ဆီးကျောက်ပျော်ဆေးသောက်ရင် ကျောက်တွေ ပျော်သွားလား

မြန်မာနိုင်ငံမှာ ဆီးကျောက်တည်တဲ့ ရောဂါ အဖြစ်များပါသလား ဆရာ။
ဆရာတို့နိုင်ငံမှာ ဆီးကျောက်တည် တာကြောင့် ကျောက်ကပ်မပျက်စီးသင့်ဘဲ ပျက်စီးသွားတာကို ဆရာရဲ့ လုပ်သက် ၂၅ နှစ်ကျော်ကျော်အတွင်းမှာ တွေ့ရပါ တယ်။ အထူးသဖြင့် တောနေလူတန်းစား နွမ်းပါးတဲ့လူတွေက ဆီးကျောက်တည်လို့ တည်မှန်းမသိ၊ သိပြန်တော့လည်း ဘယ် လောက် အရေးပါမှန်းမသိဘဲ၊ တော်တော် ကြီး နောက်ကျပြီးမှ၊ ကျောက်ကပ်ပျက် စီးပြီးမှ တွေ့ရပါတယ်။

ကျောက်ကပ် ကျောက်တည်တာဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းပြပေးပါ ဆရာ။
ကျောက်ကပ် ကျောက်တည်တာ ဖြစ်ရတဲ့အကြောင်းရင်းကြီး သုံးခု ရှိပါ တယ်။ ကျောက်တည်တာနဲ့ပတ်သက်ပြီး ထုတ်ခဲ့ရတဲ့ သီအိုရီများစွာရှိပါတယ်။ အဲဒီ သီအိုရီတွေထဲက Randall’s Plaques ဆိုတာက အီဂျစ်ခေတ်ကတည်းက မံမီ ၁၁၀၀ လောက်ကို စစ်ပြီးမှ စစ်တမ်းထုတ် ခဲ့တာပါ။ ဒါပေမဲ့ အကြောင်းကြောင်း ကြောင့် လူတွေက လက်မခံခဲ့ဘူး။ လွန်ခဲ့ တဲ့ ရှစ်နှစ်လောက်ကမှ ဒီသီအိုရီက လူ သိများလာပါတယ်။ အရေးပါလို့ ဒီသီအိုရီ အကြောင်းကို ဆရာထည့်ပြောရတာပါ။
အကြောင်းရင်းသုံးခုရဲ့ ပထမတစ်ခု က ဆီးထဲမှာကျောက်ဖြစ်စေတဲ့ဓာတ်တွေ ရဲ့ ပမာဏက ရှိသင့်တာထက်များလို့ ကျောက်တည်ရတာပါ။ ကျောက်ဖြစ်စေ တဲ့ ဓာတ်တွေက ကယ်လ်စီယမ်၊ ဖော့စ ပိတ်၊ ယူရစ်၊ စစ္စတင်းနဲ့ တခြားဓာတ်တွေ လည်း ရှိပါတယ်။ နောက်တစ်ခုက ဆီးထဲ မှာ အခုပြောခဲ့တဲ့ဓာတ်တွေ ကျောက်မဖွဲ့ စည်းနိုင်အောင် ကာကွယ်တဲ့ဓာတ်နှစ်မျိုး ရှိတယ်။ အဲဒါက စစ်ထရိတ်နဲ့ ပိုင်ရိုင်ဖော့ စဖိတ်ပါ။ တခြားအသေးစားလေးတွေ လည်းရှိပေမယ့် ထင်ရှားတာကိုပဲပြော တာပါ။ ကာကွယ်တဲ့ဓာတ်တွေ ရှိသင့်တာ ထက်နည်းရင်လည်း ဆီးကျောက်တည် တာ ဖြစ်ပါတယ်။

ဒီဓာတ်တွေက စားတဲ့အထဲမှာပါလို့ ဖြစ် တာလား ဆရာ။
ဒါတွေအကုန်လုံးက စားတဲ့အတိုင်း ကော ဖြစ်လားဆိုရင် စားတာတွေကြောင့် လည်း ဖြစ်နိုင်သလို ခန္ဓာကိုယ်ရဲ့ Gen-etic formation ကြောင့် ကျောက်ဖြစ်စေ တဲ့ဓာတ်ရှိသင့်တာထက် များနေတယ် ဆိုရင် တစ်ယောက်နဲ့တစ်ယောက် မတူပါ ဘူး။ တချို့ကွမ်းစားတဲ့သူက ကျောက်ဖြစ် ပြီး ကွမ်းမစားတဲ့သူက ကျောက်ဖြစ်တယ်။ စားတာသောက်တာချည်းပဲမဟုတ်ဘဲ အောက်ခံအကြောင်းအရာတွေလည်း ရှိပါ တယ်။ စားတာသောက်တာပါ မဆင်ခြင်ဘူး ဆိုရင်တော့ ပြင်းထန်စွာဖြစ်မယ်၊ အကြိမ် များများဖြစ်မယ်။ ကိုယ့်ဘက်က ကာကွယ် သင့်တာ ကာကွယ်ရမှာပေါ့။

ဒုတိယတစ်ချက်က ဘာကြောင့်ဖြစ်ရတာ လဲ ဆရာ။
ကျောက်ကပ်ရဲ့ ကယ်လစ်တွေ neck ကျဉ်းရင်လည်း ကောင်းကောင်း မစီးဆင်း လို့ အနည်ထိုင်ရာကနေ ကျောက်ဖြစ်ပါ တယ်။ Urothilium လို့ ခေါ်တဲ့ ကျောက် ကပ်ရဲ့အခန်းလေးတွေရဲ့ နံရံက Base-ment membrane မှာ ဒဏ်ရာရတယ်၊ သိပ္ပံအခေါ်တော့Oxidative Stress ပေါ့။ ဆီးရဲ့အက်စစ်ဓာတ်က ပုံမှန်ရှိသင့် တာထက်များရင်လည်း ဖြစ်တယ်။
ကျောက်ရဲ့မွေးဖွားရာနေရာက ကျောက်ကပ်ထဲမှာပါ။ ကျောက်ကပ်ထဲ မှာ ကိစ္စတုံးလိုက်နိုင်ရင် ကျောက်က နောက်ထပ် ဒုက္ခမပေးတော့ဘူးပေါ့။ အဲဒါ ကို မသိလိုက်ရင် ကျောက်က အထဲမှာ တစ်နေရာပြီးတစ်နေရာ ဖြစ်ဖြစ်နေပြီး၊ ကြီးလာပြီး၊ အတော်ကြီးဖောင်းလာတော့ မှ လက္ခဏာတွေ ပေါ်လာတာမျိုးလည်း ရှိတတ်ပါတယ်။ စီးဆင်းမှုနည်းတာက အခန်းလေးတွေမှာတင်မကဘူး၊ ကျောက် ကပ်နဲ့ ဆီးပြွန်လေး ဆက်တဲ့လမ်းဆုံမှာ လည်း ကျဉ်းတတ်တယ်။ မွေးရာပါကျဉ်းတာ ဖြစ်စေ၊ ရောင်လို့ကျဉ်းတာဖြစ်စေ ဖြစ်တတ် ပါတယ်။ အဲဒီလိုကျဉ်းတဲ့အခါ ကျောက် ကပ်ထဲက ကောင်းကောင်းမစီးဆင်းလို့ ကျောက်ဖြစ်တတ်ပါတယ်။
ဆီးပြွန်တစ်လျှောက်မှာ ပိတ်ဆို့ရင် လည်း ကျောက်ဖြစ်တယ်၊ ဆီးအိမ်နဲ့ ကျဉ် ချောင်းမှာ ဆီးကျိတ်တွေကြီးပြီး ပိတ်ရင် လည်း စီးဆင်းမှုမကောင်းတဲ့အတွက် ကျောက်ဖြစ်တတ်ပါတယ်။ ဆီးကျဉ် ချောင်းရဲ့ ထိပ်ဝမှာ အရေပြားရှည်ပြီး ကျဉ်း ရင်လည်း ကျောက်ဖြစ်ပါတယ်။ အမျိုးသား ဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ဆီးထွက်တဲ့ နေရာကနေ ကျောက်ကပ်အထိ ဘယ်နေ ရာမှာပဲကျဉ်းကျဉ်း ကျောက်ဖြစ်နိုင်ပါ တယ်။

ဆီးကျောက်တည်စေတဲ့ နောက်ဆုံးတစ် ချက်က ဘာဖြစ်ပါသလဲ ဆရာ။
နောက်ဆုံးအချက်ကတော့ ဆီးပိုး တွယ်တာပါ။ ဘာကြောင့်ပဲ ဆီးပိုးတွယ် တွယ် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ဆေးတွေသောက်လို့ပဲဖြစ်ဖြစ် ပိုး တွေ သေကြတယ်။ သေတော့ အဆန် လေးတွေ ဖြစ်သွားတယ်။ အဲဒီသေတဲ့ ဘက်တီးရီးယားပေါ်မှာပဲ နောက်ထပ် ဘက်တီးရီးယားတွေ စုပုံတယ်၊ အဲဒီအ ပေါ်ကို ကယ်လ်စီယမ်တွေ စုပုံတယ်၊ အောက်ဇဲလိတ်တွေ စုပုံတယ်၊ ယူရိတ်တွေ စုံပုံတယ်၊ မဂ္ဂနီဆီယမ်တွေ စုပုံတယ်၊ ပို တက်စီယမ်တွေ စုပုံတယ်။ ဆီးကျောက် တွေက တစ်ခုတည်းကြောင့်ဖြစ်တာမ ဟုတ်ဘူး။ ကယ်လ်စီယမ်တစ်ခုတည်း ကြောင့် မဟုတ်ဘူး။ ပိုတက်စီယမ်တစ်ခု တည်းကြောင့် မဟုတ်ဘူး။ ရောနေတာပေါ့ နော်။ ဓာတ်တွေ ပေါင်းပြီးတော့မှဖြစ်ပါတယ်။ ပိုးကြောင့်ဖြစ်တဲ့ကျောက်တွေကတော့ မဂ္ဂနီဆီယမ် ဒါမှမဟုတ် ဖော့စပိတ်တွေ ကြောင့်ဖြစ်တာ များတယ်။ ဒါကြောင့် ဆီး ကျောက်တိုင်းက အတူတူ မဟုတ်ပါဘူး။ ပါဝင်တဲ့ဓာတ်တွေက မတူပါဘူး။

ဆီးကျောက်ပျော်ဆေးတွေက ဆီး ကျောက်ပျော်အောင် ထိရောက်မှုရှိပါ သလား ဆရာ။
ဆီးကျောက်ပျော်ဆေးသောက်ရင် ကျောက်တွေပျော်သွားလား မေးရင် ဆရာ တို့က ပျော်ပါမယ်လို့ မပြောရဲပါဘူး။ ဒီကျောက်ထဲမှာ ဘာတွေပါလဲ မသိဘူး။ ဆေးမှာပါတဲ့ဓာတ်က ပျော်နိုင်တဲ့ဓာတ် မျိုးဖြစ်နိုင်သလို၊ မပျော်နိုင်တဲ့ဓာတ်မျိုး လည်း ဖြစ်နိုင်တယ်။

ဆရာရှေ့မှာ ပြောခဲ့တဲ့ Randall’s Plaques သီအိုရီအကြောင်းကိုလည်း ရှင်း ပြပေးပါ ဆရာ။
ရှေးခေတ်မံမီရုပ်အလောင်း ၁၁၀၀ ကို သုတေသနလုပ်တဲ့အခါ ဆီးကျောက် တွေတွေ့တော့ ဖြစ်ပေါ်လာတဲ့ နေရာက နေစပြီး သုတေသနလုပ်ကာ သီအိုရီတစ်ခု ထုတ်လိုက်ပါတယ်။ အဲဒီ Randall’s Plaques မှာ ကျောက်ကပ်ထဲမှာရှိတဲ့ Collecting Tubue ရဲ့Basement Membrane မှာ ဖြစ်တာလို့ ပြတ်ပြတ်သား သားပြောခဲ့တယ်။ ဆီးပမာဏနည်းရင် လည်း ဖြစ်တယ်၊ pH က အက်စစ်ဓာတ်များ နေရင် ဖြစ်တယ်၊ မများသင့်တဲ့ဓာတ်တွေ များနေရင်လည်း ဖြစ်တယ်၊ Oxidative Stress ဖြစ်တဲ့ Super radical တွေကြောင့် လည်း ဖြစ်တယ်။ Genetic ကြောင့်လည်း ဖြစ်တယ်။ အဲဒါအရမ်းအရေးကြီးတယ်။ တစ်ယောက်နဲ့တစ်ယောက် Gene တွေ မတူကြဘူး။ တချို့တွေက ဆေးလိပ်တစ် ဖွာမှ မသောက်ဘဲ အဆုတ်ကင်ဆာဖြစ် တယ်၊ အရက်လုံးဝမသောက်ဘဲ အသည်း ကင်ဆာဖြစ်တယ်။ တချို့ အရက်သောက် ပေမယ့် အသည်းကင်ဆာမဖြစ်တာလည်း ရှိတယ်။ ဒါတွေက ကာမနိယာမအရ အတိတ်က ပါလာတဲ့ကံတွေပေါ့။ ကာမနိ ယာမနဲ့ သိပ္ပံပညာနဲ့ အတော်ကိုတူပါ တယ်။ တချို့က ဖြစ်ဖို့ Gene ထဲမှာပါလာ တာ ဘယ်လိုမှ တားလို့မရဘူး။ ကာကွယ် တော့ ကာကွယ်ရမှာပေါ့နော်။ ကာကွယ် ရင် ၁၀ ခါဖြစ်မယ့်နေရာမှာ နှစ်ခါလောက်ပဲ ဖြစ်တာပေါ့နော်။ မကာကွယ်ရင် ၁၀ ခါက ၁၀ ခါစလုံးဖြစ်မှာပေါ့နော်။ Gene Ther-apy မှာ ပြင်လို့မရဘူး။ အခက်အခဲတွေ ရှိပါတယ်။ ကံကြီးရင် ပြင်လို့ မရပါဘူး။Genetic Polymorphasin က မတူတော့ တချို့ကဆီးပမာဏ ဒီလောက်ပဲ ရှိပေမယ့် ဆီးကျောက်မဖြစ်ဘူး။ ဒီသီအိုရီတွေကို အခုမှ အားလုံးကို ပြန်ပြီး လက်မခံလို့ကို မရဘူး။ လက်ခံလာရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပြောခဲ့တာ သူ့ကို ဆန့်ကျင်ပြီး ဖြုတ်ကျခဲ့တဲ့လူတွေ ရှိခဲ့တယ်။ အခုမှ ဒီသီအိုရီက လူသိများလာပြီး လက် ခံပြီး Conference တွေမှာ တင်လာကြ တယ်။

◘ ပါမောက္ခဦးတိုးလွင် (ဆီးနှင့် ကျောက်ကပ်အထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *