ဆရာဝန်က အကျိတ်ကိုထုတ်ရမည့် အစား မျက်ရည်ပြွန်ကို ဖယ်ထုတ်မိခဲ့

စကော့တလန်မှာ ဆရာဝန်က အ သက် ၅၀ အရွယ်အမျိုးသမီးလူနာရဲ့ မျက်လုံးထဲကအကျိတ်ကို ဖယ်ရမယ့် အစား မျက်ရည်ပြွန်ကို ဖယ်ရှားမိခဲ့တယ် လို့သိရပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာ ဆရာဝန်က အမှားကိုဖုံးကွယ်ချင်တဲ့အ တွက် အကျိတ်ရဲ့ ကျန်တဲ့အပိုင်းတွေကို ဖယ်ရှားဖို့ နောက်ခွဲစိတ်မှုတစ်ခုထပ်လုပ် ရမယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆရာဝန်ဟာ အရင်ကလည်း ကျောရိုးအ ရိုးနုလွှာကို မှားယွင်းခွဲစိတ်မိခဲ့ဖူးလို့ စောင့် ကြည့်ခံနေရသူလည်း ဖြစ်ပါတယ်။ အခု တစ်ခါမှာလည်း လူနာရဲ့မျက်လုံးထဲက အကျိတ်ကို ခွဲထုတ်ပေးရမယ့်အစား မျက် ရည်ပြွန်ကို ခွဲစိတ်ဖယ်ရှားပေးမိခဲ့တာဖြစ် ပါတယ်။ လူနာအမျိုးသမီးဟာ မျက်လုံး ထဲက အကျိတ်အတွက် ထပ်မံခွဲစိတ်မှုခံ ယူရဦးမှာဖြစ်ပြီးတော့ မျက်ရည်ပြွန်မရှိ တော့တဲ့အတွက်လည်း ထိခိုက်နစ်နာမှု တွေရှိခဲ့ပါတယ်။ လူနာအမျိုးသမီးက သူ ရဲ့အတွေ့အကြုံကို မှတ်တမ်းရုပ်ရှင်တစ် ခုမှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး တော့ မှားယွင်းခဲ့တဲ့ဆရာဝန်ဟာလည်း အရေးယူအပြစ်ပေးခံခဲ့ရတယ်လို့ သိရ ပါတယ်။

◘ (AP,6.9.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *