သက်ရှည်ကျန်းမာလိုသူတို့ ပြုကျင့်သင့်သော အမူအကျင့်များ

အသက်ရှည်ရှည်နဲ့ ကျန်းမာလို တယ်ဆိုရင် အောက်ပါအချက်တွေနဲ့ ပြည့်စုံနေဖို့ လိုပါတယ်။

ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပါစေ
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန် သူတွေဟာ အသက်ရှည်တတ်ကြပါ တယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်း တာကြောင့် စိတ်ဖိစီးမှုတွေကို မောင်း ထုတ်နိုင်ပြီး ခန္ဓာကိုယ်ခုခံစွမ်းအားကို မြင့်မားစေပါတယ်။ ဒါ့အပြင် အပေါင်းအ သင်းတွေနဲ့ ဆက်ဆံရေး ပြေပြစ်သူတွေ ဟာ အဆိုးမြင်စိတ် ဖြစ်ပေါ်မှုမရှိအောင် မောင်းထုတ်နိုင်ကြလို့ စိတ်ဓာတ်ကျရော ဂါဖြစ်နိုင်ခြေနည်းပြီး နှလုံးတိုက်ခိုက်ခံရ နိုင်ခြေလည်း အလွန်နည်းပါတယ်။ စိတ် အနှောင့်အယှက်ဖြစ်စရာတွေ ကြုံလာခဲ့ ရင် မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်း တွေနဲ့ ရင်ဖွင့်တိုင်ပင်ပြီး ဖြေရှင်းတာ ကြောင့်လည်း စိတ်ဖိစီးမှုတွေ ကင်းစင် သွားစေပါတယ်။

ဒေါသစိတ်တွေ ကင်းပါစေ
ဒေါသဖြစ်တဲ့အခါ စိတ်ဖိစီးမှုများသ လိုပဲ ခန္ဓာကိုယ်တွင်းမှာ ကော်တီဇော ဟော်မုန်းတွေ ထွက်လာပါတယ်။ အဲဒီ ဟော်မုန်းတွေက နှလုံး၊ ဇီဝရုပ်ဖြစ်ပျက် မှုနဲ့ ခန္ဓာကိုယ်ခုခံစွမ်းအားအပေါ် ထိခိုက် စေပါတယ်။ ခန္ဓာကိုယ်မှာ ကော်တီဇော ဟော်မုန်း မြင့်မားသူတွေက အဆိုပါဟော် မုန်းနည်းသူတွေထက် အသက်တိုစေ တယ်လို့ လေ့လာမှုများစွာအရ သိရပါတယ်။

အဆိုးမြင်စိတ်တွေ ကင်းပါစေ
အဆိုးမြင်စိတ်ဓာတ်ရှိသူတွေဟာ စိုးရိမ်သောကဖြစ်တာ၊ ဒေါသကြီးတာ၊ စိတ်ဓာတ်ကျတာ စတာတွေ ခံစားရလွယ် စေလို့ သက်ရှည်ကျန်းမာမှုအတွက် အ နှောင့်အယှက်ဖြစ်စေပါတယ်။ စိတ် ဂနာမငြိမ်သူတွေမှာ ကင်ဆာရောဂါ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပိုမိုဖြစ်ပွား နိုင်တယ်လို့ စိတ်ရောဂါပညာရှင်တွေက ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာစား ပါ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ ဆရာဝန် ညွှန်ကြားချက်များကို အလေးထား လိုက် နာပါ၊ ဆေးလိပ်သောက်တာ၊ အရက် အလွန်အကျွံသောက်တာ စတဲ့ အမူ အကျင့်တွေကို ရှောင်ရှားပါ၊ စိတ်လှုပ်ရှား မှုနဲ့ စိုးရိမ်သောကတွေ ပြေပျောက်စေဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ စတာ တွေဆောင်ရွက်ပါ။

အိပ်စက်ချိန် လုံလောက်မှုရှိပါစေ
အိပ်စက်ချိန်ပမာဏက လူ့ဘ၀ သက်တမ်းအပေါ် များစွာသက်ရောက်မှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ် ရေးမ၀လို့ အိပ်ငိုက်နေတာကြောင့် ယာဉ် မတော်တဆမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာမှုအရ တစ်နေ့ ကို ၆ နာရီအောက် လျော့နည်းပြီး အိပ် စက်သူတွေနဲ့ ၉ နာရီနဲ့အထက် အိပ် စက်သူတွေက အရွယ်မတိုင်မီ သေဆုံး နိုင်ခြေမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျ တာ၊ နှလုံးရောဂါ ခံစားရတာ စတာတွေ ကြောင့် ဘ၀ရဲ့ အရည်အသွေးကိုလည်း ကောင်းစွာ မရရှိတာကို တွေ့ရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး အိပ် စက်ချိန် လုံလုံလောက်လောက်ရရှိ အောင် ညအိပ်ရာမ၀င်မီ ရေနွေးနဲ့ ရေ စိမ်ချိုးတာ၊ နွားနို့ပူပူတစ်ခွက် မှုတ် သောက်တာ၊ အိပ်ခန်းက အေးမြနေပြီး မီးမှောင်ချကာ အိပ်စက်တာတွေ ပြုလုပ် ပါ။ တိရစ္ဆာန်တွေနဲ့ အတူအိပ်တာ၊ အ ခန်းတွင်းမှာ တီဗီ၊ ကွန်ပျူတာတွေ ထည့် ထားတာ၊ အိပ်ရာဘေးမှာ ဖုန်းထား အိပ်တာမျိုးတွေ ရှောင်ရှားပါ။

စိတ်ဖိစီးမှုတွေ ကင်းပါစေ
စိတ်တိုဒေါသထွက်မှုလိုမျိုး စိတ် ဖိစီးမှုက အသက်တိုစေတဲ့ အဓိကအ ကြောင်းအရာပါ။ စိတ်ဖိစီးမှုကို လျှော့ချ ပြီး နေထိုင်နိုင်မယ်ဆိုရင်တော့ အသက် ရှည်ရှည် နေနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီး မှုတွေ ဖြစ်ပေါ်လာခဲ့ရင် အကြောင်း အရာတွေကို စာအုပ်တစ်အုပ်ထဲမှာ ရေးမှတ်တာ၊ ရင်းနှီး ခင်မင်ရသူထံ ရင် ဖွင့်ပြောဆိုပြီး အကြံဉဏ်တောင်းခံတာ၊ တရားထိုင်တာ၊ ခရီးထွက်ပြီး အပန်းဖြေ တာ စတာတွေ ပြုလုပ်နိုင်ပါတယ်။ အလုပ်မှာ မိမိအလုပ်စားပွဲမှာပဲ တစ်နေ့ ကို မိနစ်အနည်းငယ်လောက် တရားထိုင် ပေးတာက အလုပ်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့နည်းစေပြီး စိုးရိမ်သောကနဲ့ စိတ်ရဲ့ တင်းအားတွေကိုလည်း ကင်းစင်သွား စေပါတယ်။

မိသားစုမျိုးရိုးရာဇ၀င်
သင့်မိဘ၊ နှစ်ဖက် အဘိုးအဘွား၊ အဒေါ်၊ ဦးလေး၊ မောင်နှမ စတဲ့ မိသားစု မျိုးရိုးရာဇ၀င်ကလည်း အသက်ရှည်ရှည် နေထိုင်နိုင်တာနဲ့ ပတ်သက်ပြီး လွှမ်းမိုးမှု ရှိပါတယ်။ နှစ်ဖက်ဘိုးဘွားနဲ့ မိဘတွေ က အသက် ၉၀ ကျော်တဲ့အထိ နေရပါက သင်လည်း အသက်ရှည်ရှည် နေရနိုင်ခြေ များပါတယ်။ ဒါပေမဲ့ တချို့တွေ မှာတော့ ဘိုးဘွားမိဘတွေ အသက်ရှည်ရှည် နေရ ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အ ပြုအမူတွေရှိတာ၊ နေထိုင်စားသောက်မှု မှန်ကန်မှုမရှိတာ၊ လေ့ကျင့်ခန်း မလုပ် တာ၊ စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်နေထိုင်ရတာ စတာတွေ ကြောင့် အသက်မရှည်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့လည်း မိဘဆွေ မျိုးတွေက အသက်မရှည်ကြပေမယ့် ကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ် အောင် ပြုမူနေထိုင်တယ်၊ ကျန်းမာစေတဲ့ အလေ့အကျင့်တွေ လုပ်ဆောင်တယ်ဆို ရင် အသက်ရှည်ရှည် နေနိုင်ကြပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *