ဆီးကျောက်ရှိသူတိုင်း နာကျင်မှုဝေဒနာ ခံစားရလား

ဆီးကျောက်တည်တဲ့အခါ ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေအကြောင်းကို ဆရာနဲ့ ဆွေးနွေးချင်ပါတယ်။
ဆီးကျောက်တည်တဲ့ ရောဂါလက္ခ ဏာတွေကို ဆရာ အရင်ကလည်း ပြောဖူးပါတယ်။ ဆရာ့ကိုမေးရင် သမား ရိုးကျ ကျောက်ခြေရင် နာတာကနေ စ ပြောတာပေါ့နော်။ အဲဒီမှာ လူနာတွေက စွဲသွားပြီး နာမှပဲ ရောဂါက အရေးကြီး တယ်လို့ ထင်ကြပါတယ်။ ဆရာ နှစ်တွေ ကြာလာတဲ့အခါမှာ တွေ့ကြုံလာတာက နာလို့ ကျောက်ကပ်မပျက်စီးဘူး၊ ဝေဒနာ ပဲရှိပါတယ်။ ကျောက်ရှိနေပြီး မနာတော့ တဲ့အဆင့်မှာ ကျောက်ကပ်ပျက်စီးရတယ်။
မြို့ပေါ်မှာ နေတဲ့သူတွေကကော ကျောက်ကပ်မှာ ကျောက်တည်ပြီးတော့ ကျောက်ကပ်ပျက်တဲ့အထိ ဘာကြောင့် ဖြစ်သွားရလဲ၊ ဘာကြောင့် ကျောက်ကပ် ထုတ်ရတဲ့အထိ ဖြစ်သွားတာလဲဆိုရင် အဓိကက ကျန်းမာရေးဗဟုသုတ မရှိလို့ ပါ။ ကျန်းမာရေးဗဟုသုတပေးဖို့က ဆရာ တို့မှာလည်း တာဝန်ရှိပါတယ်။ ဆရာတို့ လည်း ကုသခြင်းမှာ အလုပ်များနေတဲ့အ ခါကျတော့ ပညာပေးခြင်းမှာ အားနည်း နေတာ ၀န်ခံပါတယ်။ ဒီအတွက်လည်း အားတဲ့အခါမှာ ရေးလိုက်တယ်၊ ပြော သင့်တဲ့နေရာမှာ ပြောလိုက်ပါတယ်။

ဆီးကျောက်တည်တာကြောင့် ခံစားရနိုင် တဲ့ ရောဂါလက္ခဏာတွေကို ရှင်းပြပေးပါ ဆရာ။
ကျောက်ရှိပြီး၊ လက္ခဏာမရှိတဲ့ မနာတဲ့ကျောက် (Asymptomatic Stone)၊ တစ်နည်းအားဖြင့် လက္ခဏာမရှိတဲ့ ဆီး ကျောက်များ၊ အဲဒီကျောက်တွေက ကြောက်စရာအကောင်းဆုံးပါ။ ဘာလို့ ကျောက်ရှိပြီး မနာတာလည်းဆိုရင် ကျောက်က စစချင်း ကျောက်လေးကနေ စတယ်။ ၅ မီလီမီတာ၊ ၇ မီလီမီတာ၊ ၁၀ မီလီမီတာလောက်ရှိတယ်၊ ပြွန်ထဲကို ပြုတ်ကျသွားတယ်။ ပြွန်ရဲ့အတွင်းဘက် အကျယ်က ၅ မီလီမီတာ ရှိတယ်။ ကျောက်က ၁၀ မီလီမီတာ လာဆို့လိုက် တာနဲ့ ပိတ်ပြီး ကျောက်ကပ်က ဖောင်း လာတယ်။ ကျောက်ကပ်မှာ Capsule လေးရှိတယ်၊ အဲဒါလေးဖောင်းတာနဲ့ အရမ်းကို နာပါတယ်။
ဆီးပြွန်မှာ ကျောက်ပိတ်လို့ ဖောင်း ပြီးနာတဲ့အနာက နာခြင်းထဲမှာ ဒုတိယ အပြင်းထန်ဆုံးပါ။ နာခြင်းထဲမှာ ပထမ အပြင်းထန်ဆုံးက နှလုံးသွေးကြော ပိတ် တာပါ။ တတိယအနာဆုံးကတော့ အူ လမ်းကြောင်း ပိတ်တာပါ။ စာထဲမှာက ဣနြေ္ဒပျက်လောက်အောင် နာတယ်လို့ တောင် ပြောထားပါတယ်။ လူက နာလာ ရင် ကြမ်းပြင်ပေါ် လူးလိမ့်နေတာ၊ လက် သီးတွေ ဆုပ်ထားတာတွေ လုပ်တတ်ကြ ပါတယ်။ ပြောချင်တာကတော့ နာလာရင် ဆရာဝန်ဆီ ရောက်လာကြပါတယ်။ ကု လိုက်ရင် ပြီးတယ်။ အဲဒီအချိန်မှာ ဓာတ် မှန်က ကျောက်ကပ်အလုပ်မလုပ်ပါဘူး ပြောရင် ကျောက်ကို မှန်ပြောင်းနဲ့ကြည့်ပြီး သေချာခြေလိုက်ရင် ကျောက်ကပ်က ပုံ မှန်အတိုင်း လုပ်ငန်းတွေ ပြန်လုပ်ပါတယ်။
မရတာက ဘယ်တော့လဲဆိုရင် အဲ ဒီလိုနာတာကို အကြောင်းကြောင်းကြောင့် ဆေးလေးသောက်လိုက်တယ်။ သက် သာသွားတယ်။ အထူးသဖြင့် နယ်မှာနေ တဲ့သူကတော့ ဆေးခန်းလောက်ပဲ သွား နိုင်တာကိုး။ ဟိုး .. တောနယ်ဆိုရင် ပိုပြီး သနားဖို့ကောင်းတယ်၊ ဆေးမြီးတိုလေး စားလိုက်၊ ဆေးလေးထိုးလိုက်နဲ့ သက် သာသွားလို့ ဒီတိုင်းနေလိုက်တယ်။ မသိ လိုက်ဘဲ ကျောက်ကပ်ဖောင်းရာကနေ အသားက ပါးလာတယ်။ အဲဒီအခါ ကျောက်ကပ်က တွန်းအားမရှိတော့လို့ မနာတော့ဘူး။ အဲဒီမှာ ကျောက်ကပ် စပျက်တော့တာပဲ။ တစ်နည်းအားဖြင့် လူက မနာတော့ဘဲ ကျောက်ကပ်နာနေ တာပါ။
အကောင်းဆုံးက အာထရာဆောင်း ရိုက်တာပါ။ မြို့အတော်များများမှာ ရိုက်လို့ ရနေပါပြီ။ အာထရာဆောင်းမှာ ကျောက်ကပ်ဖောင်းတာ တွေ့ပြီဆိုရင် အရေးကြီးပြီလို့သိပြီး ပိတ်ရတဲ့ အကြောင်း ကို ဆက်ရှာကုလိုက်မယ်ဆိုရင် သက် သာပါမယ်။ ဒီလိုမဟုတ်ဘဲ နှစ်ရှည်လ များ ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်လောက် ကြာ လာရင်တော့ ကျောက်ကပ်က ဘောလုံး လို ပါးသွားပါတယ်။ အဲဒီအဆင့်ဆိုရင် ဘာမှ လုပ်လို့မရပါဘူး။ အဲဒီအဆင့်ကို နယ်က လူနာတွေမှာသာ တွေ့ရတာ မဟုတ်ပါဘူး။ မြို့မှာနေတဲ့ လူနာတွေမှာ လည်း ဖြစ်တာ တွေ့ရတတ်ပါတယ်။

ဒါကြောင့် ဆရာက မနာတဲ့ရောဂါလက္ခ ဏာကနေ စပြီးပြောတာပေါ့နော်။
ဟုတ်ပါတယ်။ ဆီးကျောက်တည် တာရဲ့ လက္ခဏာတွေကို ပြောတဲ့အခါ နာတာက စမပြောဘဲ မနာတာကနေ စပြောတာပါ။ ခါးဘေးမှာ တစ်ခါနာတယ်၊ ကျောက်ရှိနိုင်တဲ့ လက္ခဏာဆိုပြီး မစစ် ဆေးလိုက်မိလို့ နောက်ဆုံးကျောက်ကပ် ဖောင်းပြီး ပျက်စီးသွားတာ။ နာတော့နာ တယ်၊ အာထရာဆောင်းရိုက်တယ် ခပ် ဖောင်းဖောင်းလေး ဖြစ်တယ်၊ ဓာတ်မှန် ရိုက်တာ ဘာမှမပြောဘူး။ (ရိုးရိုးဓာတ်မှန် က ကျောက် ၁၀ လုံးမှာ တစ်လုံးက အရိပ်အထင်ဘူး။) ဖောင်းနေပေမယ့် ဓာတ်မှန်မှာ မပေါ်လို့ ဘာမှမလုပ်ဘဲ ဒီ တိုင်းနေလိုက်မယ်ဆိုရင် နှစ်တွေကြာပြီး မှ ဖြစ်တာကြောင့်၊ ဆရာ့အနေနဲ့ ပြောချင် တာက ကျောက်ရှိလို့ တစ်ခါနာဖူးရင် ပစ်မထားဖို့ အထူးပြောချင်ပါတယ်။ ကျောက်ဖြစ်ဖူးရင် ပစ်မထားဘဲ လိုအပ် ရင် အာထရာဆောင်းရိုက်ပါ။ အာထရာ ဆောင်းမှာ ဖောင်းနေရင် ကုသပါလို့ နံပါတ်တစ်လက္ခဏာရပ်အနေနဲ့ ပြော ချင်ပါတယ်။

ဆီးကျောက်တည်တာကြောင့် နောက် ထပ်ဖြစ်နိုင်တဲ့ လက္ခဏာရပ်တွေကိုလည်း ရှင်းပြပေးပါဦး ဆရာ။
နံပါတ် ၂ ကတော့ နာတယ်၊ အဲဒီက နေ ကျောက်ကပ်ဖောင်းလာတဲ့အဆင့်မှာ ဖြစ်တာ။ ကျောက်ကပ်ကို သွားတဲ့အာရုံ ကြောနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို သွားတဲ့အာရုံကြောကတူတယ်။ ကျောက် ကပ်မှာ ကျောက်ပိတ်နေရင် အူလမ်း ကြောင်းရဲ့ လှုပ်ရှားမှုပါ နည်းသွားတယ်။အဲဒီအခါ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ လက်္ခဏာတွေ ပေါ်လာတယ်။ ဗိုက်ကယ် တယ်၊ အစာမကြေဘူး၊ တစ်ခါတလေ ပျို့တယ်၊ အဲဒါနဲ့ အစာအိမ်နဲ့ အူလမ်း ကြောင်း ဆရာဝန်ဆီရောက်သွားတယ်၊ ကျောက်တွေ့တော့မှ ဆီးလမ်းကြောင်း ဆရာဝန်ဆီ ပြန်ရောက်လာတယ်။

ဆီးကျောက်ကြောင့်လည်း အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာမျိုးတွေ ပြ တတ်တာပေါ့နော် ဆရာ။
ပြောချင်တာက အစာအိမ်နဲ့ အူ လမ်းကြောင်းမှာ ရောဂါမရှိရင် ဆီး ကျောက်ကြောင့်ဖြစ်နိုင်တယ်ဆိုတာ သိ စေချင်ပါတယ်။ အဲဒီလူတွေမှာလည်း ကျောက်ကပ်ပျက်ပါတယ်။ သာမန်နာပြီး ဆရာတို့ဆီ ရောက်လာသူတွေကတော့ ကျောက်ကပ် မပျက်ပါဘူး။ ကုသပေး လိုက်ရင် ပျောက်ကင်းသွားပါတယ်။

ဆီးကျောက်တည်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာတွေထဲက မနာတဲ့လက္ခဏာ တွေကို သိရှိပြီးတော့ နာတဲ့လက္ခဏာအ ကြောင်းကိုလည်း ဆက်ရှင်းပြပေးပါဦး ဆရာ။
ရှေ့မှာ မနာတဲ့ရောဂါလက္ခဏာ တွေကို အရင်ပြောပြီးမှ သမားရိုးကျလက္ခ ဏာတွေကို ပြောရရင် ကျောက်ကပ် ကျောက်ပိတ်တာက ပြွန်ခေါင်းလေးမှာ ပိတ်တာပဲဖြစ်ဖြစ်၊ ကျောက်ကပ်နဲ့ Pelvic region မှာ ပိတ်တာပဲ ဖြစ်ဖြစ် ခါးဘေးမှာ နာတယ်၊ ပြီးရင်ရှေ့ကို ပတ် သွားတယ်။ ယောက်ျားဆိုရင် နာတာက ခါးဘေးကနေ ရှေ့ဘက်ကိုသွားပြီး အောက်ကို ဆက်ဆင်းသွားတာက ကပ် ပယ်အိတ်အထိ နာပါတယ်။ ဒီလိုနာတာ မှာ တစ်ခါတစ်ရံ မှားပြီး အူအတက်လို့ လည်း ယူဆတာမျိုးလည်း ရှိတတ်ပါ တယ်။ စမ်းသပ်လိုက်လို့ သဲကွဲတာရှိ သလို ရံဖန်ရံခါမှာ မသဲကွဲခဲ့ရင် အာထရာ ဆောင်းရိုက်လိုက်ပါ။ အဲဒီမှာ ကျောက် ကပ်ဖောင်းနေတာတွေ့ရင် ကျောက် ကြောင့် ဖြစ်တာပါ။ တချို့ဆို နာလည်း နာတယ်၊ ပျို့လည်း ပျို့တယ်၊ တချို့ လည်း အန်တယ်။ ဒါဆိုရင်တော့ ကျောက် ပိတ်ပြီဆိုတာ သိလိုက်လို့ရပါပြီ။
ကျေးဇူးတင်ပါတယ် ဆရာ။

◘ ပါမောက္ခဦးတိုးလွင် (ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *