စိတ်ရှည်သည်းခံနိုင်မှ ဘဝမှာ အမှားနည်းမည်

စိတ်ရှည်သည်းခံဖို့ဆိုတာ လွယ်ကူ တဲ့ အရာတော့ မဟုတ်ပါဘူး။ စိတ်တို ဒေါသမထွက်အောင် ထိန်းနေရင်း စိတ် မထိန်းနိုင်ဖြစ်သွားတာတွေလည်း လူ သားတိုင်း ကြုံဖူးပါတယ်။ တကယ်တော့ စိတ်ကို ထိန်းနိုင်တာဟာ စိတ်မထိန်း လိုက်နိုင်လို့ ဖြစ်လာမယ့် နောင်တရစရာ ကိစ္စတွေမဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။

စိတ်ရှည်သည်းခံတတ်ဖို့ ဘယ်လိုကြိုးစားမလဲ
စိတ်ရှည်သည်းခံတတ်ဖို့ ကြိုးစား တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်ဟာ ဘယ်အရာတွေကြောင့် စိတ်တိုတတ်လဲ ဆိုတာကို အရင်သုံးသပ်ကြည့်ပါ။ အ ကြောင်းရင်းတွေကတော့ အများကြီးရှိနိုင် ပါတယ်။ လူတွေကြောင့်ဖြစ်နိုင်သလို၊ အ ခြေအနေအချိန်အခါကြောင့် အခန့်မ သင့်ရင်လည်း စိတ်တိုတာ ဖြစ်တတ်ပါ တယ်။ ဒီအကြောင်းအရာတွေကို ချရေး ကြည့်ပါ။ ပြီးရင် ဒီအတွက် အဖြေရှာပါ။ ဥပမာ – ဗိုက်ဆာလာရင် စိတ်တိုတတ် တဲ့ သူအနေနဲ့ အဆင်သင့်စားလို့ရမယ့် စားစရာတစ်ခုခု အမြဲဆောင်ထားရပါ မယ်။
စိတ်ရှည်သည်းခံဖို့ ကြိုးစားတဲ့အခါ အစပိုင်းမှာ အခက်အခဲရှိနိုင်ပေမယ့် ကြိုး စားရင်းနဲ့ စိတ်ကို ထိန်းနိုင်သွားမှာပါ။ စိတ် တိုတော့မယ်လို့ သတိပြုမိရင် အသက်ကို ဝဝရှူလိုက်ပါ။ လေကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စိတ်ထဲမှာ တစ်ကနေ တစ်ဆယ်ထိ ဖြည်းဖြည်းချင်း ရေတွက်ပါ။ တစ်ဆယ်ထိ ရေတွက်ပြီးလို့ စိတ်တိုတာ မလျော့သေးရင် ဆက်ပြီး ရေ တွက်ပါ။ လူအများစုမှာ ပြဿနာက စိတ် တိုတော့မယ်ဆိုတာကို သတိမပြုမိလိုက် ဘဲ ဒေါသပေါက်ကွဲမိတာပါ။
စိတ်တိုချင်စိတ်ဖြစ်တဲ့အခါ ကြွက်သားတွေ တောင့်တင်းလာတာမျိုး ဖြစ် လာတတ်တဲ့အတွက် ခေါင်းကနေ ခြေ ဖျားထိ ကြွက်သားတွေ ပြေလျော့သွား အောင် အကြောလျှော့ပေးပါ။ ဒီလိုလုပ် ပေးတာက စိတ်ကိုပါ ပြေလျော့စေပါ တယ်။

ပြဿနာကိုမတွေးဘဲ ပြေလည်စေမယ့် အဖြေကို စဉ်းစားပါ
ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ် စေတဲ့ အကြောင်းအရာတွေကို အပြစ် တင်နေမယ့်အစား ဒီအတွက် ကိုယ် ဘာ လုပ်မလဲဆိုတာ စဉ်းစားပါ။ ကိုယ်လည်း ဘာမှ မလုပ်နိုင်ဘူး၊ မတတ်နိုင် ဘူးဆိုရင် စိတ်လျှော့လိုက်ပါ။ ဥပမာ – ကားလမ်း တွေ ပိတ်တဲ့အခါ စိတ်တိုလာနိုင်ပါတယ်။ ဒီအခါ စိတ်ဖိစီးလာမယ်၊ ဟွန်းကို အ ဆက်မပြတ်တီးမိလာမယ်။ ဒါပေမဲ့ ဒီလို တွေလုပ်လိုက်လို့ ကားလမ်းရှင်းမသွား နိုင်ပါဘူး။ ဒီတော့ စိတ်လျှော့လိုက်ပါ။
စိတ်မရှည်တတ်တဲ့သူတွေအတော် များများက ခုဆိုခုချက်ချင်း ရချင်တာ၊ ပြီးချင်တာ၊ နောက်မရွှေ့ချင်တာ၊ အချိန် မဖြုန်းချင်တာ များပါတယ်။ ဒါပေမဲ့ တ ချို့အရာတွေက လောလို့မရတာတွေ ရှိ ပါတယ်။ သင်ပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်တွေ ကို ပြန်စဉ်းစားကြည့်ပါ။ လောကမှာ လှပ တဲ့အရာတွေ၊ ကောင်းမွန်တဲ့အရာတွေ ဖြစ်လာနိုင်ဖို့ အချိန်အတိုင်းအတာ တစ်ခု လိုအပ်ပါတယ်။

အကောင်းဘက်က အတတ်နိုင်ဆုံး တွေးတော ဆင်ခြင်ပါ
အကောင်းဘက်က အမြဲတွေးနိုင် အောင် ကြိုးစားပါ။ နေ့စဉ်ဘဝကို ပြိုင်ပွဲ လို့သဘောထားပြီး ရုန်းကန်လှုပ်ရှားရတာ ပင်ပန်းပါတယ်။ စိတ်ရှည်သည်းခံနိုင်လာ တဲ့သူတွေမှာ စိတ်ကူးပေါက်ရာ လုပ် တတ်တဲ့ အကျင့်တွေ၊ စိတ်ပါလက်ပါ တုံ့ပြန် တတ်တာတွေကို ထိန်းချုပ်လာနိုင် ပါလိမ့်မယ်။ မိမိကိုယ်ကိုယ် ဆင်ခြင်သုံး သပ်နိုင်စွမ်းလို့ ခေါ်တဲ့ Self awareness ရှိလာပါမယ်။ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါမှာလည်း သူ့ဘက်၊ ကိုယ့် ဘက် မျှတွေးပေးနိုင်လာမှာမို့ ပိုပြီး အဆင် ပြေချောမွေ့နိုင်ပါတယ်။ မျှဝေခံစားပေး နိုင်တာ၊ ခွင့်လွှတ်ပေးတာ၊ ရက်ရောတာ၊ သနားကြင်နာတတ်တာတွေဟာ စိတ် ရှည်သည်းခံနိုင်သူတွေမှာ တွေ့ရတဲ့ အ ရည် အသွေးတွေ ဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal