သင့်ဒူးခေါင်းပျက်စီးစေနိုင်သည့် အမူအကျင့် ငါးမျိုး

ဒူးခေါင်းကို ဒဏ်ရာရထားဖူးတဲ့အတွက် ဒူးနာဝေဒနာခံစားရနိုင်ပါတယ်။ ဒါကြောင့် သင် နေ့စဉ် လုပ်ဆောင်နေတဲ့လုပ်ငန်းထဲက အမှတ်မထင် ဒူးခေါင်းကို ဒဏ်ရာရစေနိုင်တဲ့အမူအကျင့်ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်အလေးချိန်မြင့်မားခြင်း

သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန် တစ်ပေါင်တိုးလာတိုင်း သင် မတ်တတ်ရပ်စဉ် မှာ သင့်ဒူးအပေါ် ဖိအားသက်ရောက်တဲ့ ပေါင်ချိန် သုံးပေါင် တိုးလာပါတယ်။ အဝလွန် တာကြောင့် အရိုးအဆစ်ရောင်ရောဂါ ဝေဒနာခံစားရကာ ဒူးခေါင်းအတွင်းမှ အရိုးနု တွေပျက်စီးလာပြီး အလွယ်တကူ ဒဏ်ရာရရှိနိုင်ပါတယ်။ ကိုယ်အလေးချိန် ၁၀ ပေါင်ကျော် လျှော့ချလိုက်ရုံနဲ့ အရိုးအဆစ်ရောင်ရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ လေ့လာမှုအရ သိရှိထားပါတယ်။

၂။ လေ့ကျင့်ခန်းလုံလုံလောက်လောက် မလုပ်ခြင်း

ဒူးခေါင်းကျန်းမာရေးနဲ့ပတ်သက်လာရင် လေ့ကျင့်ခန်းလုပ်တာက အသွား နှစ်ဖက်ပါ ဓားသွားလိုမျိုး အကျိုးသက်ရောက်မှုရှိပါတယ်။ ဒူးခေါင်းကျန်းမာဖို့အ တွက် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သလို လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာ ကြောင့်လည်း ဒူးခေါင်းဒဏ်ရာရရှိနိုင်ပါတယ်။ ဒူးခေါင်းအတွက် ဆွဲဆန့်လေ့ကျင့် ခန်းသာ ပြုလုပ်သင့်ပါတယ်။ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်စဉ်လုပ် တာတွေက ဒူးခေါင်းအတွက် ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေပါ။

၃။ ဒေါက်မြင့်ဖိနပ်စီးခြင်း

အလွန်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးတာက ခန္ဓာကိုယ်အတွက် အချိုးအစား လှပနိုင်ပေမယ့် ဒူးခေါင်းအတွက်က ဖိအားပိုမိုသက်ရောက်နိုင်ပါတယ်။ ဒေါက် မြင့်ဖိနပ်တွေ စီးတာဟာ အမျိုးသမီးတွေရဲ့ ခြေထောက်နဲ့ ဒူးခေါင်းမှာ ဒဏ်ရာရ နိုင်ခြေမြင့်မားတဲ့အချက်တစ်ခုပါ။

၄။ အနေအထားမမှန်ကန်ခြင်း

တစ်နေ့တာလုံး ရွေ့လျားမှုပြုလုပ်ရာမှာ သင်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ခြေထောက်နှစ်ဖက်အပေါ် မျှမျှတတကျ ရောက်ဖို့ လိုအပ်ပါတယ်။ ဒူးကွေးတာလို မျိုး မမှန်ကန်တဲ့အနေအထားတွေကြောင့် ဒူးမှာ ဒဏ်ရာရရှိနိုင်ပါတယ်။

၅။ အဆစ်နှင့် ‌ကြွက်သား အသုံးပြုလွန်ခြင်း

ဒူးခေါင်းအပေါ် ဖိအားပေးနိုင်တဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်လုပ်မိရင် ဒူးခေါင်းအတွင်း ပျက်စီးသွားတဲ့အရာတွေကို ပြန်လည်ပြုပြင်ဖို့ အချိန်လုံလုံလောက်လောက်ရမှာမဟုတ်ပါဘူး။ ဒူးခေါင်းမှာ နာကျင်တဲ့ဝေဒနာခံစားရတာနဲ့ တစ်ပြိုင်နက် ချက်ချင်းကုသမှုခံယူဖို့ လိုအပ်ပါတယ်။ RIEC(အနားယူတာ၊ ရေခဲ ကပ်တာ၊ မြှောက်ထားတာနဲ့ ဖိအားပေးတာ)တွေဟာ ရုတ်တရက် ဒါမှမဟုတ် နာတာရှည်ဒူးခေါင်းနာသူတွေအတွက် အသုံးပြုသင့်တဲ့နည်းလမ်းတွေပါ။

#ဒေါက်တာခင်မိုးမိုး
#သင့်ကျန်းမာရေးအတွက်_ရှောင်ရန်အမူအကျင့်များ (စာအုပ်မှ)
#DontsForYourHealth
#GoodHealthJournal

Post Author: Good Health Journal