နှလုံးခုန်နှုန်းမမှန်တာ၊ သွေးလှည့်ပတ်မှုမမှန်တာတွေ ဖြစ်နိုင်ပါ တယ်။

ဧပြီလမွေးဖွားသူများအတွက်
နှလုံးရောဂါနဲ့ ရင်ဘတ်အောင့်ဝေဒနာတွေ ဖြစ်နိုင်ခြေများပါတယ်။

မေလမွေးဖွားသူများအတွက်
အပယိကဝေဒနာတွေကို ခံစားရလွယ်ပါတယ်။

ဇွန်လမွေးဖွားသူများအတွက်
ရင်ကျပ်ရောဂါနဲ့ ရင်ဘတ်အောင့်ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

ဇူလိုင်လမွေးဖွားသူများအတွက်
ကျန်းမာရေးကောင်းမွန်ပြီး ရောဂါကင်းမယ့်သူတွေဖြစ်ပါတယ်။

သြဂုတ်လမွေးဖွားသူများအတွက်
မျက်စိစွံတာ၊ မျက်စိနာတာတွေ ဖြစ်နိုင်ခြေများပါတယ်။

စက်တင်ဘာလမွေးဖွားသူများအတွက်
ရောဂါအထူဆုံးမွေးလပိုင်ရှင်တွေပါ။ အဆုတ်အတွင်း ရောဂါပိုးဝင်တာ၊ အဖျားရှိ တာ၊ နားပိုးဝင်တာ၊ ပျို့အန်တာ၊ ရင်ကျပ်တာ၊ စိတ်ကျန်းမာရေးပြဿနာဖြစ်တာ၊ ကိုယ်ဝန်ဆောင်ကာလမှာ ဆိုးကျိုးရှိတာ၊ ကလေးမွေးဖွားရာမှာ ခက်ခဲတာတွေ ဖြစ် တတ်ပါတယ်။

အောက်တိုဘာလမွေးဖွားသူများအတွက်
အဆုတ်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာ၊ ဗိုင်းရပ်စ်ပိုးဝင်တာ၊ ဓမ္မတာအလာများတာ၊ အစာအိမ်ရောဂါ၊ အမြင်အာရုံပြဿနာဖြစ်တာ၊ ကလေးမွေးဖွားရာမှာ မွေးလမ်းကြောင်းစုတ်ပြဲတာ၊ ကလေး မွေးပြီး စိတ်ဓာတ်ကျဝေဒနာတွေဖြစ်နိုင်ခြေများပါတယ်။

နိုဝင်ဘာလမွေးဖွားသူများအတွက်
အူမကြီးရောဂါ၊ ဗိုင်းရပ်စ်ဝင်တာ၊ ကလေးယူဖို့ ခက်ခဲတာ၊ADHD ၊ အကိုက် အခဲပျောက်ဆေးကို စွဲလမ်းတာ၊ လည်ချောင်းနာတာ၊ စာသင်ကြားမှုခက်ခဲတာ၊ ၀မ်း ပျက်ဝမ်းလျှောရောဂါတွေဖြစ်နိုင်ခြေ မြင့်မားပါတယ်။

ဒီဇင်ဘာလမွေးဖွားသူများအတွက်
အညိုအမည်း စွဲလွယ်ပါတယ်။
သင့်အနေနဲ့ မွေးလနဲ့ ကျန်းမာရေးဆက်စပ်မှုကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သင့်ကျန်းမာရေးကောင်းမွန်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာစားတာ၊ လေ့ကျင့် ခန်းပြုလုပ်တာ၊ အိပ်ရေး၀၀အိပ်တာ၊ စိတ်ဖိစီးမှုလျှော့ချတာနဲ့ အကောင်းမြင်စိတ်ရှိတာ လိုမျိုး ဘ၀နေထိုင်မှုပုံစံတွေကို ပြုလုပ်ရပါမယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *