စိတ်ညစ်ရင်အရက်သောက်သင့်လား

လူမှုဘ၀မှာ စိတ်ဖိစီးမှုက နေ့စဉ်နဲ့ အမျှ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ သ ဘာဝပါပဲ။ သင်တစ်ယောက်တည်း စိတ် ညစ်စရာကြုံနေရတာမဟုတ်ပါဘူး။ ၀မ်း နည်းတာ၊ ဒေါသထွက်တာ၊ စိုးရိမ်တာ၊ စိတ်လှုပ်ရှားတာ၊ ကြောက်တာ၊ စိတ်ပျက် တာ စသဖြင့် စိတ်ညစ်စေတဲ့ စိတ်ခံစား မှုမျိုးစုံကို နေ့စဉ်ကြုံတွေ့ရနိုင်ပါတယ်။
စိတ်ဖိစီးမှုဖြစ်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူ ပိုင်းဆိုင်ရာမှာ သက်ရောက်နိုင်ပါတယ်။ ကျန်းမာရေးကို ထိခိုက်စေရုံသာမကဘဲ လူမှုရေး၊ စီးပွားရေးနဲ့ လူမှုရေးရာ အ၀၀ ကိုပါ ထိခိုက်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုကို ကောင်းကောင်း ကိုင် တွယ်မဖြေရှင်းနိုင်တဲ့ သူတွေဟာ အရက် ကို ပိုပြီး ဖက်တွယ်စေတတ်ပါတယ်။ အထူးသဖြင့် မိသားစုဝင်ထဲမှာ အရက်စွဲ နေတဲ့သူရှိတာ၊ မိခင်က ကိုယ်ဝန်ဆောင် ချိန်မှာ အရက်သောက်တာ၊ ငယ်ရွယ်စဉ် ကလေးဘ၀မှာ အနိုင်ကျင့်ခံရတာ၊ စွန့်ပစ်ထားခံရတာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းနေသူတွေမှာ အရက်သေစာသောက်စားနိုင်ခြေ မြင့် မားပါတယ်။
စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့က အ ရက်တစ်မျိုးတည်းမဟုတ်ပါဘူးဆိုတာကိုလည်း မမေ့သင့်ပါဘူး။ သေရည်အ ရက်က သောက်သောက်ချင်း ငြိမ်သက် မှိန်းသွားစေတာမှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ ယာယီပဲဖြစ်ပြီး အရက်က စဉ်းစား စဉ်ဆင်ခြင်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းကို မှားယွင်းစေပါတယ်။ အတွေးမှန်မှန်ကန် ကန် မစဉ်းစားနိုင်တော့ဘူး၊ လုပ်သင့်တဲ့ အလုပ်တွေ လုပ်ဖို့မေ့မယ်၊ မလုပ်သင့်တဲ့ အလုပ်တွေ မလုပ်ဖို့မေ့မယ်။ နောက်ပြီး ကောင်းကောင်းအိပ်မပျော်စေဘဲ နှလုံး ခုန်မြန် ရင်တုန်ပြီး လန့်နိုးလာစေပါတယ်။ ဒါတွေက စိတ်ဖိစီးမှုကို ပိုပြီး ဖြစ်စေပါ တယ်။ သောက်စရှိရင် စွဲသွားနိုင်ပါသေး တယ်။
ဒါကြောင့် စိတ်ညစ်တာကို တစ် ကယ်ပျောက်ချင်ရင် အရက်ကို လုံးဝ မ သောက်ပါနဲ့။ အရက်သောက်မယ့်အစား ယုံကြည်ရတဲ့ မိသားစုဝင်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားပြောတာ၊ အပြင် သွားတာ၊ စာဖတ်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ ကိုယ်လက်လှုပ် ရှား အားကစားလုပ်တာ၊ အိမ်မွေးတိရစ္ဆာန် လေးတွေနဲ့ အချိန်ဖြုန်းတာတွေလုပ်ပါ။

အရက်က ကျန်းမာရေးအပေါ်ဘယ်လို သက်ရောက်နိုင်လဲ
♦ သေရည် အရက်သောက်ပြီဆိုတာနဲ့ အရင်ဆုံး သက်ရောက်မှုက ဦးနှောက်အ ပေါ်မှာ ဖြစ်ပါတယ်။ စိတ်ခံစားမှု၊ အပြု အမူ၊ လှုပ်ရှားမှုတွေ ပြောင်းလဲစေပါ တယ်။
♦ နောက်တစ်ချက်က နှလုံးပေါ်ကို ဒဏ်ပိစေပါတယ်။ သင့်နှလုံး ကြွက်သား တွေပေါ် ဒဏ်ပိစေမယ်၊ နှလုံးခုန်နှုန်း ပုံမမှန်အောင်လုပ်မယ်၊ သွေးဖိအားကို မြင့်တက်စေပြီး လေဖြတ်စေတတ်ပါ တယ်။
♦ အရက်ကို တာရှည်သောက်သုံးလာ တဲ့သူတွေမှာ အသည်းအဆီဖုံးတာ၊ အ သည်းခြောက်တာနဲ့ အသည်းနဲ့ပတ်သက် တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
♦ ပန်ကရိယရောင်ရမ်းပြီး အဆိပ်ဖြစ် စေတဲ့ တော့ဆင်တွေ ထွက်ရှိတာ၊ သွေး ကြောဖောင်းပွတာတွေ ဆက်ဖြစ်လာစေ ပါတယ်။
♦ ပါးစပ်၊ အစာရေမျို၊ လည်ချောင်း၊ ရင်အုံ၊ အသည်း ကင်ဆာတွေ ဖြစ်စေမှု နဲ့လည်း သေရည်အရက်က ဆက်စပ် နေပြန်ပါတယ်။
♦ အရက်ကို အလွန်အကျွံတစ်ည လောက်သောက်လိုက်မိတာနဲ့ နောက် ၂၄ နာရီလောက်ထိက ကိုယ်ခံအား ကျ ဆင်းနေမှာဖြစ်ပြီး ရောဂါတွေ အလွယ် တကူ ၀င်ရောက်လာနိုင်ပါတယ်။
♦ ဒါကြောင့် အရက်ကို ပုံမှန်သောက်သူ တွေမှာ အဆုတ် ရောင်ရမ်းနာ (Pneu-monia) နဲ့ တီဘီရောဂါ (Tubercu-losis) တွေ ပိုပြီး အဖြစ်များတတ်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *