ပရိုတင်းမှုန့်တွေသောက်တော့မယ်ဆိုရင် . . .

ဒီဆောင်းပါးမှာ ဖော်ပြမယ့် အကြောင်းအရာကတော့ ယနေ့ဈေးကွက်မှာ ခေတ်စားလာတဲ့ ပရိုတင်းမှုန့်တွေပဲ ဖြစ်ပါတယ်။ အားကစား ပြုလုပ်နေတဲ့ အမျိုးသားတွေအတွက်ကတော့ ပရိုတင်းမှုန့်တွေက အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြင်းအထန် အားကစားလုပ်ပြီး ပျက်စီးသွားတဲ့ြွကက်သားတွေကို အချိန်တိုအတွင်းမှာ ပြန်လည်ကောင်း မွန်စေနိုင်ပြီးြွကက်သားတွေ တည်ဆောက်ရာမှာ မြန်မြန်ဆန်ဆန်နဲ့ ဖွံဖြိုးလာနိုင်လို့ပါ။

ပရိုတင်းမှုန့်တွေဆိုတာ . . . 
များသောအားဖြင့် ပရိုတင်းမှုန့်တွေက ဝှီး၊ ဆွိုင်း နဲ့ ကစိမ်းကရတဲ့ ပရိုတင်းတွေ ဖြစ်ပါတယ်။ ဝှီးပရိုတင်းကတော့ အသုံးများပါတယ်။ သူက ရေမှာ အလွယ် တကူပျော်ဝင်နိုင်တာကြောင့်ပါ။ နောက်ပြီး သူ့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကိုးမျိုးလည်း ပါဝင်ပါတယ်။ ပရိုတင်းမှုန့်တွေကို ဖြည့်စွက်စာအနေနဲ့ သောက်နိုင်ပါတယ်။ သင်က  လိုအပ်တဲ့ အာဟာရ ရရှိဖို့ အသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးနေတယ်ဆိုရင် ပရိုတင်းမှုန့်တွေ သောက်စရာ မလိုပါဘူး။

အမေရိကန် အာဟာရ ပညာရှင်အဖွဲ့က သတ်မှတ်ထားတာကတော့ –

အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တစ်နေ့ကို ပရိုတင်း ဝ.၈ ဂရမ် ကီလိုဂရမ် (ကိုယ်အလေးချိန်) လိုအပ်ပါတယ်။

ပုံမှန်အားကစားသမားတွေမှာဆို တစ် နေ့ကို ၁.၂ – ၂ ဂရမ် ကီလိုဂရမ် (ကိုယ်အလေးချိန်) ထိ လိုအပ်ပါတယ်။

ကိုယ်ခန္ဓာ ကြီးထွားဖွံဖြိုးအောင် ကြိုးစားနေတဲ့ ကာယဗလ အားကစားသမားတွေမှာဆို တစ်နေ့ကို ၁.၅ – ၂ ဂရမ် ကီလိုဂရမ် (ကိုယ်အလေးချိန်) လိုအပ်ပါတယ်။ ဥပမာ – သင်ဟာြွကက်သား ကြီးထွား ဖွံဖြိုးဖို့ ကြိုးစားနေတဲ့ ၁၆၅ ပေါင် (၇၅ ကီလိုဂရမ်) ရှိသူဆိုရင် သင်ဟာ တစ်နေ့ ကို ပရိုတင်း ၁၅၀ ဂရမ် လိုအပ်ပါတယ်။

ပရိုတင်းမှုန့်ကို ဘယ်အချိန်သောက်ရမလဲ
ပရိုတင်းမှုန့်ကို များသောအားဖြင့် အားကစားလုပ်အပြီးမှာ သောက်ကြပါတယ်။ြွကက်သားတွေ ပြန်လည်တည် ဆောက်ဖို့နဲ့ ဖွံဖြိုးဖို့ဆို အားကစားလုပ်ပြီးပြီးချင်းမှာ သောက်တာက အထိရောက်ဆုံး ဖြစ်ပါတယ်။ နောက်ပြီး အားကစား မလုပ်ခင်ရော၊ လုပ်နေတုန်းမှာရော သောက်လို့ရပါတယ်။ ဒါပေမဲ့ အားကစား လုပ်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်က ပရိုတင်း ဓာတ်ကို ပုံမှန်ထက် လေး၊ ငါးဆ ပိုလို အပ်ပါတယ်။

ပရိုတင်းမှုန့်က ဝိတ်ကျနိုင်လား 
အရင်ကတော့ ပရိုတင်းမှုန့်တွေကို ကိုယ်ကာယ ဖွံဖြိုးကြီးထွားချင်တဲ့ သူတွေ၊ ပြင်းပြင်းထန်ထန် အားကစားလုပ်ပြီး တဲ့အခါ ဖြည့်စွက်အစာအဖြစ် စားတဲ့ သူတွေပဲ အဓိက မှီဝဲကြပါတယ်။ ဒီမှာ ဝိတ်ကျချင်တဲ့ အမျိုးသမီးတွေ အနေနဲ့ ပရိုတင်းမှုန့်တွေသောက်ဖို့ တွန့်ဆုတ်မိမှာပါ။ ဒီနေ့ခေတ်မှာတော့ ပရိုတင်းမှုန့်တွေကို ကိုယ်အလေးချိန် လျော့ကျ စေဖို့အတွက် ဖြည့်စွက်စာ အနေနဲ့လည်း အသုံးပြုလာကြပါပြီ။

ပရိုတင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း မမြင့်တက်အောင် ထိန်းပေးပါတယ်။ ခန္ဓာကိုယ်က ပရိုတင်းကို ချေဖျက်ဖို့ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ကို ချေဖျက်တာထက် စွမ်းအင်ပိုထုတ်ရပါတယ်။ အစာစားချင်စိတ်ကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် ပရိုတင်းက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ပရိုတင်းမှုန့်ထုတ်တဲ့ စက်ရုံတွေကတော့ ကိုယ်အလေးချိန်ရော၊ အဆီတွေရော လျော့ကျစေတယ်လို့ ပြောမှာပါ။ ဒါပေမဲ့ ပရိုတင်းမှုန့်တွေကိုပဲ အားကိုးနေလို့ မရပါဘူး။ ညစာလောက်ကို ပရိုတင်းမှုန့်တွေနဲ့ အစားထိုးပြီး စားမယ်ဆိုရင် ကယ်လိုရီ ပမာဏက လျော့သွားမှာ ဖြစ်လို့ ကိုယ်အလေးချိန် လျော့ကျနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန် စားသင့်တဲ့ နံနက်စာ၊ နေ့လည်စာတွေကိုလည်း လုံးဝမစားဘဲ ပရိုတင်းမှုန့်တွေဘဲ စားနေရင်လည်း လိုအပ်တဲ့ အာဟာရဓာတ် အစုံအလင်ကို အပြည့်အဝမရနိုင်ပါဘူး။

ကိုယ်အလေးချိန်ကျဖို့ဆိုရင် စားလိုက်တဲ့ စားစရာတွေကနေရတဲ့ စွမ်းအင်ထက် ထုတ်သုံးတဲ့ စွမ်းအင်က ပိုနေမှ ရပါမယ်။ ကိုယ်လက်လှုပ်ရှား အားကစားနဲ့ပါတွဲလုပ်မှ လိုချင်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။ ပရိုတင်းမှုန့်တွေက အဆီတွေမဟုတ်ပေမဲ့ ကယ်လိုရီတွေပဲ ဖြစ်တာကြောင့် ပမာဏ အများကြီး စားမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်သလို ရေဓာတ်ခြောက်ခမ်းတာလည်း ဖြစ်နိုင်ပါတယ်။

ဘာတွေသတိပြုရမလဲ
ပရိုတင်းမှုန့် ပမာဏ 

အဓိက ကတော့ ပမာဏ အလွန်အကျွံ မသောက်သုံးဖို့ အရေးကြီးပါ တယ်။ ခန္ဓာကိုယ်တွင်း ကယ်စီယမ်ဓာတ်ကို ဆုံးရှုံးစေပြီး အရိုးပွလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိုတင်းကို ခြေဖျက်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ အက်စစ်တွေထွက်လာမှာ ဖြစ်ပြီး ဒီအက်စစ်တွေ သွေးတွင်းမှာ ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်ကနေ ကယ်စီယမ်တွေ ထုတ်ပေးရလို့ဖြစ်ပါတယ်။ သာမန် လူတွေထက်စာရင်တော့ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်နေတဲ့ အားကစားသမားတွေက ပရိုတင်းတွေကို အန္တရာယ်ကင်းကင်းနဲ့ ပမာဏပိုပြီး မှီဝဲနိုင်ပါတယ်။
မတည့်တာဖြစ်နိုင်လား 

ဝှီးပရိုတင်းက နို့နဲ့နို့ထွက်ပစ္စည်း အနွယ်ဝင်ဖြစ်တာကြောင့် နို့နဲ့ အလာဂျီ ရှိတဲ့သူတွေ၊ လက်တို့စ်နဲ့ အလာဂျီ ရှိတဲ့ သူတွေမှာ မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။နောက်ပြီး ပရိုတင်းဖြစ်တာကြောင့် ကျောက်ကပ် မကောင်းတဲ့သူတွေမှာ ပရို တင်းဓာတ်က ကျောက်ကပ်ကို ဓာတ်ပိစေတာမျိုး ရှိပါတယ်။ _ ဝှီးပရိုတင်းက ပိုးသတ်ဆေးတွေဖြစ်တဲ့ ကွီနိုလုံး၊ တက်ထရာဆိုက်ကလင်းနဲ့ ပါကင်ဆန်ရောဂါဆေး လီဗိုဒိုပါရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။ _ အရိုးပွပျောက်ဆေးဖြစ်တဲ့ အယ်လန် ဒရိုနိတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *