သင့်အသားအရေဟာ အဆီလည်းမပြန်ဘူး၊ ခြောက် သွေ့ တဲ့အသားအရေလည်း မဟုတ်ဘူးဆိုရင်တော့ အခု ဖော်ပြပေးမယ့် toner ပြုလုပ် နည်းလေးက အသင့်တော်ဆုံး ပါ။ ဒီတိုနာက သင့်အသားအရေ ကို ခြောက်သွေ့တာ ဒါမှမဟုတ် အဆီပြန်တာက နေကာကွယ် ပေးနိုင်ပြီး အစိုဓာတ်ထိန်းပေး နိုင်ပါတယ်။
သခွားသီးမှာ အသားအ ရေကိုအေးမြစေတဲ့ အစွမ်းအာ နိသင်ရှိပြီး အထိအရှလွယ်တဲ့ အသားအရေပိုင်ရှင် (Sensi-tive Skin type) တွေတောင် မှ အသုံးပြုနိုင်ပါတယ်။ သူဟာ သင့်အသားအရေကို ရေဓာတ်ပြည့်ဝနေစေပြီး ချောမွေ့နူးညံ့စေပါတယ်။ သခွားသီးမှာ အဆီပြန်တာနဲ့ ခြောက်သွေ့တာကို ညီညွတ်မျှတအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
ရှားစောင်းလက်ပပ်ကတော့ ချောမွေ့တဲ့အသားအရေဖြစ်ဖို့ အကောင်းဆုံးသော ပါဝင်ပစ္စည်းဖြစ်ပါတယ်။ သူဟာ ပိုးသတ် အာနိသင် ပါရှိတာကြောင့် ၀က်ခြံနဲ့တင်းတိပ်လိုမျိုး အရေပြားပြဿနာတွေအတွက် ကူညီနိုင်ပါတယ်။ ဒါ့အပြင် အရေပြား ဆဲလ်အသစ်ပြန်မွေးဖွားဖို့ မြန်ဆန် စေပြီး သက်ကြီးအရေးကြောင်းဖြစ်စဉ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
နှင်းဆီပွင့်ဖတ်ရည်ကတော့ အသားအရေနုပျိုလင်းလက်စေဖို့ ရွေး ချယ်သင့်တဲ့ ပါဝင်ပစ်္စည်းပါ။ သူ့မှာပါဝင်တဲ့ အဖန်သတ္တိကြောင့် ၀က်ခြံ ကြောင့်ဖြစ်တဲ့ အနာနဲ့အမာရွတ်တွေကို ပြန်လည်ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုလျော့ကျစေတဲ့အာနိသင်ပါဝင်တာကြောင့် မျက်နှာနီ ရဲရောင်ရမ်းတာအတွက် ကူညီနိုင်ပါတယ်။
Peppermint Essential Oil ဟာ အဆီပြန်တာကို ထိန်းချုပ်ပေး နိုင်ပြီး ၀က်ခြံပြဿနာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင့်မျက်နှာ လေး လန်းဆန်းအေးမြနေစေဖို့ အသုံးပြုသင့်ပါတယ်။
လိုအပ်တာတွေက
♦ သခွားသီး အနေတော်တစ်လုံး
♦ ရှားစောင်းလက်ပပ်အနှစ်
♦ နှင်းဆီပွင့်ဖတ်ရည် ဒါမှမဟုတ် Peppermint Essential – ငါးစက်ခန့် (နှစ်သက်ရာသုံးနိုင်ပါတယ်)
ပြုလုပ်နည်း
♦ သခွားသီးအနေတော်တစ်လုံးကို ကြိတ်စက်နဲ့ကြိတ်ကာ အရည်ညှစ်ပြီး ဖန် ရေကရားတစ်ခုထဲထည့်ပါ။
♦ အဲဒီထဲကို ရှားစောင်းလက်ပပ်အနှစ် ပေါင်းထည့်ပါ။
♦ နှင်းဆီပွင့်ဖတ်ရည် ဒါမှမဟုတ် Peppermint Oil ငါးစက်ခန့်ကို အဲဒီထဲ ထည့်ကာ သမအောင်မွှေပေးပါ။
♦ အဲဒီနောက်မှာတော့ ရလာတဲ့အရည် ကို စပရေးပုလင်းထဲကိုထည့်ကာ အ သုံးပြုနိုင်ပါပြီ။
Tips!
♦ စပရေးကို သင့်မျက်နှာပေါ် တိုက်ရိုက်ဖျန်း ပေးနိုင်ပါတယ်။ သူက မျက်နှာတစ်ခုလုံးအ တွက် အကာအကွယ်ပေးထားပါလိမ့်မယ်။
♦ ၁၀-၁၅ မိနစ်ခန့်ထားပြီးနောက် ရိုးရိုးရေနဲ့ ဆေးကြောပါ။
♦ ဒီတိုနာကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်း ထားရင် ငါးရက်ကနေ ခုနစ်ရက်အထိ အသုံး ပြုနိုင်ပါတယ်။
◘ ဆူးမြာ