သင့်ကို အိုမင်းမှုမြန်စေသော ထိပ်တန်းအစားအသောက်များ

အသက်ချင်းတူပေမယ့် နုပျိုမှုချင်း ကတော့ တစ်ယောက်နဲ့တစ်ယောက်မတူ ဘဲ ကွာခြားတတ်ပါတယ်။ စားသောက်ပုံ တွေ မတူတာ၊ ကိုယ်လက်လှုပ်ရှားမှု ကွာ ခြားတာ၊ စိတ်နေစိတ်ထား မတူညီတာ စ တာတွေကြောင့် အိုမင်းတာနဲ့ နုပျိုတာ တွေ ကွဲပြားကြတာ ဖြစ်ပါတယ်။

သကြား
အချိုဓာတ်များတဲ့ အစာတွေစားသုံး တာကြောင့် သင်ဟာ တခြားသူတွေထက် ပိုပြီး ရင့်နေတာကို သတိထားမိနိုင်ပါ တယ်။ ခန္ဓာကိုယ်ထဲမှာ သကြားကိုချေ ဖျက်တဲ့အခါ ထွက်လာတဲ့ ဘေးထွက်ဆိုး ကျိုးက သက်ရွယ်ကြီးရင့်မှုကို မြန်ဆန် စေပါတယ်။

ဆား
တစ်နေ့ကို ဆား ၁၅၀၀ မီလီဂရမ် ထက် ပိုမစားသင့်ပါဘူး။ ဒီပမာဏထက် ပိုစားမိနေတယ်ဆိုရင်တော့ သင်က သူ များထက် ပိုရင့်နေလောက်ပြီလို့ သတ် မှတ်လို့ရနိုင်ပါတယ်။ အငန်ကြိုက်တာ ကြောင့် မျက်လုံးတွေ ဖောင်းအစ်တာ၊ မျက်လုံးတစ်ဝိုက်မှာ အရေးကြောင်းတွေ ထင်းနေတာတွေ အဖြစ်များပါတယ်။

အရက်
အရက်က ခန္ဓာကိုယ်တွင်းမှာ ဆီး ရွှင်ပြီး ရေဓာတ်ခန်းခြောက်စေလို့ မျက် နှာပေါ်မှာ အရေးကြောင်းတွေ ထင်းနေ စေပါတယ်။ အရက်သောက်တဲ့သူတွေက ဆားများတဲ့အစာ၊ သကြားများတဲ့ အစာနဲ့ ဆီများတဲ့အစာတွေကို စားသုံးချင်စိတ် တွေ ပိုများတာကလည်း သူများတွေထက် ပိုရင့်စေတဲ့အကြောင်းပဲဖြစ်ပါတယ်။

ကော်ဖီ
ကော်ဖီကို အလှအပအတွက် အ သုံးပြုနိုင်သလို ကော်ဖီကြောင့်လည်း အသက်အရွယ်ပိုရင့်နေတတ်ပါတယ်။ ကော်ဖီသောက်တာကြောင့် သွားတွေကို ၀ါစေပါတယ်။ ကော်ဖီက ရေဓာတ်ခန်း ခြောက်စေလို့ မျက်နှာမှာ အရေးကြောင်း တွေ ပိုထင်းစေပါတယ်။

ပြုပြင်ထားသော ကာဗိုဟိုက်ဒရိတ်
ပေါင်မုန့်ဖြူ၊ ပါစတာ စတဲ့ ဖြူဆွတ် အောင် ပြုပြင်ထားတာတွေက ခန္ဓာကိုယ် မှာ ရောင်ရမ်းမှုတွေ ဖြစ်စေပါတယ်။ ရောင်ရမ်းမှုက ကော်လာဂျင်တွေကို ဖျက်ဆီးလိုက်တာကြောင့် အသားရေ လျော့ရဲပြီး အိုမင်းရင့်ရော်စေပါတယ်။

ပြုပြင်ထားသော အသား
ဝက်ပေါင်ခြောက်၊ ၀က်အူချောင်း၊ ဟော့ဒေါ့စတဲ့ ပြုပြင်ထားတဲ့ အသားတွေ စားသုံးတာက အိုမင်းရင့်ရော်မှုကို ပိုမို မြန်ဆန်စေပါတယ်။ ဒီအစာတွေက ခန္ဓာ ကိုယ်တွင်း ရောင်ရမ်းမှုတွေ များစေတာ ကြောင့်ပါ။

အနီရောင်အသား
အနီရောင်အသား စားသုံးမှု များသူ တွေဟာ အစားနည်းသူတွေထက် ပိုပြီး ရုပ်ရင့်နေတတ်ပါတယ်။ အနီရောင် အ သားတွေကို ချေဖျက်တဲ့အခါ ဓာတ်တိုး ပစ္စည်းတွေ ဘေးထွက်ပစ္စည်းအဖြစ် ထွက်လာတတ်ပါတယ်။ ဓာတ်တိုးပစ္စည်း တွေက ကျန်းမာတဲ့ဆဲလ်တွေကို ဖျက် ဆီးလိုက်တာကြောင့် ရုပ်ရည်ကို ပိုမို အိုမင်းသွားစေပါတယ်။

ဆိုဒါအချိုရည်
အက်စစ်ဓာတ်များတဲ့ အချိုရည် တွေက သွားရဲ့ကြွေလွှာကို ဖျက်ဆီးလိုက် တာကြောင့် သွားတွေ ပျက်စီးမှု မြန်ဆန် စေပါတယ်။ ဆိုဒါအချိုရည်မှာပါဝင်တဲ့ သကြားနဲ့ ဆားဓာတ်ကလည်း အရွယ်အို မင်းမှုကို လျင်မြန်စေပါတယ်။

မကောင်းတဲ့အဆီ
ပုံပြောင်းအဆီ၊ ပြည့်ဝဆီတွေက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေ မြင့်မား စေပြီး သက်ရွယ်ကြီးရင့်ပုံပေါက်စေတဲ့ အပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လည်း များစွာ ထိခိုက်စေပါတယ်။

အစပ်စာ
အစပ်စာတွေ စားလိုက်တဲ့အခါ မျက်နှာနီရဲလာတတ်ပါတယ်။ ဘာ ကြောင့်ဖြစ်ရတာလဲဆိုရင် အစပ်စာတွေ ကို ချေဖျတ်တဲ့အခါ သွေးကြောတွေ ကျယ်လာတာကြောင့်ပါ။ ဒီလိုဖြစ်စဉ်က အရေပြားပြဿနာတွေကို ပိုဆိုးစေပါ တယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *