စားပြီးရင်း ဆာနေတာ ဘာကြောင့်လဲ

ဗိုက်ဆာတာဟာ လူတစ်ယောက်ရဲ့ အစာအိမ်၊ အူ၊ ဦးနှောက်၊ ပန်ကရိယနဲ့ သွေးတွေထဲမှာ ဖြစ်ပျက်နေတဲ့ရှုပ်ထွေး တဲ့ ဓာတ်ပြုမှုတွေကြောင့်ဖြစ်လို့ လူတစ် ယောက်ဟာ ဗိုက်ဆာနိုင်ပါတယ်။ အဲဒီ လိုမျိုး ခန္ဓာကိုယ်အတွင်းထဲက မမြင်သာ တဲ့ ဖြစ်စဉ်တွေကြောင့် ဗိုက်ဆာရသလို မြင်သာတဲ့နေထိုင်စားသောက်မှုပုံစံက လည်း မကြာမကြာ ဗိုက်ဆာတာကို ဖြစ်စေတတ်ပါသေးတယ်။ လူတစ်ယောက် ဟာ မကြာခဏ ဗိုက်ဆာတတ်တယ်။ အစာတွေ အများကြီး စားလိုက်ပေမယ့် ခဏနေတာနဲ့ ဗိုက်ပြန်ပြန်ဆာနေတယ် ဆိုရင် ဘာကြောင့်များဖြစ်မလဲ။ အောက် ပါအစားအစာတွေ သင်စားမိနေတာ ကြောင့်ဖြစ်တယ်ဆိုတာ သတိထားမိစေ ချင်ပါတယ်။

၁။ အဖြူရောင်ပေါင်မုန့်များ
ပေါင်မုန့်အဖြူတွေရအောင် ဖုတ်ဖို့ အတွက် အသုံးပြုကြတဲ့ ဂျုံမှုန့်တွေဟာ အပြင်ခွံတွေ အထပ်ထပ် အခါခါ ချွတ် ထားတာဖြစ်ပြီး အမျှင်ဓာတ်တွေ ပါဝင်မှု ကလည်း သဘာဝအတိုင်းရတဲ့ ဂျုံတွေ ထက် လျော့နည်းနေပါတယ်။ အဖြူ ရောင်ပေါင်မုန့်တွေကိုစားတာဟာ အင် ဆူလင်တွေကို ပိုထွက်လာစေတာကြောင့် မကြာခဏလည်း ဗိုက်ဆာစေတတ်ပြီး အထပ်ထပ်အခါခါ စားမိစေတာဖြစ်ပါ တယ်။ လေ့လာသူတွေကတော့ ပေါင်မုန့် အဖြူကို စားတဲ့သူတွေဟာ ပေါင်မုန့်အ ညို စားသုံးသူတွေထက် ၄၀ ရာခိုင်နှုန်း လောက်ပိုပြီး ဗိုက်ဆာတတ်သလို ၅ နှစ်အတွင်းမှာလည်း အဝလွန်ကဲတာမျိုး ပိုဖြစ်လာနိုင်တာကို အတည်ပြုထားပြီး ဖြစ်ပါတယ်။ ပေါင်မုန့်အညိုဟာ ခန္ဓာ ကိုယ်အတွက် လိုအပ်နေတဲ့ ဗီတာမင်ဘီ အုပ်စုကို ပေးနိုင်သလိုအာရုံကြောနဲ့ပတ် သက်တဲ့ ပြဿနာတွေကိုတောင်မှ ဟန့် တားနိုင်တာကြောင့် ကျန်းမာရေးအရ စားသင့်တယ်လို့အားလုံးက တညီတ ညွတ်တည်း လက်ခံထားကြပါတယ်။

၂။ အချိုရည်များ
အမောအပန်းပြေဖို့ သောက်သုံးကြ တာကစပြီး ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲ တွေမှာ မပါမဖြစ်တဲ့အရာဟာ အချိုရည် တွေပါပဲ။ အဲဒီလိုမျိုး အချိုရည်တွေဟာ သောက်ရတာ ဘေးကင်းတယ်ဆိုပေမယ့် သကြားဓာတ်ပါဝင်မှုများတယ်ဆိုတဲ့ အ ချက်ကတော့ ဘယ်လိုမှ ငြင်းလို့မရနိုင်ပါ ဘူး။ အချိုရည်တွေဟာ အမျှင်ပါဝင်မှု ထက်သကြားပါဝင်မှုက ပိုများတာကြောင့် သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို မတည် မငြိမ်ဖြစ်စေပြီး ရုတ်တရက် တက်လာစေ သလို ကျသွားတာမျိုးလည်း ဖြစ်စေကာ မကြာခဏ ဆာလောင်မှုကို ခံစားရစေ တတ်ပါတယ်။ ဒါကြောင့် အချိုရည် သောက်သုံးသူတွေ၊ အသီးတွေကို သကြားတွေများများထည့်ပြီး ဖျော် သောက်သူတွေဟာ သကြားအချိုးအ စားကို မျှမျှတတထိန်းထည့်ပေးဖို့လို အပ်ပါတယ်။

၃။ ဆားပါဝင်မှုများတဲ့မုန့်များ
ငါးမုန့်ကြော်၊ အာလူးကြော်၊ အသား လုံးကြော်၊ ပေါက်ပေါက်တွေအပါအဝင် ဆားပါဝင်မှုများတဲ့ အစားအသောက်တွေ ဟာ ရိုးရှင်းတဲ့ ကစီဓာတ်တွေထက် ချေ ဖျက်တဲ့နေရာမှာ ပိုမိုခက်ခဲနေတတ်ပါ တယ်။ ဒါကြောင့် စည်သွတ်ဘူး၊ ငါး သေတ္တာ၊ ဝက်သားဆားနယ်၊ ဝက်ပေါင် ခြောက်၊ ငါးခြောက်၊ ပုစွန်ခြောက် အပါ အဝင် အငန်များတဲ့အစားအသောက်တွေ ဟာ အင်ဆူလင်တွေထွက်ရှိတာကို ရုတ် တရက်မြင့်သွားစေကာ ကတုန်ကယင် ဖြစ်လာတတ်သလို အင်ဆူလင်ဟော်မုန်း တွေ နည်းသွားပြီး မိမိကိုယ်မိမိ ဟန်ချက် ညီအောင် ထိန်းထားဖို့ ခက်ခဲသွားတာမျိုး လည်း ဖြစ်စေတတ်ပါတယ်။ အငန်ပါဝင် မှုများတဲ့ အစားအသောက်တွေကို စား သောက်ပြီးတဲ့ အချိန်မှာ သကြားလုံး၊ ဒါမှမဟုတ် အချိုတစ်ခုခုကို စားသောက် ချင် စိတ်တွေ ဖြစ်ပေါ်နေတတ်တာ၊ ဆား ပါဝင်မှုများတဲ့ အစားအသောက်တစ် ခုခု ကို စားသောက်ပြီးတိုင်းမှာ နောက်ထပ် အစားအသောက်တစ်ခုခုကို စားဖို့ မျှော် လင့်နေတတ်တာ၊ စားချင်စိတ်ဖြစ်နေ တာဟာ သဘာဝတစ်ခုပါပဲ။

၄။ အသင့်စား အစားအသောက်များ
အမြင်လှအောင်နဲ့ စားချင်စဖွယ် အနံ့လေး သင်းနေအောင် ပြင်ဆင်ထား ကြတဲ့ အသင့်စား အစားအသောက်တွေ ထုတ်လုပ်မှုရဲ့ နောက်ကွယ်မှာ အစာ စား ချင်စိတ်ကို ပြောင်းလဲသွားစေတဲ့ ဖြစ် စဉ်ကြီးတစ်ခုက အဆင်သင့်ရှိနေပါ တယ်။ ပြန်ကြော်ဆီတွေဟာ အူလမ်း ကြောင်းတွေကို ရောင်ရမ်းသွားစေပြီး အစာစားချင်စိတ်ကို ထိန်းညှိပေးတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေတတ်ပါတယ်။ ဒါတွေအပြင် အစာ စားချင်စိတ်ကို ထိန်းညှိပေးတဲ့ Dopamine & Serotonin တို့လို ဟော်မုန်း တွေရဲ့ ထုတ်လုပ်မှုကိုလည်း သွားရောက် ဟန့်တားထားတာကြောင့် အစာစား ချင်စိတ်ကို မထိန်းသိမ်းနိုင်ဘဲ ခဏခဏ စားချင်နေတတ်ပါတယ်။ တချို့သုတေသီ တွေကတော့ အသင့်စား အစားအ သောက်တွေဟာ ရေငတ်တာကိုပါ ခံစား ရစေတဲ့အတွက် ကယ်လိုရီ ပါဝင်မှုများတဲ့ အချိုရည်တွေကို ထပ်ပြီး သောက်မိစေ တတ်တယ်လို့ သတိပေးထားပါတယ်။

၅။ အရက်
အရက်ဟာ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ သကြားဓာတ် တစ်မျိုး ဖြစ်တဲ့ Glycogen  တွေကို လျော့နည်း သွားစေတတ်ပြီး အဲဒီလို ဆုံးရှုံးသွားတာ တွေကို ပြန်ဖြည့်တင်းနိုင်ဖို့အတွက် ခန္ဓာကိုယ်ဟာ ကစီဓာတ်တွေကို ပိုပိုပြီး စားချင်စိတ်တွေ ဖြစ်ပေါ်နေတတ်ပါ တယ်။ ဆာလောင်စိတ်ကို ထိန်းထားပေး ပြီး ပြည့်အင့်မှုကို ဖြစ်စေတဲ့ Leptin ဟော်မုန်းတွေဟာ အရက်စသောက်လိုက် တဲ့အချိန်ကစပြီး လျော့နည်းသွားပါတယ်။ ဒါကြောင့်ပဲ တစ်နေ့ကို အရက် ၃ ခွက် ထက်ပိုပြီးသောက်တဲ့သူတွေဟာ အ ရက်လုံးဝမသောက်သူတွေထက် ၂ ဆ လောက် အစာပိုစားနိုင်တာဖြစ်ပါတယ်။

၆။ အချိုခဲများ
လူတစ်ယောက်ရဲ့ နေ့စဉ်စား သောက်နေတဲ့ အစားအသောက်တွေထဲ မှာ အချိုမှုန့်ပါဝင်တာကို ထိန်းညှိဖို့၊ ကိုယ်အလေးချိန်ကို လျှော့ချဖို့အတွက် သကြားအစား အချိုခဲတွေကို အသုံးပြု လေ့ရှိကြပါတယ်။ အချိုပွဲတွေ ပြင်ဆင် တဲ့နေရာ၊ မုန့်ပဲသရေစာပြင်ဆင်တဲ့နေ ရာ၊ ကော်ဖီ၊ လက်ဖက်ရည်ဖျော်တဲ့နေ ရာမှာ မပါမဖြစ်ပါဝင်တဲ့ပစ္စည်းဟာ အချို ခဲတွေပါပဲ။ အဲ့ဒီလို ဖြည့်စွက်အသုံးပြုကြ တဲ့အချိုခဲတွေဟာဦးနှောက်မှာရှိတဲ့ ဆဲလ်တွေကိုတက်ကြွလာအောင် လှုံ့ ဆော်ပေးနိုင်ပါတယ်။ အထူးသဖြင့် တော့ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ နေရာကို သွားရောက်လှုံ့ဆော်ပေးတာ ကြောင့် ကစီဓာတ်ပါဝင်တဲ့ အစားအစာ တွေကိုပိုပိုပြီး စားချင်နေတာ ဖြစ်ပါတယ်။

၇။ ကလေးငယ်တို့အစားအသောက် များ
ကလေးတွေ စားသောက်ဖို့အတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ထားတဲ့ အစားအသောက်တွေ၊ ကွေကာအုတ်နဲ့ ကိတ်တွေဟာ ဂျုံမှုန့်အဖြူနဲ့ သကြားကို အခြေခံထားတာတွေချည်းပါပဲ။ ဒီလို အစားအသောက်တွေကို မနက်ခင်းတိုင်း မှာ ကလေးငယ်ကို ကျွေးတာဟာ ပိုပြီးတော့ ဆာလောင်မှုတွေ ဖြစ်စေတတ် ပါတယ်။ Cortisol ပမာဏ မြင့်တက်နေ တဲ့ မနက်ခင်းအချိန်မှာ ကစီဓာတ်တွေ အများကြီး ပါဝင်နေတဲ့ ဒီလို အစားအ သောက်တွေကိုစားလိုက်တာဟာ ကလေးငယ်ရဲ့ ဇီဝကမ္မ ဖြစ်ပျက်မှုတွေကို ပြောင်းလဲသွားစေပါတယ်။ ဒါ့အပြင် မြင့်တက်နေတဲ့ Cortisol တွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဟာ စားသုံး ထားတဲ့ သကြားဓာတ်တွေကို ချေဖျက် နိုင်စွမ်းတွေ နိမ့်ကျနေပြီး သွေးထဲမှာ သာ သကြားဓာတ်တွေဟာ မြင့်တက်နေ ပါတယ်။ သွေးထဲက သကြားဓာတ်တွေ ဟာဆဲလ်တွေထဲကိုဝင်ရောက်ပြီး စွမ်း အင် ထုတ်ပေးနိုင်စွမ်း မရှိတာကြောင့် ကလေးဟာ တက်ကြွမှုမရှိဘဲ နွမ်းနယ်ပြီး တော့ ဆာလောင်နေတတ်ပါတယ်။

♥ ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal