သင့်ကျန်းမာရေးအတွက် နေ့စဉ် ၁၅ မိနစ်လောက် အချိန်မပေးနိုင်ကြဘူးလား

တစ်နေ့တာလုံးအတွက် သင်ရဲ့ ကိုယ်ပိုင်အချိန် ၂၄ နာရီရှိတဲ့အထဲက လမ်းလျှောက်ဖို့ ၁၅-၃၀ မိနစ်လောက် အချိန်ပေးကြည့်လိုက်ပါ။ သင့်ခန္ဓာကိုယ် ထဲ ဘာတွေ ပြောင်းလဲမှုဖြစ်လာမလဲ ဆို တာ အောက်မှာ ဖတ်ကြည့်လိုက်ရအောင်။

ဦးနှောက်အတွင်း ပြောင်းလဲမှုဖြစ်လာခြင်း

လမ်းလျှောက်တာကြောင့် ဦး နှောက်အတွင်း ဘယ်လိုပြောင်းလဲမှု ဖြစ်ပေါ်လာသလဲဆိုတာကို သုတေသီ တွေက လေ့လာကြည့်ရာမှာ ဦးနှောက်ထဲ က စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဟော် မုန်းတွေ ထွက်ရှိမှုများလာပြီး စိတ်ဖိစီးမှု ဟော်မုန်းတွေ သိသိသာသာလျော့နည်း သွားတာကို တွေ့ရှိခဲ့ပါတယ်။ လမ်း လျှောက်တာလိုမျိုး မပြင်းထန်တဲ့ လေ့ ကျင့်ခန်းတွေက ဦးနှောက်ကျန်းမာရေး ကောင်းမွန်ဖို့ ကူညီနိုင်ပြီး သက်ကြီး အတိတ်မေ့ရောဂါနဲ့ သူငယ်နာဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်ပါတယ်။

နှလုံးသန်မာလာနိုင်ခြင်း

အမေရိကန်နှလုံးအဖွဲ့ရဲ့ အဆိုအ ရ လမ်းလျှောက်တာက ပြေးတာလိုမျိုး ကျန်းမာရေးအတွက် အသုံးဝင်တယ်လို့ သိရပါတယ်။ လမ်းလျှောက်တာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ တွေ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းသွေး လှည့်ပတ်မှု ကောင်းမွန်တာ၊ ကိုလက် စထရောအဆင့်တွေ လျော့နည်းတာနဲ့ သွေးဖိအားအမှတ် တည်ငြိမ်မှုလည်း ရရှိနိုင်ပါတယ်။

အဆုတ်သန်မာကြီးထွားလာနိုင်ခြင်း

လမ်းလျှောက်တာကြောင့် ခန္ဓာ ကိုယ်ထဲ အဆိပ်အတောက်တွေ ဖယ်ရှား ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံး အတွက် အောက်ဆီဂျင်တွေ ပိုမိုရရှိနိုင် တာကြောင့် အဆုတ်သန်မာလာနိုင်ပါ တယ်။ အဆုတ်သန်မာတဲ့အတွက် အ ဆုတ်လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်း မွန်လာပြီး အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ တွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

မုန့်ချိုအိတ်ကျန်းမာရေး ကောင်းမွန်ခြင်း

လေ့လာမှုတစ်ခုအရ လမ်းပဲလျှောက် သူတွေက အပြေးလေ့ကျင့်ခန်းလုပ်သူ တွေထက် သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်အားကို ခြောက်ဆ ပိုမိုကောင်း မွန်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဆီးချိုရောဂါကို ကာကွယ် နိုင်ဖို့အတွက် လမ်းများများ လျှောက်ရမှာ ဖြစ်ပါတယ်။

အမြင်အာရုံကောင်းမွန်လာနိုင်ခြင်း

နေ့စဉ်လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်တာက မျက်စိအတွက် အလွန် အကျိုးရှိပါတယ်။ လမ်းလျှောက်တာ ကြောင့် မျက်စိအတွင်း ဖိအားတွေ လျော့ နည်းသွားနိုင်တဲ့အတွက် ရေတိမ်ရောဂါ ဖြစ်နိုင်ခြေလည်း လျော့နည်းသွားပါတယ်။

အစာခြေစနစ်ကို ကူညီပေးနိုင်ခြင်း

အူထဲက လူ့အကျိုးပြု ဘက်တီးရီး ယားတွေ ညီညွတ်မျှတမှုရှိတာက အူ ကျန်းမာရေးကောင်းမွန်ပြီး အူမကြီးကင် ဆာနဲ့ လေထိုးတာ၊ ၀မ်းချုပ်တာလိုမျိုး ပြဿနာတွေ မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ လမ်းလျှောက် တာကြောင့် လူ့အကျိုးပြုဘက်တီးရီး ယားတွေ ပုံမှန်အနေအထားရရှိနိုင်ပါ တယ်။

ကြွက်သားထုကျစ်လျစ်သန်မာလာနိုင်ခြင်း

ခန္ဓာကိုယ်ထဲက အဆီတွေ လျော့ ကျသွားတဲ့အခါမှာ ကြွက်သားထုတွေက ပိုမိုထင်ရှားလာပြီး ကျစ်လျစ်လာနိုင်ပါ တယ်။ ဒီလိုဖြစ်ဖို့အတွက် နေ့စဉ် ခြေ လှမ်းပေါင်း ၁၀၀၀၀ ခန့် လမ်းလျှောက် ရပါမယ်။ လမ်းလျှောက်ရင်း တောင် ကုန်းတက်တာလိုမျိုးကို မကြာခဏ ပြု လုပ်နိုင်ခဲ့ရင် ခန္ဓာကိုယ်နေရာအနှံ့က ကြွက်သားတွေ ပိုမိုကျစ်လျစ်သန်မာလာ နိုင်ပါတယ်။ ခြေလှမ်းပေါင်း ၁၀၀၀၀ လျှောက်တာက တစ်နေ့တာအတွင်း အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်သ လိုမျိုး အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ လမ်းလျှောက်တာက ခန္ဓာကိုယ်အတွက် ပြုလုပ်ရာမှာ လွယ်ကူတဲ့အပြင် နာကျင်မှု ဝေဒနာလည်း သိပ်မခံစားရတတ်ပါဘူး။

အဆစ်နှင့်အရိုး သန်မာနိုင်ခြင်း

အဆစ်အတွင်း နာကျင်တာ၊ တောင့်တင်းတာတွေက နေ့စဉ် မိနစ် ၃၀ လမ်းလျှောက်ရုံနဲ့ သက်သာသွားနိုင်ပါ တယ်။ အဆစ်သန်မာတာကြောင့် ထိ ခိုက်ဒဏ်ရာမရအောင် ကာကွယ်နိုင်တဲ့ အပြင် အရိုးသိပ်သည်းဆဆုံးရှုံးမှုလည်း လျော့နည်းသွားနိုင်ပါတယ်။

ခါးနောက်ကျောနာကျင်မှုဝေဒနာ သက်သာနိုင်ခြင်း

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ကြောင့် ခါးနောက်ကျော နာကျင်နိုင်ပါ တယ်။ လမ်းလျှောက်တာလိုမျိုး မပြင်း ထန်တဲ့လေ့ကျင့်ခန်းတွေကြောင့် ခါး နောက်ကျောနေရာအတွင်း သွေးလှည့် ပတ်မှုကောင်းမွန်စေနိုင်တဲ့အတွက် နောက်ကျောနာကျင်မှုဝေဒနာ သက်သာ သွားနိုင်ပါတယ်။ လမ်းလျှောက်တာကို ဆွဲဆန့်လေ့ကျင့်ခန်းနဲ့ ဟန်ချက် ထိန်းညှိ လေ့ကျင့်ခန်းတွေနဲ့ အတူတူတွဲလုပ်တာ က ခါးနောက်ကျောနာကျင်တဲ့ ဝေဒနာ ပိုမိုသက်သာသွားနိုင်ပါတယ်။

စိတ်ခံစားမှုအခြေအနေ ကောင်းမွန်နိုင်ခြင်း

တခြားသူတွေနဲ့ အတူတူ လမ်း လျှောက် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် စိတ်ခံစားမှုကောင်းမွန်လာနိုင်ပြီး စိတ်ဖိ စီးမှုနဲ့ စိုးရိမ်စိတ်လျော့နည်းသွားနိုင်ပါ တယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *