စိုးရိမ်စိတ်များသူတို့ ရှောင်သင့်သောအစားအစာများ

စိုးရိမ်စိတ်များသူ ဒါမှမဟုတ် စိတ်ကျဝေဒနာရှိသူတွေအနေနဲ့ အစားအသောက်ကြောင့် ပိုပြီးစိုးရိမ်တတ်တာ ဒါမှမဟုတ် စိတ်ဓာတ်ကျတာရှိနိုင်သလို မှန်ကန်စွာ ရွေး ချယ်စားသောက်တတ်တာကြောင့်လည်း စိုးရိမ်စိတ်တွေလျော့သွားနိုင်ပါတယ်။ အောက်ပါတို့ဟာ စိုးရိမ်စိတ်များသူတွေ ဒါမှမဟုတ် စိတ်ကျဝေဒနာရှိသူတွေ ရှောင် ရှားသင့်တဲ့အစားအစာတွေပါ။

သစ်သီးဖျော်ရည်များ
သစ်သီးတစ်လုံးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ၀မ်းဗိုက်ပြည့်တင်းမှုကို ရရှိစေနိုင်ပြီး သွေးမှစွမ်းအင်အသုံးချနိုင်မှု နှေးကွေးစေနိုင်ပါတယ်။ ဒီအမျှင်ဓာတ်တွေသာ မရှိခဲ့ရင် (ဥပမာ သစ်သီးဖျော်ရည်လိုမျိုး) သင်ဟာ အချိုရည်တွေ သောက်နေသလို သာဖြစ်နေတတ်တာကြောင့် စွမ်းအင်ရရှိမှုမြန်ဆန်သွားနိုင်သလို စွမ်းအင်ကျဆင်းနှုန်းကလည်း နှေးကွေးသွားနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အတွက် ဗိုက်ဆာလာတာနဲ့ ဒေါသ ထွက်တာတွေ(Hungry & Angry = Hangry) ဖြစ်လာနိုင်ပါတယ်။ ဒီသစ်သီးဖျော် ရည်တွေက စိုးရိမ်စိတ်များတာနဲ့ စိတ်ကျဝေဒနာတွေကို အကူအညီမပေးနိုင်ပါဘူး။ သစ်သီးဖျော်ရည်သောက်မယ့်အစား သစ်သီးတွေကို ဒီအတိုင်းသာ စားပါ။ ရေငတ်ခဲ့ရင် ရေသာ သောက်ပါ။

ဆော်ဒါပါဝင်သော ဖျော်ရည်များ
ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေမှာလည်း သွေးတွင်းသကြားဓာတ်မြင့်တက်စေ နိုင်တဲ့ သကြားတွေသာ ပါဝင်ပြီး အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ဆော်ဒါပါဝင်တဲ့ အချိုရည်တွေက စိတ်ကျဝေဒနာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။

Diet ဆော်ဒါ
သကြားမပါဝင်တာကြောင့် ဘာပြဿနာမှ မရှိဘူးလို့ ထင်နေပါသလား။ Diet Soda ကလည်း စိတ်ကျဝေဒနာကို ပိုမိုဆိုးရွားနိုင်ပါတယ်။ ဒီဆော်ဒါမှာ ပါဝင်တဲ့ ကဖင်းဓာတ်တွေက စိုးရိမ်စိတ်များသူတွေအတွက် အလွန်ဆိုးရွားနိုင်ပါတယ်။

ပေါင်မုန့်ကင်
ဂျုံဖြူနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေကို သင်စားပြီးတာနဲ့ သွေးတွင်းသကြားဓာတ် ကို မြန်မြန်မြင့်တက်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာက စိုးရိမ် စိတ်များသူတွေနဲ့ စိုးရိမ်စိတ်များသူတွေအတွက် မကောင်းပါဘူး။

Dressing
ဟင်းရွက်သုပ်တွေမှာ ထည့်ရတဲ့ မယောနိစ်၊ သောင်ဇင်အိုင်းလန်းဒ်လိုမျိုး Dressing တွေမှာ သကြားဓာတ်တွေ များစွာ ပါဝင်ပါတယ်။ သူတို့ဆီက ရရှိတဲ့ အချို ဓာတ်တွေက ဆေးသကြားကို အသုံးပြုထားတတ်ကြပါတယ်။ ဆေးသကြားက စိုးရိမ် စိတ်များတာ၊စိတ်ကျဝေဒနာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

ခရမ်းချဉ်သီးအနှစ် (Ketchup)
ခရမ်းချဉ်သီးနဲ့ပြုလုပ်ထားတာဖြစ်ပေမယ့် သကြားများစွာ ပါဝင်တတ်ပါတယ်။ Ketchup စားပွဲဇွန်းတစ်ဇွန်းစာမှာ သကြားလေးဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် ဆေး သကြားလိုမျိုး သကြားတုကိုပါ အသုံးပြုထားတဲ့အတွက် စိုးရိမ်စိတ်များသူတွေ၊ စိတ်ကျဝေဒနာရှင်တွေနဲ့ မသင့်တော်ပါဘူး။

ကော်ဖီ
ကဖင်းဓာတ်ကို အသုံးမပြုဖူးဘဲနဲ့ အခုမှ စသုံးသူဖြစ်ခဲ့ရင် စိတ်ရှုပ်ထွေးနိုင်ပါ တယ်။ အစိုးရိမ်လွန်တာ၊ အကြောက်လွန်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အိပ် စက်မှုကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါတွေအားလုံးဟာ စိုးရိမ်စိတ်များသူ တွေ ဒါမှမဟုတ်

စိတ်ကျဝေဒနာရှင်တွေနဲ့ မသင့်တော်ပါဘူး။ ကော်ဖီကို စွဲနေသူဖြစ် ပြီး ရုတ်တရက် မသောက်ဘဲ ဖြတ်လိုက်ရင်လည်း ဒီလိုလက်္ခဏာတွေ ခံစားရတတ်ပါ တယ်။

စွမ်းအားဖြည့်ဖျော်ရည်များ
ဒီဖျော်ရည်တွေက နှလုံးခုန်နှုန်းမမှန်တာ၊ စိုးရိမ်စိတ်များတာနဲ့ အိပ်စက်မှုပြဿနာ တွေ ဖြစ်တတ်ပါတယ်။ သူ့မှာ ကဖင်းတွေ များစွာ ပါဝင်နေတာကြောင့်ပါ။ သကြား ဓာတ် ဒါမှမဟုတ် ဆေးသကြားလို သကြားတုတွေလည်း ပါဝင်တဲ့အတွက် စိုးရိမ်စိတ် များသူတွေ၊ စိတ်ကျဝေဒနာရှိသူတွေ ရှောင်သင့်တဲ့ဖျော်ရည်ပါ။ ရေငတ်ရင် ရေသာ သောက်ပါ။ အချိုတည်းချင်ရင် သစ်သီးစားပါ။

အယ်လ်ကိုဟော
အယ်လ်ကိုဟော အနည်းငယ်သောက်တာတောင်မှ အိပ်စက်မှုကို ပြဿနာဖြစ် စေနိုင်ပါတယ်။ အိပ်ရေးမ၀တာက စိတ်ကျဝေဒနာနဲ့ စိုးရိမ်စိတ်များတာကို ပိုဆိုးရွား နိုင်ပါတယ်။ အအိပ်များလွန်းတာကလည်း ဒီလိုပြဿနာတွေ ဖြစ်တတ်ပါတယ်။

ဆီကြော်စာများ
ဆီကြော်စာ၊ ပီဇာ၊ ကိတ်မုန့်၊ ကွတ်ကီးလိုမျိုး အစားအစာတွေမှာ ထပ်ပြန်ကြော် ဆီတွေ အများကြီးပါဝင်ပါတယ်။ ဒီအဆီတွေ စားတာက စိတ်ကျဝေဒနာနဲ့ ဆက်စပ် မှုရှိပါတယ်။ အဆီစာ စားချင်ရင် ငါး၊ သံလွင်ဆီ၊ ထောပတ်သီးနဲ့ အစေ့အဆန်လိုမျိုး ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီကို ရွေးချယ်ပါ။ ဒါတွေက စိတ်ဓာတ်တက်ကြွ စေနိုင်ပါတယ်။

ပဲငပိ၊ ပဲငံပြာရည်
ဂလူတင်ကို Sensitive ဖြစ်သူတွေအနေနဲ့ ပဲငပိနဲ့ပြုလုပ်ထားတဲ့ ပဲငံပြာရည်ကို အသုံးမပြုသင့်ပါဘူး။ စိုးရိမ်စိတ်နဲ့ စိတ်ကျဝေဒနာတွေကို ပိုဆိုးရွားစေနိုင်တာကြောင့် ပါ။

အဆင်သင့်အစားအစာများ
ငါးခြောက်၊ ၀က်ပေါင်ခြောက်၊ ၀က်အူချောင်းလို ပြုပြင်ထားတဲ့အသားတွေ၊ ဆီ ကြော်စာတွေ၊ သကြားလုံး၊ ကိတ်မုန့်တွေနဲ့ မလိုင်အပြည့်ပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာ များတာက စိုးရိမ်စိတ်များတာနဲ့ စိတ်ကျဝေဒနာဖြစ်နိုင်ခြေ ပိုများပါတယ်။

ဒိုးနတ်
ဒိုးနတ်မုန့်မှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေ များစွာ ပါဝင်ပြီး ဂျုံဖြူနဲ့ ပြုလုပ်ထားကာ အမျှင်ဓာတ်အနည်းငယ်သာ ပါဝင်တာကြောင့် စိုးရိမ်စိတ်များသူတွေ မစားသင့်တဲ့အစားအစာပါ။ ဒါ့အပြင် သကြားဓာတ်တွေလည်း များစွာ ပါဝင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *