ဆီးကျောက်က ဘယ်အရွယ်အစားဆိုရင်ဆေးနဲ့ခြေလို့ရလဲ

ဆီးကျောက်ဆိုတာ သေချာဖို့ ဘာတွေ လုပ်ဆောင်ပေးပါသလဲ ဆရာ။
မြန်မာနိုင်ငံရဲ့ အထက်အညာဒေသ က ကလေးတွေမှာ ဆီးကျောက်ရှိတာ များကြတယ်။ ရေသောက်နည်းကြလို့ပါ။ နာရင် ခါးကနာတယ် ပြောကြတယ်။ ကျောက်ရှိရင် ဓာတ်မှန်မှာက ၁၀ လုံးမှာ ၉ လုံး အရိပ်ထင်တယ်။ ယူရစ်အက်စစ် ကနေဖြစ်တဲ့ကျောက်ဆိုရင်တော့ ဆေး ဓာတ်မှန်မှာ အရိပ်မထင်ပါဘူး။ ခါးနာ တယ်ဆိုရင် KUB နဲ့အတူ အာထရာ ဆောင်းပါ တွဲရိုက်ရမယ်။ အာထရာ ဆောင်းမှာ ကျောက်တွေ့ပြီး KUBမတွေ့ဘူး၊ အာထရာဆောင်းမှာ ကျောက် ကပ်ဖောင်းတယ်၊KUB မှာလည်း တွေ့ တယ်ဆိုရင်တော့ ကျောက်ဆိုတာ တော် တော်လေး သေချာပြီ။ ဒီထက်ပိုပြီး သေ ချာချင်ရင်တော့ ဆေးဓာတ်မှန်တို့၊CT တို့ ရိုက်ရမှာပေါ့။
အာထရာဆောင်းမှာ ဘယ်ဘက် ကျောက်ကပ်က ဖောင်းနေတယ်၊ နာတာ ကလည်း ဘယ်ဘက်ဖြစ်တယ်၊ ပြွန်တစ် လျှောက်မှာလည်း ကျောက်တွေ့တယ် ဆိုရင် ဒါလည်း သေချာတယ်။ ငွေကုန် ကြေးကျသက်သာဖို့ ဆေးဓာတ်မှန် မရိုက် လည်းရတယ်။ အာထရာဆောင်းမှာ ဖောင်းနေတယ်၊ ဓာတ်မှန်မှာ ကျောက်မ တွေ့ဘူးဆိုရင်တော့ ဆေးဓာတ်မှန် ရိုက် ကို ရိုက်ရပါမယ်။
ကျောက်ရှိတဲ့လူနာကို ဆီးစစ်ရင် ဆီးထဲမှာ သွေးစလေးတွေ တွေ့နိုင်တယ်၊ ဘက်တီးရီးယားရှိနိုင်တယ်၊ Crystal လေးတွေ တွေ့နိုင်တယ်။ အမြဲတမ်း တွေ့နိုင်တာမဟုတ်ဘူး။ ဒါပေမဲ့Crystal မတွေ့တာနဲ့ ကျောက်မဟုတ်ဘူးလို့ ပြော လို့မရဘူး။ သွေးနီဥလေးတွေ မတွေ့တာ နဲ့လည်း ကျောက်မရှိဘူးလို့ မပြောနိုင် ဘူး။ ဆီးစစ်တာက အထောက်အကူပဲဖြစ် တယ်။ ရောဂါရှာဖွေတဲ့နေရာမှာ ထူးပြီး အရေးမပါဘူး။

ကျောက်ကပ်နှစ်ဖက်စလုံးမှာ ကျောက် ပိတ်နေတယ်ဆိုရင် ဘယ်ဘက်ကို အရင် ဆုံး ကုသမှု ခံယူသင့်ပါသလဲ ဆရာ။
ကျောက်ကပ်နှစ်လုံးစလုံး ပိတ် တယ်ဆိုရင် ဘယ်ဘက်ကို စကုမှာလဲဆို တဲ့ ဆုံးဖြတ်ချက်က နာတဲ့ဘက်ကို အရင် စကုရပါမယ်။ လောလောဆယ်မှာ နာတဲ့ ဘက်က ပိတ်ဆို့နေတာဖြစ်လို့ အဲဒီဘက် ကို အရင်ကုမှ တခြားတစ်ဖက်က သက် သာမှာဖြစ်တယ်။ လူနာက နာတာလည်း မပြောတတ်ဘူး။ ကျောက်ကပ်က နှစ် ဖက်စလုံး ပိတ်နေတယ်ဆိုရင်တော့ Isotope Scan နဲ့ ဘယ်ကျောက်ကပ်က အလုပ်ပိုလုပ်နိုင်လဲကြည့်ပြီး ကုသတယ်။MRI ကတော့ ကျောက်ကပ်အတွက် သိပ်မသုံးဘူး။

ဆီးကျောက်တည်တာကို ကုသတဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးပြီး ကုသမှု ပေးပါသလဲ ဆရာ။
ဆီးကျောက်တည်တာကို ကုသရာ မှာ နံပါတ် ၁ ကတော့ ဆေးနဲ့ ကုသတာ ပါ။ အများစုကတော့ ဆေးနဲ့ကုချင်ကြတာ ပေါ့နော်။ နံပါတ် ၂ က မခွဲမစိတ်၊ မေ့ဆေး မလိုတဲ့ လှိုင်းနဲ့ ကုသတာ၊ နံပါတ် ၃ က တော့ မှန်ပြောင်းနဲ့ ကုသတာပဲဖြစ်တယ်။မှန်ပြောင်းနဲ့ ကုတာကတော့ ခါးထုံဆေး ဒါမှမဟုတ် မေ့ဆေးပေးပြီး သဘာ၀ လမ်းကြောင်းဖြစ်တဲ့ ဆီးလမ်းကြောင်း ကနေ မှန်ပြောင်းအသေးလေးနဲ့ ဝင်ပြီး ကုသတယ်။ များသောအားဖြင့် ဆီး ကျောက်ကို လေဆာနဲ့ ခြေတယ်။ နောက် တစ်ခုက မေ့ဆေးပေးပြီး ဘေးကနေ မှန်ပြောင်းနဲ့ဝင်တယ်။ လေဆာနဲ့ဖြစ်စေ၊ အာထရာဆောင်းနဲ့ဖြစ်စေ ခြေတယ်။ ကျောက်ကသိပ်ကြီးနေလို့ လှိုင်းနဲ့ မှန် ပြောင်းနဲ့ ခြေလို့မရနိုင်တဲ့၊ မခြေသင့် တဲ့ကျောက်တွေကိုတော့ ခွဲထုတ်ဖယ်ရှား ရပါတယ်။

ဆေးနဲ့ ဆီးကျောက်ခြေပြီး ကုသတဲ့အ ကြောင်းကိုလည်း ရှင်းပြပေးပါ ဆရာ။
ကျောက်တွေမှာပါဝင်တဲ့ ဓာတ်တွေ က မတူဘူး။ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖိတ်၊ စစ္စတင်း၊ ယူရိတ် စတာတွေ ပါတယ်။ ပါတဲ့အပေါ် မူတည်ပြီး ဆေး တွေနဲ့ ခြေတယ်။ ကျောက်မှာ ဘာတွေပါ ဝင်တယ်ဆိုတာ ဓာတ်မှန်ကို ကြည့်ပြီး ပြောလို့ မရဘူး။ ကျောက်အသေးတွေကို ဘယ်လိုကျောက်ကို ဆေးနဲ့ခြေမလဲ၊ ဘယ်လိုကျောက်ကို လှိုင်းနဲ့ခြေမလဲ ဆိုရင် ၁ ဒသမ ၅ ထက် ကြီးလာရင်တော့ ဆေးနဲ့ ခြေလို့မရဘူး၊ မှန်ပြောင်းနဲ့ ခြေ မယ်၊ တခြားနည်းတွေ လုပ်မယ်ပေါ့။ အင်မတန်သေးတဲ့ ကျောက်လေးတွေ ၁ စင်တီမီတာအောက်အထိ ကျောက်တွေ ကို ဆေးနဲ့ခြေလို့ရတယ်။ မနာရင်၊ မဖျား ရင်၊ ဆီးထဲသွေးမပါရင်၊ မပိတ်ဆို့ရင် သောက်ကြည့်ပါလို့ပြောတယ်။
မတူတာကတော့ အပေါ်ဘက်မှာ ကျောက်ရှိတယ်ဆိုရင် ပြွန်ရဲ့အချင်းက ၅ မီလီလီတာလောက်ပဲ ရှိတယ်။ ကျောက်က ၃၊ ၄ မီလီလီတာလောက် ရှိတဲ့ကျောက်က သူ့ဘာသူထွက်ကျနိုင် တယ်။ ၅ မီလီလီတာလောက်ရှိတဲ့ ကျောက်က သူ့ဘာသူ ထွက်ကျဖို့ ၅၀ ရာခိုင်နှုန်းရှိတယ်။ ၄ မီလီလီတာလောက် ရှိတဲ့ ကျောက်က သူ့ဘာသူ ထွက်ကျဖို့ ၇၀ ရာခိုင်နှုန်း ရှိတယ်။ ၇ မီလီလီတာရှိတဲ့ ကျောက်က သူ့ဘာသူထွက်ကျဖို့က ၂၀ ရာခိုင်နှုန်းအောက်ပဲရှိလို့ သူ့ဘာသူ မထွက်ကျဘူး။ ၇ မီလီမီတာလောက်ဆို ရင် ဆေးသောက်ကြည့်ချင် ကြည့်နိုင်ပေ မယ့် ကျောက်က မပျော်ဘဲ ထွက်ကျလာ ရင် ဒီလိုပြဿနာတွေ ရှိနိုင်တယ်လို့တော့ ပြောထားတယ်။ အထူးသဖြင့် လေယာဉ် မောင်းတွေမှာဆိုရင် ဘယ်လောက်ပဲရှိတဲ့ ဆီးကျောက်ဖြစ်ဖြစ် ခြေရတယ်။ ကျောက် ရှိနေရင် လေယာဉ်မောင်းခွင့် မရှိဘူး။ ရန်ကုန်မှာရှိနေသူတွေကို ဆေးသောက် ခိုင်းပြီး နာရင် အချိန်မရွေးခြေလို့ရတယ်။ ဒါပေမဲ့ သင်္ဘောသားတွေမှာတော့ လုပ် လို့မရဘူးပေ့ါ။
FAME က ထုတ်ထားတဲ့ Urocrush သုံးတယ်၊ Rowatinex သုံးတယ်။ တခြားက ထွက်တာတွေနဲ့ တရုတ်က ထုတ်ထားတဲ့ဆေးတွေတော့ ဆရာမသိ လို့ မသုံးဘူး။ ဆေးတွေမှာ ပါဝင်တာနဲ့ ကျောက်ကပ်အသားနဲ့ တည့်၊ မတည့်၊ အဆိပ်ဖြစ်နိုင်လားဆိုတာ သုတေသန တွေ မရှိလို့ ဆရာတို့ မသုံးပါဘူး။Rowatinex ကတော့ မရှိဘူးလို့ ပြောပါ တယ်။ သုံးလနေလို့မှ ဆီးကျောက်မပျော် ရင်၊ ခြောက်လနေလို့မှ ဘာမှမထူးရင် တော့ ဆက်မသောက်ပါနဲ့တော့။ ရေ များများ သောက်ပါ။ ရေများများဆိုတာက တစ်နေ့ကို ၂ လီတာ၊ ၂ လီတာခွဲကို ပြောတာပါ။ ရေသောက်တာ အရမ်း များသွားရင်လည်း ဆီးကျောက်က ပိတ် ဆို့မှု ဖြစ်သွားနိုင်ပါတယ်ဆိုတာ သတိ ထားဖို့လိုပါတယ်။

ဆရာပြောခဲ့တာ ဆီးကျောက်အရွယ် အစားက ၁ ဒသမ ၅ စင်တီမီတာထက် ကြီးရင် လှိုင်းနဲ့ ခြေမရဘူးပေါ့နော် ဆရာ။
European Guide Line အရ ဆီးကျောက်ကို လှိုင်းနဲ့ခြေမယ်ဆိုရင် အ ရွယ်အစားက ၁ ဒသမ ၅ ထက် မကြီးရ ဘူး။ American Guide Line က ၁ စင်တီမီတာထက် မကြီးရဘူး။Europe က ဘာကြောင့် ဒီလိုပြောလဲဆိုရင် တစ် ခါနဲ့ ကျောက်မကြေရင် ဒုတိယတစ်ခါ ထပ်ခြေတယ်။ အမေရိကန်ကတော့ တစ်ခါပဲခြေတယ်။ ဒီလိုပြောပေမယ့် လည်း ကျောက်ရဲ့ဖွဲ့စည်းပုံအရ အမှုန် သေးသေးလေးတွေ ကျန်တာရှိတယ်။ သိပ်အသေးစိတ်တာတွေတော့ မပြော တော့ပါဘူး။ ဆီးကျောက်ရဲ့အရွယ် အစားက ၁ ဒသမ ၅ အောက် ငယ်ရင် ခြေလို့ရတယ်ဆိုပေမယ့် ၁ စင်တီမီတာ အောက်ငယ်ရင်တော့ ကျောက်ခြေရတာ ပိုကောင်းပါတယ်။ ဆီးကျောက်ရဲ့ အမာ၊ အပျော့ပေါ်လည်း မူတည်ပါတယ်။

တချို့တွေမှာ ဆီးကျောက်ခြေလို့ မဖြစ် နိုင်တဲ့ အကြောင်းတရားတွေ ရှိနေနိုင် တယ်ဆိုတာ ဘယ်လိုအကြောင်းအရာမျိုး တွေပါသလဲ ဆရာ။
လှိုင်းနဲ့ ဆီးကျောက်ခြေတဲ့ လူနာက ခန္ဓာကိုယ်မှာ သွေးမတိတ်တဲ့ ရောဂါ ရှိမ နေရဘူး၊ ဆီးပိုးမတွယ်ရဘူး၊ ဆီးအထွက် လမ်းကြောင်းမှာ ပိတ်ဆို့မနေရဘူး၊ ကိုယ်ဝန်ရှိနေလို့ မရပါဘူး။

◘ ပါမောက္ခဦးတိုးလွင် (ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *