သစ်ကြံပိုးခေါက်ဖယောင်းတိုင်ပုလင်း

ခေါင်းအရမ်းကိုက်နေတဲ့အချိန်မှာ သစ်ကြံပိုးခေါက်ရနံ့လေးရလိုက်ရင် သက်သာသွားနိုင်ပါတယ်တဲ့။ ဒါ့အပြင် မူးဝေပြီး အော့အန်ချင်နေစဉ်မှာလည်း သစ်ကြံပိုးခေါက်ရနံ့ကုထုံးက ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။ ဒီတစ်ပတ် မှာတော့ ဒီလိုကောင်းကျိုးတွေရှိတဲ့ သစ်ကြံပိုးခေါက်ကို ဖယောင်းတိုင်အဖြစ် ကိုယ်တိုင်လုပ်နိုင်တဲ့နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ တန်ဆောင် တိုင်မှာလည်း ကိုယ်တိုင်လုပ် ဖယောင်းတိုင်လေးတွေနဲ့ ထွန်းညှိအလှဆင် နိုင်တာပေါ့နော်။

လိုအပ်တာတွေကတော့ . . . 
♦ ဖယောင်းခဲထုပ်
♦ ဖန်ခွက်ငယ်
♦ သစ်ကြံပိုးခေါက်မှုန့်
♦ ဖယောင်းတိုင်မီးစာကြိုးနဲ့သံကွင်းငယ်

ပြုလုပ်နည်း . . .
♦ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး မီးဖို ပေါ်မှာ အပူပေးပါ။
♦ အဲဒီရေထဲကို ဖယောင်းခဲထည့်ထား တဲ့ ဖန်ခွက်ကိုထည့်ပါ။
♦ ဖယောင်းခဲအရည်ပျော်သွားရင် အဲဒီ ထဲကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက် ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး သစ်သား တုတ်တံနဲ့ သေချာမွှေပါ။
♦ ဖယောင်းတိုင်ပြုလုပ်မယ့်ဖန်ခွက်ငယ်ရဲ့ အလယ်တည့်တည့်မှာ မီးစာကြိုးနဲ့ သံကွင်း ကို တည့်မတ်နေအောင်ထားပြီး ခုနက ဖယောင်းရည်တွေကို လောင်းထည့်လိုက် ပါ။
♦ အဲဒီနောက် ဖယောင်းရည်တွေ ခဲသွား အောင် အအေးခံလိုက်ပါ။
♦ အအေးခံနေစဉ်မှာ ဖယောင်းတိုင်မီးစာ မတ်နေအောင် ပုံမှာပြထားတဲ့အတိုင်း တုတ်တံနှစ်ချောင်းနဲ့ ထိန်းထားပါ။
♦ နောက်ဆုံးမှာ ပိုနေတဲ့မီးစာကြိုးကို ကက်ကြေးနဲ့ ညှပ်ထုတ်လိုက်ပါ။

♥ အခုဆိုရင် တန်ဆောင်တိုင်မှာ ကိုယ်တိုင်လုပ် ဖယောင်းတိုင်လေးတွေလည်း ထွန်းညှိအလှဆင်ရင်း လန်းဆန်းလတ်ဆတ်မှုတွေ ခံစားနိုင်ပါပြီ။

◘ ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *