ကျန်းမာရေးအတွက် ဘယ်ဘက်စောင်းအိပ်ပါ။

အိပ်ရာဝင်တဲ့အခါမှာ သင်က ပက်လက်အိပ်တတ်သူလား။ ဘေးစောင်းအိပ် တတ်သူလား။ မှောက်ရက်အိပ်တတ် သူလား။ လေ့လာမှုတွေအရ ကျန်းမာရေး ကောင်းမွန်ဖို့ ဘယ်ဘက် စောင်းအိပ်တာက အကောင်းဆုံးလို့ သိရပါတယ်။
ဘယ်ဘက်စောင်းအိပ်တာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

#အစာခြေစနစ်ကောင်းမွန်နိုင်ခြင်း
ဘယ်ဘက်စောင်းအိပ်တာကြောင့် အူမကြီးက အစာဟောင်းတွေ စအိုကို ရွေ့လျားဖို့ဘလွယ်ကူသွားတဲ့ အတွက် မနက်အိပ်ရာထခါစမှာ ဝမ်းသွားချင်စိတ် ဖြစ်ပေါ်နိုင်ပါတယ်။ အစာအိမ်နဲ့ မုန့်ချိုအိတ်တွေက ကမ္ဘာ့ဆွဲငင်အားနဲ့နီးရာ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိတဲ့အတွက် အစာခြေရည်နဲ့ အင်ဇိုင်းတွေထွက်ရှိဖို့ လွယ်ကူတာကြောင့် အစာကြေလွယ် နိုင်ပါတယ်။

#အဆိပ်အတောက်စွန့်ပစ်စနစ်ကောင်းမွန်နိုင်ခြင်း
အဆိပ်အတောက်တွေကို စွန့်ပစ်တဲ့ ပြန်ရည်ကြောစနစ်ကလည်း ကိုယ်ရဲ့ဘယ်ဘက်ခြမ်း မှာရှိတာကြောင့် ဘယ်ဘက်စောင်းအိပ်တာက သူတို့ရဲ့ လုပ်ငန်းစဉ်ကို ပိုပြီး ထိရောက်မှု ရှိနိုင်ပါတယ်။

#နှလုံးကျန်းမာရေးအတွက်ကောင်းမွန်
ခြင်း။
ဘယ်ဘက်စောင်းအိပ်တာက နှလုံးအပေါ် ဖိအားသက်ရောက်မှု နည်းနိုင် ပြီး သွေးလှည့်ပတ်မှု ကောင်းမွန်နိုင်ပါတယ်။

#ရင်ပူဝေဒနာသက်သာနိုင်ခြင်း
ဘယ်ဘက်စောင်းအိပ်တဲ့ အခါမှာအစာအိမ်က အက်စစ်တွေက အစာမျိုပြွန်ကို ဆန်တက်ဖို့ ခက်ခဲနိုင်တဲ့ အတွက် ရင်ပူဝေဒနာ မဖြစ်နိုင်တော့ပါ။

#ခါးနောက်ကျောနာကျင်မှုသက်သာနိုင်ခြင်း
ဘယ်ဘက်စောင်းအိပ်တာက ခါးနောက်ကျောရိုးပေါ် ဖိအားသက်ရောက်မှု လျော့နည်းနိုင်တာကြောင့် ခါးနာဝေဒနာ သက်သာနိုင်ပါတယ်။

#ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်သင့်လျော်ခြင်း
ဘယ်ဘက်စောင်းအိပ်တာကြောင့် သန္ဓေသားကိုလံယ်ထားရတဲ့ သားအိမ်က အသည်းကို ဖိအား မပေးနိုင်တော့ပါဘူး။ သားအိမ်၊ကျောက်ကပ်နဲ့ သန္ဓေသားဆီလည်း သွေးပိုမို ရောက်ရှိ နိုင်ပါတယ်။

#နှလုံးရောဂါ၊မျက်စိရေတိမ်ရှိသူ၊အသက်ရှုမဝလို့လန့်နိုးတတ်သူနဲ့လက်ကောက်ဝတ်နာကျင်တဲ့လက္ခဏာစု ရှိသူတွေကတော့ မိမိသဘောနဲ့မိမိဘယ်ဘက်စောင်းမအိပ်သင့်ပါဘူး။

#ပခုံးနာကျင်နေရင်
ခြေထောက်ကွေးကာ မနာကျင်တဲ့ဘက်ကိုစောင်းပြီးအိပ်ပါ။

#ခေါင်းကိုက်တတ်ရင်
သင့်ခေါင်းကို ခေါင်းအုံးနှစ်ဖက်နဲ့ ညှပ်ပြီး ပက်လက်အိပ်ပါ။

#နှာခေါင်းပြဿနာရှိရင်
ခေါင်းအုံးမြင့် မြင့် နဲ့ပက်လက်အိပ်ပါ။

#သွေးတိုးရောဂါရှိရင်
မှောက်လျက်အိပ်ပါ။

#ဓမ္မတာလာစဉ်ကိုက်ခဲနေရင် ဒူးခေါင်းအောက် ခေါင်းအုံးခံပြီး ပက်လက်အိပ်ပါ။

#ဇက်ကြောတက်တတ်ရင် မျက်နှာသုတ်ပုဝါကိုလိပ်ပြီး လည်ပင်းအောက်ထားကာ ပက်လက်အိပ်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal