သုတေသနသစ်တစ်ရပ်မှာ စိတ်ဖိ အားအလွန်များခြင်းကြောင့် အမြင်အာရုံ ဆုံးရှုံးရတဲ့အထိဖြစ်နိုင်တယ်လို့ ဆိုခဲ့ကြ ပါတယ်။ အမြင်အာရုံဆုံးရှုံးရခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်စေနိုင်ပေမယ့် စိတ်ဖိစီးမှု ကြောင့်လည်း မျက်စိကွယ်စေနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက အခုအခါမှဆို လာခဲ့တာပါ။ စိတ်ဖိအားဟော်မုန်းဖြစ်တဲ့ ကော်တီဇုန်းပမာဏ မြင့်တက်နေမယ်ဆို ရင် မျက်လုံးနဲ့ဦးနှောက်ထဲက နာ့ဗ်ကြော နဲ့သွေးကြောလေးတွေကို ထိခိုက်စေနိုင် တဲ့အတွက် အမြင်အာရုံကို ဆိုးရွားလာ စေပါတယ်။ ဒါဆိုရင် ရေတိမ်၊ ဆီးချို ကြောင့် မျက်စိကွယ်ခြင်း၊ အရွယ်မတိုင် မီ အမြင်အာရုံေ၀၀ါးခြင်းတို့ ဖြစ်ပေါ်စေ နိုင်ပါတယ်။ သုတေသနမှာ နောက်ထပ် တွေ့ရှိခဲ့တာတစ်ခုက စိတ်ဖိအားကို လျှော့ချနိုင်မယ်ဆိုရင် စိတ်ဖိစီးမှုကြောင့် ထိခိုက်ထားတဲ့အမြင်အာရုံက ပြန်လည် ကောင်းမွန်လာနိုင်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ အလုပ်မှာ ဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် တစ်စုံတစ်ခုကို အလွန်အမင်းစိုးရိမ်ပူပန်နေတာမျိုး ကြောင့်ဖြစ်တတ်ပါတယ်။
◘ (AP, 21.6.18) အေးယုနိုင်