သည်းခြေကျောက်ပျော်စေတဲ့ အိမ်တွင်းနည်းလမ်းတွေ အသုံးပြုရအောင်

သည်းခြေအိတ်က သစ်တော်သီးပုံစံ အိတ်ငယ်လေးဖြစ်ပြီး အသည်းရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ သူရဲ့ တာဝန်က သည်းခြေရည်တွေ စုဆောင်းထားပြီး စားလိုက်တဲ့အစာထဲမှာပါတဲ့ အဆီတွေကို ချေဖျက်ရာမှာ ကူညီပေးပါ တယ်။ သည်းခြေကျောက်တည်တဲ့အခါ ဝမ်းဗိုက်နာကျင်တာအပြင် နောက်ကျော နဲ့ ပခုံးတွေအထိပါ နာကျင်တာကို ခံစားရပါတယ်။ အောက်ပါနည်းလမ်းတွေက သည်းခြေကျောက်ကို မခွဲမစိတ်ရဘဲ ကျောက်ပျော်စေတဲ့ နည်းလမ်းတွေပါ။

(၁) သံပရာရည်
သံပရာရည် တစ်နေ့ လေးခွက်ကို အစာအိမ်ထဲမှာ အစာမရှိတဲ့အချိန် သောက်ပေးပါ။ တစ်ပတ်တိတိ သောက်ပေးပါ။ သည်းခြေကျောက်ကို ဖယ်ရှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ သည်းခြေကျောက်ကို ဖယ်ရှားဖို့အတွက် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။

(၂) ဟင်းသီးဟင်းရွက်ရည်
သကြားမုန်လာ၊ မုန်လာဥနီ၊ သခွားသီး စတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောပြီး အရည်ဖျော်ကာ တစ်နေ့ နှစ်ကြိမ်၊ နှစ်ပတ်သောက်ပေးပါ။ သကြားမုန်လာ တစ်ခု၊ မုန်လာဥနီ တစ်ခု၊ သကြားသီး အနေတော် ၃ခုကို ကြိတ်ခြေပြီး အရည် ရအောင်ပြုလုပ်ပါ။ ပန်းသီး၊ တရုတ်နံနံနဲ့ ချင်း(ဂျင်း)တို့ကို ရောထည့်ပါက ကောင်းကျိုး ပိုမိုရရှိနိုင်ပါတယ်။

(၃) မဂ္ဂနီဆီယမ် ဆာလဖိတ်ဆား
သည်းခြေကျောက်တွေကို သည်းခြေပြွန်ကတစ်ဆင့် ဖယ်ရှားဖို့အတွက် မဂ္ဂနီဆီယမ် ဆာလဖိတ်ဆားကို အသုံးပြုနိုင်ပါတယ်။ ရေသန့်ထဲကို မဂ္ဂနီဆီယမ် ဆား လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ညနေတိုင်း သောက်ပေးပါ။

(၄) နနွင်း
နနွင်းလက်ဖက်စားဇွန်းတစ်ဇွန်းထဲကို ပျားရည်လောင်းထည့်ပြီး နေ့စဉ် သောက်ပေးပါ။ သည်းခြေကျောက်ပျော် စေပါတယ်။

(၅) အချဉ်ဓာတ်ရှိသော သစ်သီးများ
ပက်တင်ပါတဲ့ အချဉ်အရသာရှိ သစ်သီးတွေက သည်းခြေကျောက်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၆) လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်း သောက်သုံးတာက သည်းခြေကျောက်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ ပွက်ပွက်ဆူတဲ့ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီး ခဏ ထားပြီးမှ သောက်သုံးပါ။

(၇) ပန်းသီးဖျော်ရည်၊ ပန်းသီးရှလကာရည်
ပန်းသီးက ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေတဲ့အပြင် သည်းခြေကျောက်ကိုလည်း ပျော်စေပါတယ်။ ပန်းသီးထဲမှာပါတဲ့ မဲလစ်အက်စစ်က သည်းခြေကျောက်ကို ပျော်စေပါတယ်။ ပန်းသီးရှလကာရည်က သည်းခြေထဲမှာ ကျောက်မဖြစ်အောင် တားဆီးပေးပါတယ်။ ပန်းသီးအရည် တစ်ဖန်ခွက်ကို ပန်းသီးရှလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောပြီး တစ်နေ့ တစ်ကြိမ် နေ့စဉ် သောက်ပေးပါ။

(၈) ကြက်သွန်ဖြူ
သံလွင်ဆီနဲ့ သံပရာရည်ကို ဆတူရောပြီး ကြက်သွန်ဖြူ အနည်းငယ်ကို ကြိတ်ခြေကာ သေချာစွာ ရောမွှေပါ။ အနည်းဆုံး ရက် ၄၀၊ မနက်တိုင်း အစာ မစားခင် သောက်ပေးပါ။

#နန်းသီရိ(ဆေးဝါး)
#GeneralHealth
#GoodHealthJournal_848

Post Author: Good Health Journal