သင့်အနာဂတ် ရွှေရောင်လိုတောက်ပြောင်နေစေဖို့

၁။ သင်နိုးထတဲ့အခါ
တစ်နေ့တာကို ဖြတ်ကျော်ဖို့ရာ အင်အားအပြည့်နဲ့ နိုးထလာတဲ့အခါ သင်ရဲ့ စိတ်ကို မှိုင်းထိုင်းစေနိုင်တဲ့ ဆူညံ မှုတွေကိုရှောင်ပါ။ သင်ရဲ့ မနက်ခင်း အာရုဏ်ကို မေတ္တာပို့သံ၊ တရားသံတွေနဲ့ သာစတင်ကြည့်ပါ။ ဒီအသံတွေက သင့် ရဲ့စိတ်မှာ မေတ္တာဓာတ်ကို ဦးစွာစီးဆင်း စေပြီး သင့်စိတ်ကို optimistic (အ ကောင်းမြင်စိတ်) ဘက်သို့သာ ပို့ဆောင် ပေးပါလိမ့်မယ်။

၂။ မနက်စာ
သင့်ခန္ဓာကိုယ်မှာ တစ်နေ့တာ သွား လာလှုပ်ရှားနိုင်ဖို့အတွက် လုံလောက်တဲ့ အာဟာရဓာတ် ကြွယ်ဝနေဖို့ လိုအပ်ပါ တယ်။ အရေးအကြီးဆုံးက သင့်ရဲ့မနက် စာကို အချိန်မှန်မှန်နဲ့ ပြည့်ပြည့်၀၀ စားသုံးဖို့ လိုပါတယ်။

၃။ အ၀တ်အစား
လူအများရှေ့မှာ လုပ်ရဲကိုင်ရဲရှိဖို့ ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှုရှိဖို့ အရေးကြီးဆုံးပါ။ ယုံကြည်မှုက သင်ရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ တိုက်ရိုက် သက် ဆိုင်ပါတယ်။ သင်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားကို ရွေးချယ်ဝတ်ဆင်တတ် ပါစေ။ အရောင်လွင်လွင်လေးတွေက စိတ်ကို လန်းဆန်းစေနိုင်ပါတယ်။ Uniform ၀တ်ဆင်နေရသူတွေအတွက် Uniform ကို သပ်ရပ်စွာ ၀တ်ဆင်ထား တာက သင့်လုပ်ငန်းခွင်မှာ ယုံကြည်မှုကို ပိုမို အားကောင်းစေပါတယ်။

၎။ ပြုံးပါ
သင်ပြုံးဖို့မေ့နေရင် ကြိုးစားပြီးမမေ့ အောင်ပြုံးပါ။ သင့်ဆီမှ နှစ်လိုဖွယ်ကောင်း တဲ့ အပြုံးတစ်ပွင့်က မြင်ရသူအဖို့ စိတ် ချမ်းသာစေသလို သင်ကိုယ်တိုင်အတွက် လည်း ကျေနပ်ဖွယ်ရှိစေမှာ အမှန်ပါ။ ပြုံး ရွှင်စွာ ပေါင်းသင်းနေထိုင်တတ်သူတွေ အတွက် ဘ၀အောင်မြင်မှုတွေက အဖော် အပေါင်းတွေပါပဲ။

၅။ လွတ်လပ်စွာနေပါ
သင်ရဲ့စိုးရိမ်လွယ်မှု၊ ထိတ်လန့် လွယ်မှုတွေကို မေ့ထားလိုက်ပါ။ သင့် ကိုယ်သင် လွတ်လပ်စွာ တွေးခေါ် ကြံ စည်ပါ။ ဆောင်ရွက်ပါ။ သင့်ဆောင်ရွက်မှု အပေါ် ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု၊ ကဲ့ရဲ့မှု နဲ့ ဆုံးရှုံးမှုတိုင်းအတွက် အာရုံမစိုက် တတ်တာ အကောင်းဆုံးပါ။ သင်လွတ် လပ်စွာ နေထိုင်နိုင်တာဟာ သင့်ရဲ့ဝါသ နာ သင်စိတ်ဝင်စားရာကို ပိုအာရုံစိုက် နိုင်ပြီး သင့်ဘ၀ကို ပိုတိုးတက်စေမှာပါ။

၆။ စာဖတ်ပါ၊ လေ့လာပါ
မနေ့ကထက် ဒီကနေ့မှာ ပိုသာနေဖို့ စာဖတ်ပါ။ အသစ်အဆန်းတွေကို လေ့ လာပါ။ သိပြီးသားအကြောင်းအရာတွေ မေ့ပျောက်မသွားအောင် အသစ်အဆန်း တွေနဲ့ ဆက်စပ်ပြီး လေ့လာပါ။ တစ်နည်း အားဖြင့် မနေ့ကထက် ဒီကနေ့မှာ ပိုရင့် ကျက်တည်ငြိမ်လာအောင် ကြိုးစားပါ။

၇။ လေ့ကျင့်ခန်းလုပ်ပါ
သင့်ခန္ဓာကိုယ် ကျန်းမာသွက်လက် နေဖို့ လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းရိသင့်ပါ။ လေ့ကျင့်ခန်းမလုပ်တဲ့ ခန္ဓာကိုယ်နဲ့ လေ့ ကျင့်ခန်းလုပ်တဲ့ ခန္ဓာကိုယ်က ဆီနဲ့ရေလို ကွားခြားစေတာအမှန်ပါ။ လေ့ကျင့်ခန်း လုပ်တဲ့ ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှု အားကောင်းပြီး ဦးနှောက် မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။ ဘယ်လုပ်ငန်း ဆောင်တာကိုမဆို လုပ်ဆောင်ဖို့ရာ တက်ကြွနေပါတယ်။ လေ့ကျင့်ခန်းလုပ် တာဟာ ကျန်းမာကျစ်လျစ်ပြီး အချိုးအ စားကျတဲ့ ခန္ဓာကိုယ် အရွယ်အစားကို ပိုင်ဆိုင်စေနိုင်ပါတယ်။

၈။ စားပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက်တွေကို ရွေးချယ်စားသုံးပါ။ သင့်ခန္ဓာကိုယ် ဖွံဖြိုးဖို့အတွက် အာဟာရ ဓာတ် ပြည့်စုံစွာရဖို့ မျှတတဲ့ အစား အသောက်များကို စီမံစားသုံးပါ။ အဆီ အအိမ့်တွေက သင့်ကျန်းမာရေးကို ဆိုးကျိုး ဘက်ကိုသာ တွန်းပို့တတ်တာ မမေ့ပါနဲ့။ ည ၈ နာရီကျော်မှ အစာအလွန်အကျွံ စားသုံးတာက သင့်ကျန်းမာရေးရော သင့်ခန္ဓာကိုယ် အလှအပကိုပါ ထိခိုက်စေ နိုင်ပါတယ်။

◘ ခေတ်သစ်ချို (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *