သင့်နှလုံးနှင့်ပတ်သက်ပြီး သိသင့်သော ၂၂ ချက်

သင့်နှလုံးဟာ သင်မွေးဖွားရာမှ စ တင်ပြီး သေဆုံးတဲ့အထိ သင့်ခန္ဓာကိုယ် ပေါ်မှာ သစ်္စာရှိရှိနဲ့ သွေးတွေ ညှစ်ထုတ် ပေးနေပါတယ်။ သူဟာ ၂၄ နာရီပတ်လုံး မရပ်မနား အလုပ်လုပ်နေရတဲ့ ကိုယ် တွင်းအင်္ဂါတစ်ခုဖြစ်တဲ့အတွက် သူ့ကို ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ အောက် ပါတို့ဟာ နှလုံးနဲ့ပတ်သက်ပြီး သင်သိထား သင့်တဲ့ အချက်တွေပါ။
၁။ သင်ပညာများများတတ်လေလေ နှလုံးရောဂါဖြစ်ဖို့ အခွင့်အလမ်းနည်း လေလေပါ။
၂။ နှလုံးအဆို့ရှင်ရဲ့ပုံမှန်အရွယ်အစား ဟာ ဒေါ်လာတစ်ဝက် (50 Cent) အရွယ်ရှိပါတယ်။
၃။ ပထမဆုံး နှလုံးစက်ထည့်ထားသူ က နံရံပေါ်က ပလပ်ခေါင်းနဲ့ ဆက် သွယ်ထားရပါတယ်။
၎။ အကောင်းမြင်မှုနဲ့ ၀မ်းသာပျော်ရွှင်မှု ခံစားချက်ဟာ နှလုံးရောဂါဖြစ်နိုင် ခြေနည်းအောင် ကူညီနိုင်ပါတယ်။
၅။ နှလုံးတိုက်ခိုက်ခံရတာက ခရစ္စမတ် နေ့မှာ အဖြစ်များဆုံးဖြစ်ပြီး သူ့ နောက်မှာ ဒီဇင်ဘာ ၂၆ ရက်နဲ့ ဇန်န ၀ါရီ ၁ ရက်နေ့က လိုက်လာပါတယ်။
၆။ ပထမဆုံးနှလုံးဆဲလ်ဟာ သန္ဓေသား လေးပတ်အရွယ်မှစတင်ပြီး ခုန်ပါ တယ်။
၇။ အပြာရောင် ဝေလငါးမှာ ရှိတဲ့နှလုံး ဟာ အရွယ်အစားအကြီးဆုံးဖြစ်ပြီး ပေါင်ချိန်အားဖြင့် ပေါင် ၁၅၀၀ ကျော်ပါတယ်။
၈။ နှလုံးကို စမ်းသပ်တဲ့Stethoscope မပေါ်ခင်မှာ ဆရာဝန်တွေက လူနာရဲ့ရင်ဘတ်ကို သူတို့ရဲ့နားနဲ့ တိုက်ရိုက်ကပ်ပြီးတော့ စစ်ဆေးမှု ပြုလုပ်ရပါတယ်။
၉။ သက်တမ်း ၃၀၀၀ ရှိတဲ့ မံမီရုပ်တုမှာ နှလုံးရောဂါဖြစ်ပွားခဲ့ဖူးတာကို တွေ့ ရှိခဲ့ပါတယ်။
၁၀။ သင့်နှလုံးရဲ့အရွယ်အစားဟာ လက် ၀ါးနှစ်ဖက်ကို အတူတွဲပြီး ဆုပ်ကိုင် ထားတဲ့ အရွယ်အစားခန့်ရှိပါတယ်။
၁၁။ နှလုံးဟာ တစ်နေ့ကို အကြိမ်ပေါင်း တစ်သိန်းခန့် ခုန်ပါတယ်။
၁၂။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက နှလုံး ကျန်းမာရေးအတွက် အလွယ်ကူဆုံး နဲ့ အရေးကြီးဆုံး သော့ချက်ဖြစ်ပါ တယ်။
၁၃။ နှလုံးရောဂါက ကျန်းမာရေးအတွက် အဆိုးရွားဆုံးထဲမှာ ပါပါတယ်။ အ မျိုးသမီးတွေမှာ သားမြတ်ကင်ဆာ ထက် အန္တရာယ်ပိုရှိပြီး အမျိုးသား တွေမှာ ဆီးကျိတ်ကင်ဆာထက် အန္တရာယ်ပိုရှိပါတယ်။
၁၄။ နှလုံးခုန်သံက နှလုံးအဆို့ရှင် ဖွင့်တာ နဲ့ ပိတ်တာကြောင့် ဖြစ်ပေါ်လာတာပါ။
၁၅။ နှလုံးဟာ တစ်မိနစ်ကို သွေးပေါင်း ၁ ဒသမ ၅ ဂါလန် ညှစ်ထုတ်ပါတယ်။
၁၆။ နှလုံးဟာ တွဲဖက်ပြီးလုပ်ရတဲ့ စက် တစ်ခုဖြစ်ပါတယ်။ ညာဘက်နှလုံး က အဆုတ်ထဲကို သွေးတွေ ညှစ် ထုတ်နေစဉ်မှာ ဘယ်ဘက်နှလုံးက ခန္ဓာကိုယ်ထဲကို သွေးတွေ ညှစ် ထုတ်ပေးရပါတယ်။
၁၇။ နှလုံးကျန်းမာရေး ကောင်းမွန်အောင် အစားအစာ၊ လေ့ကျင့်ခန်းနဲ့ စိတ်ဖိ စီးမှုကို ထိန်းချုပ်တာတွေနဲ့ စီမံခန့် ခွဲနိုင်ပါတယ်။
၁၈။ နှလုံးကင်ဆာဖြစ်တာက အလွန်ရှား ပါးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ နှလုံးဆဲလ်တွေဟာ ငယ်ရွယ်စဉ်က တည်းက ပွားများမှု ရပ်တန့်သွားတာ ကြောင့်ပါ။
၁၉။ အမျိုးသမီးတွေဟာ ပုံမှန်အားဖြင့် အမျိုးသားတွေထက် နှလုံးခုန်နှုန်း ပိုမြန်ဆန်ပါတယ်။ တစ်မိနစ်ကို ရှစ် ကြိမ်လောက် ပိုမြန်ပါတယ်။
၂၀။ နှလုံးမှာ သူ့ကိုယ်ပိုင် လျှပ်စီးစနစ်ရှိ ပါတယ်။ ခန္ဓာကိုယ်ကနေ သတ် သတ်ဖယ်ထားရင်တောင်မှ သူ့ဘာ သာသူ နှလုံးခုန်နိုင်ပါတယ်။
၂၁။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်း အားလုံးဟာ နှလုံးဆီက သွေးတွေ ရရှိကြပေမဲ့ မျက်ကြည်လွှာကိုတော့ သွေးမရောက်ရှိပါဘူး။
၂၂။ နှလုံးက သွေးတွေဟာ သွေးကြောမိုင် ပေါင်း ၆၀၀၀၀ ကျော်ကတစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို ရောက်ရှိသွားပါ တယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *