Pfizer ကာကွယ်ဆေးက ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများအတွက် ဘေးကင်းစိတ်ချရပြီး အာနိသင်ထိရောက်ဟု ဆို

အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် နိုင်စေဖို့ လေ့လာခဲ့ကြရာမှာ ၎င်းင်းတို့ရဲ့ COVID-19 ကာကွယ်ဆေးက ဘေး ကင်းစိတ်ချရပြီး အာနိသင်ထိရောက်မှုရှိတာကိုတွေ့ရတယ်လို့ Pfizer and BioNTech က ဆိုပါတယ်။ ကလေး ၂၀၀၀ ဦးကျော်ပါဝင်ခဲ့တဲ့ လေ့လာမှုအရ ဏ်ငဖနမ ကာကွယ်ဆေးက ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေအတွက် ဘေးကင်းစိတ်ချစွာသုံးနိုင်တဲ့အပြင် ကာကွယ် ဆေးထိုးထားတဲ့ကလေးတွေမှာ ဗိုင်း ရပ်စ်ကိုချေမူှုန်းတဲ့ ပဋိပစ္စည်းတုံ့ပြန်မှု အားကောင်းတာကိုလည်း တွေ့ရတယ် လို့ ဏ်ငဖနမ ကဆိုပါတယ်။ Pfizer ကာ ကွယ်ဆေးက အမေရိကန်နိုင်ငံရဲ့ အ ရွယ်ရောက်ပြီးသူတွေမှာ ထိုးနှံသုံးစွဲခွင့် ပြုတဲ့ ပထမဦးဆုံးကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးဖြစ်ပါတယ်။ နှစ်လုံးထိုးရတဲ့ ၎င်းတို့ရဲ့ကာကွယ်ဆေးနဲ့ပတ်သက် လို့ လေ့လာမှုတွေထပ်လုပ်ပြီးတဲ့နောက် အမေရိကန်ရဲ့အသက် ၁၂ နှစ်အထက် ကလေး တွေမှာပါ ထိုးနှံသုံးစွဲခွင့်ပြုထား ခဲ့ပြီးဖြစ်ပါတယ်။ စက်တင်ဘာ ၂၀ ရက် မှာတော့ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား အရွယ်ကလေးအုပ်စုတွေမှာပါ ၎င်းတို့ရဲ့ ကာကွယ်ဆေးထိုးနှံနိုင်တဲ့လေ့လာတွေ့ရှိမှုအချက်အလက်ကို Pfizer ကုမ္ပဏီက အခုလို ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပါ တယ်။ COVID-19 ကူးစက်မှုအန္တရာယ် က အရွယ်ရောက်ပြီးသူတွေမှာသာမက ကလေးတွေမှာပါ စိုးရိမ်ဖွယ်ရာဖြစ်ပြီး ဇူလိုင်လကတည်းက အမေရိကန်မှာ ကူး စက်ခံရတဲ့ကလေးလူနာဦးရေ ၂၄၀ ရာ ခိုင်နှုန်းတိုးများလာတာကိုတွေ့ရတယ် လို့ Pfizer ရဲ့ စီအီးအိုအဲလ်ဘတ်ဘူဝါလာ ကဆိုပါတယ်။

(DS, 23.9.2021) TL

 

Post Author: Good Health Journal