နှလုံးကျန်းမာရေး၊ အရိုးအဆစ်နဲ့ ကြွက်သားကျန်းမာရေးကို စိုးရိမ်တတ်ကြ ပေမယ့် အသည်းကျန်းမာရေးကိုတော့ လျစ်လျူရှုမိတတ်ကြပါတယ်။ အသည်း က ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်မှာ အရေး ကြီးတဲ့ကဏ္ဍကနေ ပါဝင်နေတာကိုတော့ သိစေချင်ပါတယ်။ သင်စားလိုက်တဲ့ အ စားအသောက်တွေ၊ ဆေးတွေအကုန်လုံး ဟာ အသည်းကို ဖြတ်ရပါတယ်။ အ သည်းကိုလည်း ကျန်းမာအောင် ဂရုစိုက် မှ သူ့အလုပ်သူကောင်းကောင်းလုပ်နိုင် မှာဖြစ်ပါတယ်။ အသည်းပျက်စီးပြီဆိုရင် လည်း ပြန်ကောင်းဖို့က မလွယ်တော့ပါ ဘူး။
အသည်းဆိုတာ …
အသည်းက ညာဘက်နံရိုးအောက် မှာရှိပြီးတော့ ဘောလုံးတစ်လုံးအရွယ် လောက်ရှိပါတယ်။ အသည်းက ခန္ဓာကြီး ကောင်းစွာလည်ပတ်ဖို့ ကူညီပေးနေတဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သွေးထဲက အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတု ပစ္စည်းတွေကို သန့်စင်ပေးတာ၊ အဆီ တွေချေဖျက်ဖို့ သည်းခြေရည်ထုတ်ပေး တာ၊ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင် ထုတ်ပေးဖို့ သကြားတွေကို ဂလူးကို့စ်အ ဖြစ်ပြောင်းပြီး အသည်းထဲမှာ သိုလှောင် ပေးတာ စတာတွေ လုပ်ဆောင်ပေးပါတယ်။
အသည်းကိုကာကွယ်ဖို့ …
အသည်းမပျက်စီးဖို့ အလွယ်ကူဆုံး နည်းလမ်းတော့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ နေထိုင်စားသောက်ပုံ ရှိဖို့လိုပါတယ်။
နံံပါတ်တစ်အရေးကြီးဆုံးအချက်က တော့ အရက်အလွန်အကျွံသောက်တာ ကို ရှောင်ပါ။ US u guideline အနေနဲ့ ကတော့ အမျိုးသားတွေဟာ တစ်နေ့ကို အရက်နှစ်ခွက်ထက်ပိုမသောက်သင့်ဘဲ အမျိုးသမီးတွေဟာ တစ်နေ့ကို အရက် တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။
ဒုတိယတစ်ချက်က လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားမယ်ဆိုရင် အသည်း အဆီဖုံးရောဂါ Nonalcoholic Fatty Liver Disease (NAFLD) မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ နောက်ပြီး Painkiller ဆေးဖြစ်တဲ့ (ပါရာစီတမော) ဆေးကို အများအပြား သုံးစွဲရင်လည်း အသည်း ကို ပျက်စီးစေပါတယ်။
Viral Hepatitis ရောဂါဖြစ်တဲ့ အ သည်းရောင်အသားဝါ အေကဗိုင်းရပ်ပိုး ပါဝင်နေတဲ့ အစားအသောက် စားမိရင် ဖြစ်တတ်ပြီး ဒီအတွက် vaccine တွေ ရှိပါတယ်။ အသည်းရောင်အသားဝါ ဘီ ပိုးနဲ့ စီပိုးကတော့ သွေးကတစ်ဆင့် ကူး စက်တတ်ပါတယ်။ သွားပွတ်တံ၊ Razorn၊ အပ်တွေ အတူသုံးစွဲတာကို ရှောင်ပါ။ ဘီ ပိုးအတွက် vaccine ရှိပေမယ့် စီပိုး အတွက်တော့ မရှိသေးပါဘူး။
ပိုးသတ်ဆေးရည်၊ လေသန့်ဆေး ရည်၊ ကြေးချွတ်သန့်စင်ဆေးရည်တချို့ ကလည်း အသည်းကို ထိခိုက်စေပါတယ်။
တိုက်ရိုက်ထိတွေ့၊ ရှူရှိုက်မိတာမျိုး မ ဖြစ်အောင်ရှောင်ပါ။ နောက်ပြီး ဆေးလိပ် မသောက်ပါနဲ့။ Liver Detox ဆိုတဲ့ အ သည်းသန့်စင်စေတဲ့ စားစရာတွေလည်း ရှိပါတယ်။ Detox နည်းလမ်းကို ထိ ရောက်စေချင်ဆိုရင် Detox အရည် မ သောက်ခင် ဘာအစာမှစားထားလို့ မရပါ ဘူး။ Liver Detox Diet စားတယ်ဆိုတာ တစ်နည်းအားဖြင့်တော့ ကျန်းမာရေးနဲ့ မ ညီညွတ်တဲ့စားစရာတွေကို မစားဖြစ်စေ ချင်လို့ပါ။ ဒီတော့ အသည်းကျန်းမာရေး လည်း ကောင်းလာမယ်ပေါ့။
ဒါပေမဲ့ Detox programs တွေ က ပျက်စီးနေတဲ့အသည်းကို ပြန်ကောင်း လာနိုင်တယ်လို့ဆိုနိုင်တဲ့ ခိုင်မာတဲ့သုတေ သနတွေ မရှိသေးပါဘူး။ သင့်မှာကျောက် ကပ်ရောဂါရှိတယ်ဆိုရင်Cleanse Juice တွေက ကျောက်ကပ်ရောဂါကို ပို ဆိုးစေတတ်တာကိုလည်း သတိထားရ ပါမယ်။
ကြိုတင်ကာကွယ်တာက ကုသတာ ထက်ပိုကောင်းတာမို့ အသည်းမပျက်စီး စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စား သောက်နေထိုင်မှုပုံစံကို လိုက်စားဖို့ တိုက်တွန်းချင်ပါတယ်။
◘ ထူးဒါလီကိုကို (MPharm)