သင့်ကျန်းမာရေးပြဿနာအလိုက် မှန်ကန်သည့်အိပ်စက်မှုအနေအထား

လူတစ်ယောက်ဟာ ဘ၀တစ်သက် တာအတွက် ၂၅ နှစ်ခန့် ဒါမှမဟုတ် တစ် နေ့တာအတွက် ၇-၉ နာရီခန့် အိပ်စက် ချိန်ရှိပါတယ်။ အိပ်ရေးဝတာက ကျန်းမာ ရေးအတွက် ကောင်းမွန်နိုင်သလို အိပ် စက်တဲ့အနေအထားကလည်း ကျန်းမာ ရေးပေါ်မှာ အထောက်အကူ အများကြီး ဖြစ်စေပါတယ်။ Good Health Journal အမှတ်စဉ် (၇၁၀) မှာ “သင့် ကျန်းမာရေးအတွက် ဘယ်ဘက်ကို စောင်းအိပ်ပါ”ဆိုတဲ့ ဆောင်းပါးကို ရေး သားဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးဟာ ဘာကျန်းမာရေးပြဿနာမှ မရှိတဲ့ လူအ များစုအတွက် ရေးသားထားတာဖြစ်ပါ တယ်။ အခုတစ်ပတ်မှာ ဖော်ပြမှာကတော့ ကျန်းမာရေးပြဿနာပေါ် မူတည်ပြီး အိပ်စက်သင့်တဲ့အနေအထားပါ။
အောက်ပါတို့ဟာ ခန္ဓာကိုယ်ကျန်း မာရေးအလိုက် အိပ်စက်နိုင်တဲ့အနေအ ထား ကိုးမျိုးပါ။

၁။ ပခုံးနာကျင်သူတို့အတွက်

ပခုံးနာကျင်သူတွေအနေနဲ့ ခြေ ထောက်ကို ကွေးကာ မနာ ကျင်တဲ့ဘက် ကိုစောင်းပြီး အိပ်ရပါမယ်။ ဒါ့အပြင် သင် ရဲ့ ရင်ဘတ်ထဲမှာ ခေါင်းအုံးတစ်လုံး၊ ဒူး ခေါင်းနှစ်ခုကြား ခေါင်းအုံးတစ်လုံး ခံကာ အိပ်သင့်ပါတယ်။

၂။ ခါးနာတတ်သူတို့အတွက်

ခါးနာနေသူတွေဟာ ခန္ဓာကိုယ်ရဲ့ သဘာဝအနေအထားကို လိုက်ပြီး အိပ် ရပါမယ်။ သူတို့အနေနဲ့ ပက်လက်အိပ် တာက အကောင်းဆုံးပါ။ ဒူးခေါင်း အောက်မှာ ခေါင်းအုံး တစ်လုံးခံပြီး အိပ် ရမယ့်အပြင် လိပ်ထားတဲ့ မျက်နှာသုတ် ပ၀ါကိုလည်း ခါးနေရာမှာ ခုကာ အိပ်ဖို့ လိုအပ်ပါတယ်။

၃။ ခေါင်းကိုက်တတ်သူတို့အတွက်

ခေါင်းကိုက်တတ်သူတွေဟာ အိပ် စက်မှုအနေအထားကြောင့် ဝေဒနာပို ဆိုးရွားသွားနိုင်သလို ဝေဒနာသက်သာ သွားနိုင်တာလည်း ရှိပါတယ်။ နေ့စဉ် ခေါင်းကိုက်တတ်သူတွေဟာ အိပ်နေစဉ် မှာ လည်ပင်းလိမ်သွားတာကြောင့် ဖြစ် တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေ က မှတ်ချက်ပေးထားပါတယ်။ ဒီအ ကြောင်းပြချက်ကြောင့် အိပ်နေစဉ် လည် ပင်းမလိမ်အောင် သင့်ခေါင်းကို ခေါင်း အုံးနှစ်ဖက်ညှပ်ပြီး ထိန်းကာ အိပ်ပါ။

၎။ နှာခေါင်းပြဿနာရှိသူတို့အ တွက်

နှာခေါင်းပြဿနာရှိသူတွေအနေနဲ့ ဦးခေါင်းနေရာကို မြှင့်တင်ပြီး အိပ်ပါမှ နှာရည်တွေ ဦးခေါင်းလိုဏ်ခေါင်းအတွင်း ၀င်ရောက်စုဆောင်းမှုမရှိအောင် ကာ ကွယ်နိုင်ပါလိမ့်မယ်။ ဦးခေါင်းလိုဏ် ခေါင်းအတွင်း နှပ်တွေ စုဆောင်းသွားရင် ထိပ်ကပ်နာဖြစ်လာနိုင်ပါတယ်။

၅။ သွေးတိုးရောဂါရှိသူတို့အတွက်

သွေးတိုးရောဂါရှိသူတွေအနေနဲ့ မှောက်လျက်အိပ်တာက သွေးဖိအား သိသိသာသာလျော့ကျနိုင်တယ်လို့ Ehime ဆးတက္ကသိုလ်ဌာနရဲ့ လေ့ လာမှုအရ တွေ့ရှိထားပါတယ်။

၉။ ရင်ပူနာရှိသူတို့အတွက်

ရင်ပူနာရှိသူတွေအနေနဲ့ ဘယ် ဘက်စောင်းအိပ်တာက အကောင်း ဆုံးအနေအထားပါလို့ WebMD ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

၆။ ဓမ္မတာလာစဉ်ကိုက်ခဲတတ်သူ တို့အတွက်

ဒီဝေဒနာခံစားရသူတွေအနေနဲ့ ခါး ရိုးကော့သွားတာကနေ ကာကွယ်နိုင် အောင် ဒူးခေါင်းအောက်မှာ ခေါင်း အုံးခံပြီး အိပ်သင့်တယ်လို့ အမျိုးသမီး ကျန်းမာရေးမဂ္ဂဇင်းမှာ ဖော်ပြထားပါ တယ်။

၇။ ဇက်ကြောတက်တတ်သူတို့အ တွက်

ဇက်ကြောတက်တတ်သူတွေအနေ နဲ့ မျက်နှာသုတ်ပ၀ါကို လိပ်ပြီး လည် ပင်းအောက်မှာ ခုကာ အိပ်သင့်တယ်လို့ နာကျင်မှုဝေဒနာကို အထူးကုသတဲ့ဌာန ရဲ့ အဆိုအရ သိရပါတယ်။

၈။ အစာမကြေတတ်သူတို့အတွက်

အစာမကြေတတ်သူတွေအနေနဲ့ ဘယ်ဘက်စောင်းအိပ်တာက အကောင်း ဆုံးပါ။ ဘာကြောင့်လဲဆိုတော့ အစာ အိမ်က ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတဲ့အတွက် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အား အတိုင်း ဖြစ်သွားတာကြောင့် အစာခြေ ဖို့ ပိုမိုလွယ်ကူသွားနိုင်တဲ့အတွက်ပါ။

◘ ဒေါက်တာခင်မိုးမိုး

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *