သင့်ကျားသဘာဝကို ကာကွယ်ပါ

အမျိုးသားတို့ရဲ့ မျိုးပွားအင်္ဂါဟာ အန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့မျိုးပွားအင်္ဂါနဲ့ သက်ဆိုင်ရာရောဂါတွေနဲ့ ပတ်သက်လို့ ဆေးဝါးကုသလိုစိတ် လွယ်လွယ်ကူကူရှိနေတတ်ပေမယ့် အမျိုးသားတွေအတွက်ကတော့ အူကျွံရောဂါ (Hernia) ဖြစ်မဖြစ် ဆေး စစ်တဲ့ကိစ္စကလွဲလို့ သူတို့ရဲ့ကျန်းမာရေး နဲ့ပတ်သက်လို့ ဆေးရုံ၊ ဆေးခန်းကို လာ ပြခဲပါတယ်။ အဲဒီအတွက် အကျိုးဆက် ကတော့ အမျိုးသားတွေ မျိုးပွားအင်္ဂါဆိုင် ရာရောဂါတွေဖြစ်လာတဲ့အခါ ဘာလုပ်ရ မှန်းမသိ ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါ ဟာ လုံးဝမကောင်းပါဘူး။ ဘာလို့လဲ ဆိုရင် အမျိုးသားတို့ရဲ့ မျိုးပွားအင်္ဂါတွေ နဲ့ပတ်သက်ပြီး ကင်ဆာရောဂါအပါ အဝင် ကျန်းမာရေးပြဿနာပေါင်းစုံ ဖြစ်နိုင်တဲ့အတွက် သင်ဟာ အမျိုးသား တစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရင် နေမကောင်းဖြစ်နိုင်တယ်။ မြုံသွားနိုင်တယ်။ သေတဲ့အထိ ဖြစ်နိုင်ပါ တယ်။ ဆောင်းပါးမှာပါတဲ့ပြဿနာ ၉ ချက်ကို အသုံးပြုပြီး ပြဿနာဖြေရှင်းလို့ ရပါတယ်။

၁) သင်ရဲ့ ကပ်ပယ်အိတ်ဟာ အရမ်းနာကျင်နေပါတယ်။
♦ အကြောင်းရင်း
အဲဒီနေရာကို သင့်အနေနဲ့ အကန် ခံထိထားတာမဟုတ်ခဲ့ရင် သင်ရဲ့ ဝှေးစေ့တစ်လုံးဟာ Spermatic Cord လို့ခေါ်တဲ့ သုက်ရည်ပို့ပြွန်နေရာမှာ ထိခိုက်မိနေ လို့ ဖြစ်တတ်ပါတယ်။

မီနီဆိုတားတက္ကသိုလ်ဆေးကုဌာနမှ ဆီးနဲ့ကျောက်ကပ်ခွဲစိတ်ဆရာဝန် Tony Malchlocef,M.D.,Ph.D က “အဲဒါဟာ ကြိုးတစ်ချောင်းပေါ်မှာ ဘော လုံးတစ်လုံးကို တွဲလောင်းချိတ်ထားတဲ့ အနေအထားမျိုးပါပဲ။ ကြိုးကလည်ပြီး တွဲလေလေ ဘောလုံးက အပေါ်တက် လေလေပါပဲ”လို့ ပြောပါတယ်။

အဲဒီလိုဖြစ်တာကို ဝှေးစေ့လိမ်နေခြင်း (Testicular Torsion) လို့ခေါ်ပြီး စူးရှတဲ့နာကျင်မှုကို ရုတ်တရက် ဖြစ်စေနိုင်ပါတယ်။

♦ ကုသခြင်း
အရေးပေါ်ဆေးကုဌာနကို အမြန်ဆုံးသွားပါ။ ဖြစ်ဖြစ်ချင်း ၄ နာရီအတွင်းမှာ မကုသနိုင်ရင် သင့်အနေနဲ့ ဝှေးစေ့တစ်လုံး ဆုံးရှုံးသွားနိုင်ပါတယ်။ အရေးပေါ်ဌာနမှ ဆရာဝန်တွေက အာထရာဆောင်းကို သုံးပြီး သင်ရဲ့ဝှေးစေ့ဟာ တကယ်လိမ်နေခြင်း ရှိမရှိကို စစ်ဆေးမှာ ဖြစ်တယ်။ လိမ်နေပြီဆိုရင်တော့ သက် ဆိုင်ရာ ခွဲစိတ်ဆရာဝန်ကို ခေါ်ပြီး ရှုပ်နေတာတွေရှင်းပေးကာ သင်ရဲ့ဝှေးစေ့နှစ်လုံးကို နောက်ထပ်လိမ်တဲ့ကိစ္စမျိုးမဖြစ်အောင်ချုပ်ပေးမှာဖြစ်တယ်။

၂) သင်ရဲ့ ကပ်ပယ်အိတ်ဟာ နည်းနည်းပဲ နာကျင်နေပါတယ်။

♦ အကြောင်းရင်း
သင်ရဲ့ ဝှေးစေ့တွေကနေ သုက်ရည်ပို့ပေးတဲ့ပြွန်ချောင်းတွေဟာ ဗက်တီးရီးယားပိုးကြောင့် ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။ အဓိက တရားခံတွေကတော့ ဂနိုရောဂါ (Gonorrhoea)၊ ကလမ်မိုက်ဒီးယားရောဂါ (Clamydia) နဲ့ အသက် ၄၀ ကျော်အမျိုးသားတွေမှာတော့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါ (UTI) တို့ဖြစ်ပါတယ်။ ပြွန်ရောင်တာမဟုတ်ရင် ဝှေးစေ့တွေ ရောင်ရမ်းတာလည်း ဖြစ်နိုင်ပါတယ်။

♦ ကုသခြင်း
မကုသရင် အဲဒီပြွန်ချောင်းတွေ အမာရွတ်စွဲပြီး ပြွန်ပိတ်သွားကာ မြုံသွားနိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ သူက သင့်ကို ဗက်တီးရီးယားရောဂါအတွက် ပဋီဇီဝဆေး နှစ်ပတ်စာ အနည်းဆုံး သောက်ခိုင်းလိမ့်မယ်။ သုံးရက်အတွင်းမှာ ရောင်ရမ်းနာကျင်တာ သက်သာလာမှာဖြစ်ပေမယ့် ရောဂါလက္ခဏာအားလုံးပျောက်ဖို့တော့ လနဲ့ချီပြီး အချိန်ယူရလိမ့်မယ်။

၃) သင်ရဲ့ လိင်တံ၊ ဝှေးစေ့တွေ၊ ဗိုက်အောက်ပိုင်းနဲ့ ခြေထောက်တွေမှာ နာကျင်နေပြီး သင်ဆီးသွားရင် ဒါမှမဟုတ် သုက်ရည်ထွက်ချိန်မှာ ပိုပြီး နာကျင်လာတယ်။

♦ အကြောင်းရင်း
ဒါဟာ များသောအားဖြင့် ရောင်ရမ်းနေတဲ့ ပရော့စတိတ် (Prostate Gland) ကြောင့် အဖြစ်များတဲ့ နာတာ ရှည် တင်ပဆုံပိုင်းဆိုင်ရာ ရောဂါစုကြောင့်ပါ။ များသောအားဖြင့် ရောဂါပိုးဝင်ခြင်းကနေ အစပြုတဲ့ရောဂါလက္ခဏာ စုဖြစ်ပြီး ရောဂါပိုးဝင်တာကို ကိုယ်ခန္ဓာက တုံ့ပြန်မှုအပေါ် မူတည်ပြီး ပြဿနာပေါ်လာတာဖြစ်ပါတယ်။

♦ ကုသခြင်း
ရောဂါအစောပိုင်းမှာ အမျိုးသား သုံးပုံမှာနှစ်ပုံက ပဋိဇီဝဆေးသုံးပြီး ပြန် ကောင်းလာတတ်ပါတယ်။ နောက်ပိုင်းမှာ ရောင်ရမ်းခြင်းဆက်ဖြစ်နေသူများအတွက်ကတော့ ရောင်ရမ်းခြင်း သက်သာစေတဲ့ သဘာဝဘိုင်အိုဖလေဗိုနွိုက် (Bioflavonoid) ဆေးပေးပါတယ်။ နာကျင်မှုကို သက်သာစေပြီး ဆီးသွားခြင်းကို ကောင်းစေတဲ့ Flomax ဆေးအပြင် အာရုံကြောတွေနဲ့ ကြွက်သားတွေအ တွက် Muscle Relaxants တွေပါ သုံး လို့ရပါတယ်။ ဆရာဝန်နဲ့တွေ့ဖြစ်အောင် တွေ့သင့်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် သက်သာအောင် စောင့်ရှောက်တဲ့ နည်းတွေလည်း ရှိပါတယ်။ ဥပမာ- ရေ နွေးနဲ့ရေချိုးခြင်း၊ အရက်၊ အစပ်များတဲ့ အစားအစာတွေနဲ့ ကဖင်း (Caffeine) ဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ခြင်း၊ အချိန်ကြာကြာထိုင် ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း စသဖြင့်ပါ။

၄) သင်ရဲ့ကပ်ပယ်အိတ်ထဲမှာ တီကောင်တွေ အများကြီးရောက်နေသလို ဖြစ်နေတယ်။ နောက်ပြီး ဝှေးစေ့တွေကလည်း ပုံမှန်ထက် အောက်ကျနေပါတယ်။

♦ အကြောင်းရင်း
တစ်ခါတလေ သင်ရဲ့ ကပ်ပယ် အိတ်ထဲမှာရှိတဲ့ သွေးပြန်ကြောတွေရဲ့ အဆို့ရှင်တွေ ကောင်းကောင်းမပိတ်တဲ့ အခါ သွေးတွေစုလာပြီး သွေးပြန်ကြော တွေ ဖောင်းကားတတ်ပါတယ်။ အဲဒီလို ဖောင်းကားနေတဲ့ သွေးပြန်ကြော အစုအဝေးကြီးကို Varicocele လို့ ခေါ်ပါ တယ်။ နာကျင်မှုမရှိတတ်ပေမယ့် သွေး ပိုတွေစုနေတဲ့အတွက် ဝှေးစေ့တွေက တော့ ပိုပြီး နွေးနေတတ်ပါတယ်။ ဒီလို အပူချိန်တက်နေခြင်းဟာ ဝှေးစေ့ရဲ့ သုက်ပိုးထုတ်လုပ်မှုကို ထိခိုက်စေပါ တယ်။ ဝှေးစေ့ဟာ သုက်ပိုးထုတ်လုပ်ဖို့ ၉၈ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်ထက် အေးတဲ့အပူချိန်မျိုးရှိရပါမယ်။ အဲဒီလို ပူ လာတဲ့အတွက် ဝှေးစေ့တွေ ကိုယ်ခန္ဓာနဲ့ ဝေးရာအောက်ဘက်ကို ဝေးဝေးရောက် နေပြီး ပုံမှန်ထက် အောက်ကျနေတာ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာတော့ အမျိုးသားတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ Varicocele ဖြစ်ပွားနိုင်ပါတယ်။

♦ ကုသခြင်း
အကယ်၍ သင့်မှာ အောက်ကိုနိမ့် ကျနေတဲ့ ကပ်ပယ်အိတ်ဖြစ်နေပြီဆိုရင် မျိုးပွားမှုဆိုင်ရာမှာ အထူးကျွမ်းကျင်တဲ့ ဆီးနဲ့ကျောက်ကပ်ဆရာဝန်ကို ပြသင့်နေပါပြီ။ ဆရာဝန်က သင်ရဲ့ရှုပ်နေတဲ့ သွေး ပြန်ကြောတွေကို ချည်ပေးခြင်း ဒါမှမဟုတ် ပိတ်ဆို့ခြင်းလုပ်ပေးမှာဖြစ်တယ်။ အဲဒီခွဲစိတ်မှုဟာ ပြင်ပလူနာဌာနမှာ လုပ်လို့ရတဲ့ ခွဲစိတ်မှုအသေးစားပါပဲ။ ခွဲပြီး သုံးပတ်အကြာမှာ သင် လိင်ဆက်ဆံမှု လုပ်လို့ရပြီ။ ၃-၄ လအကြာမှာတော့ သုက်ရည်စစ်ဆေးချက်လုပ်ဖို့ လိုပါလိမ့် မယ်။ မြုံနေတဲ့အမျိုးသားတွေရဲ့ ၆၀ ရာခိုင်နှုန်းမှာ ခွဲစိတ်ပြီးတဲ့အခါ သုက်ရည် အရည်အသွေး မြင့်တက်လာတာကို တွေ့ရပါတယ်။ သင့်အနေနဲ့ ကလေး မလိုချင်ရင်တောင်မှ နာကျင်မှုနဲ့ ဝှေးစေ့ နှစ်ဖက်အရွယ်အစား မညီမျှမှုပျောက်ကင်းအောင် ခွဲစိတ်သင့်ပါတယ်။

၅) သင်ရဲ့သုက်ရည်က အနီရောင်စွန်းနေတယ်။ သုက်ရည်ထွက်ချိန်မှာလည်း ပုံမှန်လိုမထွက်ဘဲ တစက်စက်နဲ့ ကျနေတယ်။

♦ အကြောင်းရင်း
ရောဂါပိုးဝင်ပြီး အနာကျက်သွားတဲ့ အခါမှာ အမာရွတ်တစ်သျှူးတွေဖြစ်လာပြီး သုက်ပို့ပြွန်မှာ ပိတ်ဆို့သွားတဲ့အတွက် ဖြစ်ပါတယ်။ သုက်ရည်အနီရောင်စွန်းတာကတော့ ကနဦးရောဂါပိုးဝင်ခြင်းက နေ ထွက်လာတဲ့သွေးပဲဖြစ်ပါတယ်။ သင်ရဲ့ သုက်ရည်ထွက်တဲ့ပမာဏကလည်း ပျမ်းမျှစားပွဲတင်ဇွန်းတစ်ဝက်စာထက် နည်းနေတတ်ပြီး ပုံမှန်လိုမထွက်ဘဲ နည်းနည်းချင်းစီပဲ တစက်စက် ကျနေတတ်ပါတယ်။

♦ ကုသခြင်း
သုက်ရည် တစက်စက် ထွက်တာက သင်ရဲ့စွမ်းဆောင်ရည်ကို မထိခိုက်စေပေမယ့် အတော်လေးတော့ ကသိကအောက်ဖြစ်နိုင်ပါတယ်။ ကံကောင်းတာက ခွဲစိတ်လို့ရပြီး ခွဲစိတ်မှုကို “Transurethral resection of the ejaculatory ducts” လို့ ခေါ်ပါတယ်။ အမာရွတ် Tissue တွေကို ခြစ်ထုတ်လိုက်ပြီး လမ်းရှင်းပေးတဲ့ ခွဲစိတ်မှုပါ။ ခွဲ ပြီး ၇-၁၀ ရက်အကြာမှာ သင် လိင် ဆက်ဆံမှုပြုလို့ရပါပြီ။

၆) သင် အသက် ၂၅ နှစ်ရှိပြီး ကျန်းကျန်း မာမာပါပဲ။ ဒါပေမဲ့ လိင်တံတောင့်တင်းခြင်း (Erection) လုပ်လို့မရပါဘူး
♦ အကြောင်းရင်
အမေရိကန် ဆီးနဲ့ကျောက်ကပ် ဆေးပညာအဖွဲ့ရဲ့ ခန့်မှန်းချက်အရ လိင် တံတောင့်တင်းနိုင်ခြင်းမရှိတဲ့ (Erectile Dysfunction) ဝေဒနာရှင်ရဲ့ ၂၅ ရာ ခိုင်နှုန်းဟာ စိတ်ရောဂါအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ အရက်အများကြီး သောက်ပြီး လိင်ဆက်ဆံဖို့ကြိုးစားကာ အလုပ်မဖြစ်တာမျိုးပေါ့။ နောက်ပိုင်း အရက်မသောက်ဘဲ ဆက်ဆံဖို့ ကြိုးစားတဲ့အခါတွေမှာတော့ အဲဒီသူဟာ ပထမတစ်ခေါက် သူအဆင်မပြေခဲ့တာကို မှတ်မိနေပြီး သူ့ကိုယ်သူ တစ်ခုခု ချို့ယွင်းနေတယ်လို့ အတွေးခေါင်ကာ လိင်ဆက်ဆံလို့မရတာမျိုးဖြစ်နိုင်ပါတယ်။

♦ ကုသခြင်း
ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖယ်ထုတ်နိုင်ပြီးတဲ့နောက်မှာတော့ သင်ရဲ့အဖော်ကို မနက်စာစားပြီးတဲ့အခါမှာ ထပ်ပြီးစည်းရုံးကြည့်ပါ။ သင်ရဲ့ ကျား ဟော်မုန်း တက်စတိုစတီရုန်းပမာဏဟာ မနက် ၇ နာရီလောက်မှာ အမြင့်ဆုံးအချိန်မှာ ရှိနေပါတယ်။ ကိစ္စအများစုမှာ တော့ လိုအပ်ရင် ဆေးဝါးအကူအညီယူ လို့ရပါတယ်။ Viagra စတဲ့ ဆေးဝါးတ ချို့သုံးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် နည်းနည်းလောက်ထပ်ရအောင် လုပ်လို့ ရပါတယ်။ ပြောပြီးသမျှ ကြိုးစားလို့ ဘာ မှအရာမထင်ရင်တော့ အရင်းမြစ်စိတ်ရောဂါကို ရှာဖွေဖို့ စိတ်ရောဂါပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၇) သင်ရဲ့ ပေါင်ခြံတစ်ဝိုက်မှာ ယားယံတဲ့ အနီကွက်ကြီးဖြစ်နေတယ်။

♦ အကြောင်းရင်း
သင်ရဲ့ပေါင်တွေမှာ ဖြစ်နေရင်တော့ များသောအားဖြင့် Tinea Cruris အမျိုးအစား Fungus မှိုရောဂါစွဲနေတာ ဖြစ်နိုင်ပါတယ်။ သူက နွေးပြီးစိုထိုင်းတဲ့ ဝန်းကျင်မှာ ပေါက်ဖွားတတ်ပါတယ်။ ဥပမာ – တစ်လမှ တစ်ခါလောက် လျှော်တဲ့ အားကစားဘောင်းဘီလိုမျိုးမှာပေါ့။ အကယ်၍ အနီရောင်တောက်တောက် ဖြစ်ပြီး လိင်တံပေါ်မှာ ဖြစ်နေရင်တော့ အကာအကွယ်မသုံးတဲ့ လိင်ဆက််ဆံ ခြင်းကနေ Yeast ရောဂါပိုးဝင်တာ ဖြစ် နိုင်ပါတယ်။

♦ ကုသခြင်း
ကြိုပြီး ကာကွယ်တာ အကောင်းဆုံးပါပဲ။ စိုထိုင်းနေတဲ့ အားကစားဝတ်စုံ တွေကို သန့်သန့်ရှင်းရှင်းထားပြီး အား ကစားလုပ်ပြီးပြီးချင်း ရေချိုးပါ။ အဝတ် အစား မဝတ်ခင် စိုနေတဲ့နေရာတွေကို သေချာခြောက်အောင်သုတ်ပါ။ ဆေးကုဖို့ကတော့ မှိုလိမ်းဆေးကို မှိုကွက်ကြီး ပျောက်သွားပြီး ၁-၂ ပတ်ကြာတဲ့အထိ ဆက်သုံးပါ။ ဒါမှ နောက်ထပ်ပြန် မဖြစ်မှာပါ။ Yeast Infection အတွက်ကျတော့ Antifungal Cream တစ်ခုခုသုံးပြီး တစ်နေ့နှစ်ကြိမ်နဲ့ တစ်ပတ် လိမ်းပါ။ ရောဂါနှစ်မျိုးစလုံးမှာ ဟိုက်ဒရိုကော်တီ ဇုန်းပါတဲ့ Cream လုံးဝမသုံးပါနဲ့။ သင် ရဲ့ Immune System ကို ကျစေတဲ့အတွက် မှိုစွဲတာ ပိုဆိုးသွားပါလိမ့်မယ်။

၈) သင်ရဲ့လိင်တံပေါ်မှာ ဂေါ်ဖီပန်းပွင့် သဏ္ဌာန်ကြီးနေတဲ့အနာတွေရှိတယ်။ လိင်တံကနေ အရည်ကြည်တွေ ကျဆင်းနေတယ် ဒါမှမဟုတ် လိင်အင်္ဂါပေါ်မှာ နာကျင်တဲ့ အနာလေးတွေ ပေါက်နေတယ် ဒါမှမဟုတ် လိင်တံကနေ အဝါရောင်ပျစ်ပျစ်ရည်တွေ ဆင်းနေတယ်။ ဒါမှမဟုတ် အနီရောင်ရှန်ကာအနာတွေ လိင်အင်္ဂါမှာ ပေါက်နေတယ် ဒါမှမဟုတ် ပေါင်ခြံမှာ ဖောင်းကြွနေတဲ့အကျိတ်တွေ ဖြစ်နေတယ်။

♦ အကြောင်းရင်း
အစဉ်အတိုင်းပြောပြရရင် လိင် အင်္ဂါ HPV (Human pupilloma virus)၊ ကလမ်မိုင်းဒီးယားရောဂါ၊ (Chlamydia)၊ လိင်အင်္ဂါ ရေယုန်ရောဂါ (Gonorrhoea)၊ ဆစ်ဖလစ်ရောဂါ၊ (Syphilis) နဲ့ မိုးလပ်စ်ကမ်ကူးစက်ရော ဂါ (Molluscum) စတဲ့အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေ ကူးစက်တဲ့ရော ဂါတွေ ဖြစ်နေတယ်။ သင် Condom မသုံးဖြစ်ခဲ့တာ သေချာနေပါတယ်။

♦ ကုသခြင်း
U.S FDA က အခု အမျိုးသားတွေအတွက် Genital HPV ကာကွယ် ဆေးဖြစ်တဲ့ Gardasil ရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်နေပါတယ်။ လတ်တလောမှာတော့ ဆေးသုံးခါ ထိုးပြီး ကုသမှုကို ဒေါ်လာ ၃၀၀ ကျော်နဲ့ ရနိုင်ပါတယ်။ ဒုတိယရောဂါဖြစ်တဲ့ Chlamydia နဲ့ ပတ်သက်ပြီး အမေရိ ကန် ရောဂါထိန်းချုပ်ရေးဌာန (CDC) ရဲ့ လေ့လာချက်အရ အသက် ၁၆ နှစ်နဲ့ ၂၄ နှစ်အကြား အမျိုးသားတွေရဲ့ ၈ ဒသ မ ၂ ရာခိုင်နှုန်းဟာ ရောဂါဖြစ်နေပေမယ့် ၂ ဒသမ ၄ ရာခိုင်နှုန်းကပဲ ရောဂါလက္ခ ဏာပြကြတယ်။ နောက်ပြီး နယူးယောက် မြိ့ ကျန်းမာရေးဌာနရဲ့ သုတေသနအရ အဲဒီရောဂါစွဲကပ်လို့ ကုသပြီးတဲ့ အမျိုး သမီး ရှစ်ယောက်အနက် တစ်ယောက် ဟာ တစ်နှစ်အတွင်း ရောဂါပြန်ဖြစ်ပါ တယ်။ ဒါကြောင့် သင်ရဲ့အမျိုးသမီး လိင် ဆက်ဆံဖော်မှာ Chlamydia ရောဂါဖြစ် နေရင် သင်လည်း ရောဂါစစ်ဆေးပြီး ဆေးကုသရမယ်။ ဒါမှ သူ့ကို ရောဂါပြန် မကူးစေမှာပါ။ တတိယအနေနဲ့ ဗိုင်းရပ်စ် ရောဂါဖြစ်တဲ့Molluscum ကတော့ အရမ်းကူးစက်လွယ်ပါတယ်။ အန္တရာယ် မရှိလောက်ဘူးလို့ ပြောလို့ရပေမယ့် သင့် အတွက် အနှောင့်အယှက်ဖြစ်စေပြီး လုံး ဝပျောက်အောင်ကုဖို့ ကုသမှု အကြိမ် များများလိုပါလိမ့်မယ်။

၉) သင်ရဲ့ပေါင်ခြံတစ်ဝိုက်မှာ ဖောင်း ထွက်နေတဲ့အရာတစ်ခု ဖြစ်နေပါတယ်။ သင့်ကိုယ်ခန္ဓာကို ကွေးညွှတ်ရင်၊ ချောင်းဆိုးရင်၊ အလေးအပင်မရင် အဲဒီအရာ က နာကျင်လာတယ်။

♦ အကြောင်းရင်း
အလေးအပင်မဖို့လိုရင် တခြားလူတွေကို အကူအညီ တောင်းသင့်ပါတယ်။ အူကျတဲ့ရောဂါ (Inguinal Hernia) ဟာ သင်ရဲ့ဝမ်းဗိုက်နံရံမှာ မွေးရာပါ အားပျော့နေတဲ့နေရာတစ်ခုကနေ အူရဲ့အစိတ်အပိုင်းတချို့ ကျွံထွက်လာတာဖြစ်ပါတယ်။ ဒီရောဂါက မကြာခဏဆိုသလိုပဲ ဗိုက်ကို ညှစ်နေရတဲ့အခြေအနေတွေ၊ ဥပမာ – ဝမ်းအကြာကြီးချုပ်နေတာမျိုး နဲ့ ဆက်စပ်လေ့ရှိပါတယ်။ ဒါပေမဲ့ သာမန်နှာချေရာလေးကနေလည်း ဒီရောဂါ အစဖြစ်သွားနိုင်ပါတယ်။

♦ ကုသခြင်း
အကယ်၍ ဖောင်းနေတာလေးက သေးငယ်ပြီး သင့်ကို အနှောင့်အယှက်မပေးရင်တော့ ဘာမှလုပ်ဖို့ မလိုလောက်သေးဘူး။ အကယ်၍ ဖောင်းနေတာ ပိုပြီးကြီးလာတဲ့အခါ၊ နာလာတဲ့အခါမျိုးမှာ၊ သင်ရဲ့တင်ပဆုံကို သင်ရဲ့ခေါင်းထက် မြင့်တဲ့နေရာမှာထားပြီး လဲလျောင်းရင် သက်သာသွားပေမယ့် နောက်ဆုံးမှာတော့ ခွဲစိတ်ရမှာပါ။ နည်းတွေကတော့ ကောင်းမွန်တဲ့ Tissue အနားသတ်တွေကို တွဲပြီး ပြန်ချုပ်ပေးတဲ့ Herniorrhaphy၊ ဒါမှမဟုတ် ပိုပြီးခေတ်မီတဲ့ ဝမ်း ဗိုက်ထဲကြည့်မှန်ပြောင်းကိုသုံးပြီး Synthetic Meshနဲ့ ပြန်ချုပ်ပေးတဲ့ Hernioplasty တို့ ဖြစ်ပါတယ်။ (ခွဲစိတ်ဆရာဝန်က သင်ရဲ့ဝမ်းဗိုက်မှာ ဒဏ်ရာပေါက် ဖြစ်နေတဲ့ အနေအထားပေါ်မူတည်ပြီး ဘယ်နည်းလမ်းကိုသုံးမလဲ ရွေးပေးမှာ ပါ)။ သင်ခွဲပြီး မကြာခင်ရက်အနည်းငယ်အတွင်း အလုပ်ပြန်ဆင်းနိုင်မှာပါ။

Dr.LM

Post Author: Good Health Journal