သက်ကြီးမှတ်ဉာဏ်ချို့ယွင်းသူတွေကို မငြိုငြင်သင့်ပါ

♦ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေအကြောင်းကို ဆွေး နွေးပေးပါ ဆရာ။
အသက်ကြီးတဲ့သူတွေမှာ မှတ်ဉာဏ်ချို့ယွင်းလာပြီဆိုရင် သာမန်အား ဖြင့် ဒါဟာ သဘာဝတရားပဲလို့ တွေး ထင်လို့ရပေမယ့် Dementia လို့ခေါ်တဲ့ ရောဂါအခြေအနေ တစ်ခုကို မေ့ထားလို့ မရပါဘူး။ ၆၅ နှစ်ကျော်ပြီးသူတွေရဲ့ ငါးရာခိုင်နှုန်းနဲ့ ၈၅ နှစ်ကျော်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒီအထိ Dementia ဆိုတဲ့ရောဂါကို ခံစားနေရလေ့ ရှိပါတယ်။

♦ Dementia ဆိုတဲ့ ရောဂါအကြောင်း ကို ရှင်းပြပေးပါ ဆရာ။
ဒီရောဂါဖြစ်နေပြီဆိုရင် အထူးသ ဖြင့် မှတ်ာဉဏ်ပိုင်းမှာမှ New Acquired Information တွေဖြစ်တဲ့လတ်တလော အဖြစ်အပျက်တွေ၊ အပြုအမူတွေ၊ အ ကြောင်းအရာတွေကို ဦးနှောက်က မှတ် တမ်းတင် ထိန်းသိမ်းထားနိုင်စွမ်း ကျ ဆင်းသွားတာဖြစ်ပါတယ်။ အခုလေးတင် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကို မမှတ်မိတော့ဘဲ ထပ်တလဲလဲ ပြန်ပြန် ပြောနေတာ၊ ထမင်းစားပြီးပေမယ့် မစား ရသေးဘူးပဲ ထင်နေတာ။ ကိုယ့်မေးခွန်း ဖြေပြီးတာကို မမှတ်မိတော့ဘဲ ထပ်တ လဲလဲ ပြန်မေးနေတာ ဒါမျိုးတွေကစပြီး သိသာလာပါတယ်။ ငယ်ငယ်ကအ ကြောင်းအရာတွေကိုတော့ မှတ်မိနေလေ့ ရှိပါတယ်။ ဒါပေမဲ့ ကြာလာရင် အားလုံး ကို သတိမရတော့ပါဘူး။ ကိုယ့်ကိုယ် ကိုယ် မသိတော့တာ၊ မိသားစုဝင်တွေကို မမှတ်မိတော့တာ၊ ဒီလို မှတ်ဉာဏ်ပိုင်း လျော့ရဲအားနည်းလာတာအပြင် တစ် ကိုယ်ရေကျန်းမာရေးစောင့်ရှောက်မှု သိသိသာသာ ချို့ယွင်းလာမယ်၊ ဆီးဝမ်း မထိန်းနိုင်တော့တာတွေ၊ တငိုငို တရယ် ရယ်ဖြစ်လာတာတွေ၊ ဒါတွေပါတွဲပြီး ပေါ် လာတတ်ပါတယ်။ ဆရာတို့လူမျိုးကတော့ ဒါမျိုးဖြစ်လာရင် သူငယ်ပြန်တယ်လို့ ခေါ်လေ့ရှိပါတယ်။

♦ Dementia ဖြစ်ရတဲ့အကြောင်းရင်းတွေ ကို သိပါရစေဆရာ။
ဘာလို့ ဒီလို Dementia ဖြစ်ရလဲ ဆိုတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါ တယ်။ ဦးနှောက်ထဲက သွေးကြောလေး တွေမှာ ပြဿနာ   (Vascular Cause) ရှိလို့၊ ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုမြန်ပြီး (Degenerative Cause) ခန္ဓာကိုယ် တစ်နေရာရာက ကင်ဆာဆဲလ်တွေ ဦး နှောက်ကို ပျံ့နှံ့ရောက်ရှိနေလို့၊ အာရုံ ကြောတွေကို ဖုံးအုပ်ထားတဲ့ မိုင်လင် (Myelin) လို့ခေါ်တဲ့ အပေါ်ယံအလွှာ လေး ကျွတ်ထွက်သွားစေတဲ့ ရောဂါမျိုး၊ ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးတာ၊ ဦးခေါင်း ခွံနဲ့ ဦးနှောက်အကြား ကာလရှည်ကြာစွာ သွေးခဲပိနေတာ၊ အရက်အလွန်အကျွံ သောက်သုံးတာ၊ ဗီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့တာ (အထူးသဖြင့် B1, B12, Niacin)၊HIV နဲ့ Syphilis တို့လို ရောဂါတွေရှိနေတာ စတဲ့အကြောင်း တရားများစွာရှိပါတယ်။ အဲဒီထဲကမှ အသက်ကြီးသူတွေမှာ အဖြစ်များတာက Vascular Cause နဲ့ Degenerative Cause တွေထဲကမှ အယ်လ်ဇိုင်းမား ရောဂါ (Alzheimer’s Disease) တို့ပဲ ဖြစ်ပါတယ်။

♦ Dementia နဲ့ ဆက်စပ်နေတဲ့ အယ်လ် ဇိုင်းမားရောဂါအကြောင်းကို ရှင်းပြပေးပါ ဆရာ။
၄၅ နှစ်အောက်မှာတော့ အယ်လ် ဇိုင်းမားရောဂါက အတော်လေး ဖြစ်ခဲ တယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်တဲ့သူ တွေထဲမှာ ကမ္ဘာကျော်ပုဂ်္ဂိုလ်ကြီးတွေ အ တော်များများ (ရော်နယ်ရေဂင်၊ မာဂရက် သက်ချာ) ရှိပါတယ်။ ရုပ်ရှင်တွေထဲမှာ လည်း ထည့်ရိုက်လေ့ရှိပါတယ်။ မျိုးရိုးဗီဇနဲ့ အဓိကသက်ဆိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက Gene တွေ၊ Mutation ဖြစ်လို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ပုံမှန် မဟုတ်တဲ့ Gene တွေဖြစ်ဖြစ်လာတာပေါ့။ အဲဒီလိုလူတွေမှာApolipoprotein E ဟာ ပုံမှန်မဟုတ်ဘဲ ပါနေတဲ့အတွက် ဒါ ကိုတွေ့ရင် အယ်လ်ဇိုင်းမားဖြစ်ဖို့ အခွင့် အလမ်း လေးဆမှ ရှစ်ဆအထိ တက်နေ ပါတယ်။ရောဂါလက္ခဏာတွေကတော့ ရှေ့မှာပြောခဲ့တဲ့ လက္ခဏာတွေအတိုင်း ပါပဲ။ ရောဂါဖြစ်နေတဲ့သူက သူဟာ အ လွယ်တကူ ပြန်ပြန်မေ့လွယ်တဲ့သူဆို တာကို လက်ခံလေ့မရှိတတ်ဘဲ လူ ကောင်းလို့ပဲ ထင်နေတတ်ပါတယ်။ ဒါ ပေမဲ့ ကြာလာရင်တော့ ကြုံတွေ့ရတဲ့ လူ မှုဘ၀ပတ်ဝန်းကျင်အခက်အခဲတွေ ကြောင့် စိတ်ကျဝေဒနာကိုပါ တွဲပြီးခံစား လာရလေ့ရှိပါတယ်။ တစ်ခါတလေ တော့လည်း အလွန်စိတ်လှုပ်ရှားလွယ်ပြီး ပတ်ဝန်းကျင်ကို အလိုမကျ၊ ဆူပူအော် ဟစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။

♦ မိသားစုအတွင်းမှာ သက်ကြီးသတိမေ့ ရောဂါ ခံစားရသူရှိရင် ဘာတွေ လုပ် ဆောင်ပေးဖို့ လိုပါသလဲ ဆရာ။
မိသားစုထဲ ဒီလိုပြဿနာမျိုးဖြစ် လာရင် ဖုံးဖိမထားဘဲ လျင်မြန်စောစီးစွာ တတ်ကျွမ်းသူနဲ့ တိုင်ပင်ကုသဖို့ လိုပါ တယ်။ ဒီ Dementia ရောဂါစုမှာ တချို့ ဟာ ကုသရင် ပြန်ကောင်းနိုင်တဲ့ အခြေခံ အကြောင်းတရားတွေ ရှိနေလို့ပါ။ Treatable Cause တွေကို မြန်မြန်ဆန် ဆန်ရှာဖွေကုသရပါမယ်။ လူနာ အတော် များများကို သွေးစစ်ဆေးတာ (သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေ၊ ကျောက်ကပ်၊ အသည်းလုပ်ငန်းဆောင် တာတွေ၊ ဗီတာမင် B12 ၊ ကယ်လ်စီယမ် စတာတွေ)၊ ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ ဦးနှောက်ကို ကွန်ပျူတာ ဓာတ်မှန် (CT)နဲ့ သံလိုက်ဓာတ်မှန်ရိုက်တာ(MRI)၊ ECG စတာတွေကို လုပ်ဆောင်ပေးလေ့ ရှိပါတယ်။

♦ ကုသမှုအပိုင်းကို ရှင်းပြပေးပါ ဆရာ။
ကုသမှုပိုင်းအနေနဲ့တော့ Team Work Approach လို့ခေါ်တဲ့ ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ (မိသားစု ဆရာ ၀န်တွေ၊ အထွေထွေအထူးကုသမား တော်၊ ဦးနှောက်နဲ့ အာရုံကြောအထူးကု သမားတော်၊ စိတ်ပညာရှင်၊ နောက်ပြီး အစားအသောက်၊ အသွားအလာ၊ စကား ပြောတာ၊ အ၀တ်အစားဝတ်တာ စတဲ့ ကိစ္စတွေကို သင့်တော်သလို စီမံပေးနိုင် မယ့် ကျွမ်းကျင်ပညာရှင်တွေ) နဲ့အတူ မိသားစုဝင်တွေကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရပါတယ်။ ဒီဝေဒနာရှင်ရှိတဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာအားပေး မှုတွေ၊ အကြံဉာဏ်ပေးနိုင်တဲ့ အသင်း အဖွဲ့တွေ ဒါတွေလည်း ထားရှိဖို့လိုပါ တယ်။

♦ ဖြည့်စွက်ပြောကြားလိုတာများရှိရင်လည်း အကြံပြုပြောကြားပေးပါ ဆရာ။
ဒီဝေဒနာခံစားနေရတဲ့သူတွေဟာ လူသားတွေပဲ ဖြစ်ပါတယ်။ Dementia ဝေဒနာကို ခံစားနေရတဲ့ လူသားတွေပါ။ သူတို့ကို ပြုစုကုသပေးရတဲ့ မိသားစုအ နေနဲ့ အလွန်ကြီးမားတဲ့ SocioEco-nomic Problems တွေကို ရင်ဆိုင်ရတဲ့ အခါမှာ သူတို့ကို Neglect လုပ်မိတာ မျိုး၊ ငြိုငြင်တာမျိုးတွေ ဖြစ်လာတတ်ပါ တယ်။ အဲဒီအခါမျိုးမှာ ငါလည်း တစ်နေ့ ဒီလိုမျိုးဖြစ်လာနိုင်တာပဲ၊ ငါ့အလှည့်ကျ ရင်လည်း တခြားမိသားစုဝင်တွေ ဘယ် လိုစိတ်မျိုးနဲ့ ဘယ်လိုပြုစုစောင့်ရှောက် ကြမှာပါလိမ့်ဆိုတဲ့ အတွေးလေး ၀င်မိဖို့ လိုပါတယ်။ ပြုစုစောင့်ရှောက်ရတဲ့ မိ သားစုဝင်တွေအတွက် ကုသိုလ်နဲ့ အကု သိုလ်ကို ပ၀ါပါးလေးနဲ့သာ ခြားထားပေး တဲ့ ရောဂါဝေဒနာတစ်မျိုးဖြစ်ကြောင်း အသိပေး၊ သတိပေးပါရစေ။

◘ ဒေါက်တာဟိန်းရာဇာအောင် (ကထိက/အထွေထွေရောဂါအထူးကုသမားတော်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *