Pore-Cleansing Mask

လိုအပ်သည့်ပစ္စည်းများ

♦ နွားနို့ ထမင်းစားဇွန်း နှစ်ဇွန်းစာ
♦ Gelatin ဂျယ်လီမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ (လိုအပ်သလို ထပ်ထည့်နိုင်) (iHerb.com တွင် မှာယူရရှိနိုင်)
♦ Lavender Essential Oil ၁-၂ စက်ခန့်

ပြုလုပ်နည်း

♦ အပူခံပန်းကန်လုံးတစ်လုံးထဲကို နွားနို့ ထမင်းစားဇွန်း နှစ်ဇွန်းစာထည့်ပါ။
♦ အဲဒီထဲကို Gelatin ဂျယ်လီမှုန့် ထမင်းစားဇွန်းတစ်ဇွန်းစာ ပေါင်းထည့်ပါ။
♦ ပြီးရင် Lavender Essential Oil တစ်စက် ဒါမှမဟုတ် နှစ်စက်ခန့်ကို ရောထည့်ပြီး ရေအနည်းငယ်ထည့်ကာ မွှေပါ။
♦ အဲဒီပန်းကန်လုံးကို မိုက်ခရိုဝေ့ထဲထည့်ကာ အပူရှိန်နည်းနည်းနဲ့ စက္ကန့် ၃၀ ခန့် အပူပေးပါ။ (မဆူပွက်ပါစေနဲ့)
♦ ပျော်သွားပြီဆိုရင် အပြင်ထုတ်ကာ လေလုံပိတ်ဖန်ပုလင်းထဲ ထည့်ကာ သိမ်းဆည်းပါ။

 

အသုံးပြုနည်း

♦ ရလာတဲ့ Mask အနှစ်ကို မိတ်ကပ်ဘရပ်ရှ်နဲ့ယူပြီး သင့်မျက်နှာပေါ်က သင်ဖယ်ရှားချင်တဲ့ အဆီဖုငယ်လေးတွေပေါ်မှာ သုတ်လိမ်းပါ။ (နှာခေါင်း၊ မေးစေ့၊ ပါးနဲ့ ၀က်ခြံအဆီဖုလေးတွေပေါ်မှာ သေချာလိမ်းပါ)
♦ ခပ်ထူထူလိမ်းပေးပြီး ၁၅ မိနစ်ခန့်ထားပါ။
♦ ၁၅ မိနစ်ထက်ပိုပြီးအကြာကြီးမထားပါနဲ့။ အရမ်းခြောက်သွေ့သွားရင် ခွာရခက်ကာ မွေးညင်းနုလေးတွေ ကျွတ်သွားနိုင်ပါတယ်။
♦ အဲဒီနောက် Mask အလွှာလေးတွေကို ဖြည်းညင်းစွာ ခွာချလိုက်ပါ။
♦ နောက်ဆုံးမှာ ရေအေးအေးနဲ့ မျက်နှာသစ်ကာ အစိုဓာတ်ထိန်းခရင်မ်ခပ်ပါးပါးလိမ်းပါ။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *