တရားထိုင်တယ်ဆိုတာကို ဗုဒ္ဓဘာ သာဝင်တွေမှ မဟုတ်ပါဘူး၊ နိုင်ငံတကာ မှာပါ လက်ခံကျင့်သုံးနေပြီ ဖြစ်ပါတယ်။
လူတိုင်းအရွယ်သုံးပါးမှာ စိတ်ရော၊ လူ ရော ပင်ပန်းကြရပါတယ်။ ရက်ရှည်၊ လ ရှည်၊ နှစ်ရှည် နေ့စဉ် ရုန်းကန်လှုပ်ရှား ကြရပြီး စိတ်ဖိစီးမှုတွေ တစ်နေ့ နည်း နည်း၊ နည်းနည်းနဲ့ စုလာနိုင်ပါတယ်။ မနေ့က စိတ်ပင်ပန်းမှုကဒီနေ့ထိပါလာနိုင်သလို၊ နောက်တစ်ပတ်၊ နောက်တစ် လထိပါကျန်နေနိုင်ပါတယ်။ တရားထိုင် တယ်ဆိုတာက စိတ်ကို ဖြေလျှော့နည်း တစ်မျိုးဖြစ်ပါတယ်။ ပင်ပန်းနေတဲ့ ခန္ဓာ ကိုယ်ကိုအပြစ်မတင်ဘဲ ကရုဏာနဲ့ကြည့် ပြီး တင်းနေတဲ့ အကြောတွေ၊ ကြွက်သား တွေကို ဖြေလျှော့ပေးဖို့ဖြစ်ပါတယ်။
ပုံမှန်တရားထိုင်ဖို့ လေ့ကျင့်သွားမယ် ဆိုရင် တရားထိုင်အားကောင်းလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေ အပြင် ကျန်းမာရေးအတွက်ပါကောင်းကျိုး တွေရနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကောင်းကျိုးများ
♦ စိတ်လှုပ်ရှားမှုတွေကို လျော့ကျစေတယ်။
♦ စိတ်ကို ထိန်းချုပ်နိုင်မှုအားကောင်းလာ မယ်။ တီထွင်ဖန်တီးနိုင်စွမ်းမြင့်လာမယ်။
♦ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်နေ တတ်လာမယ်။ အလိုလိုထိုးထွင်းသိမြင်နိုင်စွမ်းမြင့်လာမယ်။
♦ စိတ်ကြည်လင်ပြီး အေးချမ်းမှုကိုရမယ်။
♦ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းနိုင်သွားမယ်။
♦ အာရုံစူးစိုက်မှုကို ကောင်းစေပြီး ထက် မြက်တဲ့စိတ်ကို ရစေမယ်။
ကျန်းမာရေးကောင်းကျိုးများ
♦ သွေးဖိအား လျော့ကျစေမယ်။
♦ သွေးတွင်း Lactate ပမာဏကို လျော့ နည်းစေလို့ Anxitey Attack ဖြစ်နိုင် ခြေကို လျော့ကျစေမယ်။
♦ တင်းမာနေတဲ့စိတ်ဖိစီးမှုကြောင့် ဖြစ် လာတဲ့ ခေါင်းကိုက်တာ၊ အိပ်မပျော်တာ၊ ကြွက်သားနဲ့အရိုးအဆစ် ပြဿနာတွေ လျော့နည်းစေမယ်။
♦ ဆီရိုတိုနင်လို့ခေါ်တဲ့ ဟက်ပီးဟော်မုန်း ကိုထုတ်ပေးပြီး ကောင်းမွန်တဲ့ အပြုအမူ ဖြစ်စေမယ်။
♦ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ်။
♦ စိတ်ပိုင်းဆိုင်ရာမှာ အားရှိလာတဲ့အတွက် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်မားလာစေပါမယ်။
ပညာရေးမှာထူးချွန်စေမယ်
ပညာသင်ကြားတဲ့အရွယ် ကျောင်း သား၊ ကျောင်းသူတွေ တရားထိုင်တဲ့ အ ခါမှာ –
♦ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာမယ်။
♦ စိတ်ပိုကြည်ပြီး အာရုံစိုက်နိုင်မယ်။
♦ ကျန်းမာရေးပိုကောင်းလာမယ်။
◘ ထူးဒါလီကိုကို (MPharm)