စကားပြောခြင်း အတတ်ပညာ

စကားတစ်ခွန်းပြောပြီးမှ မပြောခဲ့မိ ရင်ကောင်းသား၊ ဘာစကားမှ မပြောခဲ့ဘဲ အချိန်လွန်မှ ငါ ဒီစကားပြောခဲ့မိရင် ကောင်းမှာဆိုပြီး လူအတော်များများ နောင်တရဖူးကြပါတယ်။ ပြောရေးဆိုရာ မှာ ပြောသင့်တဲ့စကားရှိသလို၊ မပြောသင့် တဲ့စကားလည်းရှိပါတယ်။ စကားပြော သင့်တဲ့အချိန်မှာပြောပြီး ဘယ်အချိန်မှာ ဆိတ်ဆိတ်နေရမယ်ဆိုတာကို မှီငြမ်း ရေးသားလိုက်ပါတယ်။

ဘယ်အချိန်မှာ ဆိတ်ဆိတ်နေမလဲ
♦ တချို့အချိန်တွေမှာ ဆိတ်ဆိတ်နေ လိုက်တာဟာ စကားလုံးပေါင်းများစွာရဲ့ နေရာမှာ အစားထိုးနိုင်ပါတယ်။ ဥပမာ- ၀မ်းနည်းကြေကွဲနေတဲ့လူတစ်ယောက် ကို စကားတွေအများကြီးပြောမယ့်အ စား ပွေ့ဖက်ပေးလိုက်တာက ပိုပြီး အဓိပ္ပာယ်လေးနက်စေပါတယ်။
♦ နောက်တစ်ချိန်က သင်ဘာပြောရမလဲ မသိတဲ့အချိန်၊ သင်ကိုယ်တိုင် စိတ်ရှုပ် ထွေးနေပြီး ဘာပြောရမလဲ သေချာမသိ တဲ့အချိန်မှာ ဆိတ်ဆိတ်နေပါ။
♦ သင်ပြောမယ့်စကားကြောင့် ပြဿနာ တစ်စုံတစ်ရာ ပိုရှုပ်ထွေးစေမယ်၊ ထိခိုက် စေမယ်ဆိုရင်လည်း မပြောပါနဲ့။ စကား တစ်ခွန်းမပြောခင် ပြောလိုက်လို့ ဖြစ်လာ နိုင်တဲ့ အကျိုးဆက်ကို အရင်ခန့်မှန်းပြီး မှ ပြောသင့်၊ မပြောသင့်ကို ချိန်ဆပါ။ အ ကျိုးဆက်ကို လက်ခံနိုင်မှပြောပါ။ သွေး ပူနေတုန်း ရုတ်တရက်ချက်ချင်း မဆုံး ဖြတ်ပါနဲ့။
♦ တစ်စုံတစ်ယောက်က သူအလေးထား စိတ်ပါဝင်စားတဲ့ အကြောင်းအရာတစ်ခု ခု ပြောနေချိန်မှာလည်း မဆိုင်တဲ့စကား ကို ဖြတ်မပြောပါနဲ့။ နားထောင်တတ် သောနားနှင့် ဆိတ်ဆိတ်နေပေးလိုက်ပါ။ တစ်ခါတစ်ရံမှာ သင်ပေးမယ့်အကြံဉာဏ် ကို လက်ခံဖို့ တစ်ဖက်လူမှာ အဆင်သင့် မဖြစ်သေးတာလည်း ရှိနိုင်ပါတယ်။ သူ အဆင်သင့်မဖြစ်သေးတဲ့ အရာတွေကို အတင်းလိုက်မလုပ်ခိုင်းပါနဲ့။
♦ ညှိနှိုင်းဆွေးနွေးတဲ့စကားဝိုင်းမှာ သင့် အယူအဆကို တင်ပြပြီးရင် ဆိတ်ဆိတ် နေပေးပါ၊ သူများတွေရဲ့ အယူအဆကို လည်း သေချာနားထောင်ပေးပါ၊ လုမ ပြောပါနဲ့။ ဒါဟာ သင်ပြောတဲ့အချက်ကို သင့်ကိုယ်သင် ယုံကြည်မှုရှိတယ်ဆိုတာ ကို ပြတာဖြစ်ပြီး လူတစ်ဖက်သားကို လည်း လေးစားတယ်ဆိုတာကို ပြပြီးသား ဖြစ်ပါတယ်။
♦ ကတောက်ကဆဖြစ်ပြီး စကားလုံး တွေ ဖောင်းပွလာတဲ့အခါမှာလည်း ဆိတ်ဆိတ်နေလိုက်ပါ။ ဒီအချိန်မှာ ပြောမိတဲ့စကားတွေက အမှားပါနိုင်ခြေ ရာခိုင်နှုန်းများလို့ဖြစ်ပါတယ်။

ဘယ်အချိန်မှာ စကားပြောမလဲ
♦ သင်ရဲ့ ခံစားချက်ကို နင်းခြေခံရတာ၊ မောက်မာစွာဆက်ဆံခံရတာ၊ အထင် သေးစွာဆက်ဆံခံရတာမျိုးဖြစ်ရင် သင် ရဲ့ ခံစားချက်ကို ပီပီသသ ရှင်းရှင်းလင်း လင်းနဲ့ ဖွင့်ပြောပါ။ ဒေါသနဲ့ မပြောပါနဲ့၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နဲ့ သင်ရဲ့အယူအဆကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။
♦ လူတချို့အတွက် သင်စကားပြော ပေးသင့်တာ ပြောပေးပါ၊ လူတချို့ အတွက် သင်စကားပြောပေးလိုက်တဲ့ အခါ သူတို့ကို ကူညီရာရောက်တယ် ဆိုရင် ပြောပေးပါ၊ လူတချို့က မတရား ခံနေရပြီး ပြန်ပြောနိုင်ဖို့ အခွင့်အလမ်းမ ရှိတဲ့သူတွေအတွက် သင်က ကိုယ်စား ပြောပေးပါ။
♦ နောက်တစ်ချက်က သင်သိချင်တဲ့ အ ရာတွေအတွက် ဆိတ်ဆိတ်မနေဘဲ ပွင့် ပွင့်လင်းလင်း မေးမြန်းပါ၊ အလုပ်မှာပဲ ဖြစ်ဖြစ်၊ Relationship မှာပဲ ဖြစ်ဖြစ် တစ်စုံတစ်ရာ သိချင်တာရှိရင် တိုက်ရိုက် စကားပြောပြီး မေးမြန်းပါ။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *