ဆီးချိုရောဂါအကြောင်း သင်ဘယ်လောက်သိပါသလဲ (၂)

ဆီးချိုရောဂါဟာ သွေးတွင်းသကြား ဓာတ်တွေများနေတဲ့ရောဂါပါ။ အဖြစ် များတဲ့ရောဂါဖြစ်ပြီး မျိုးရိုးလိုက်တဲ့ရောဂါလည်းပဲဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး ဘယ်လောက်သိလဲ လေ့ လာကြည့်ကြရအောင်။

၁။ ဆီးချိုသမားတွေအနေနဲ့ တစ်ပတ်ကို ဘယ်နှမိနစ်စာ ကိုယ်လက်လှုပ်ရှားမှုပြုသင့်ပါသလဲ။
(က) ၆၀မိနစ်
(ခ) ၆၀မိနစ်
(ဂ) ၁၅၀မိနစ်
(ဃ) ၅၀၀ မိနစ်

၂။ အဝလွန်တဲ့သူဖြစ်ပါက ၅ ပေါင် လောက်လျော့တာက ဆီးချိုရောဂါကို အထောက်အကူပြုနိုင်ပါတယ်။
(က) မှန်
(ခ) မှား

၃။ စိတ်ဖိစီးမှုများရင် သွေးတွင်းသကြားဓာတ်တက်လာနိုင်လား။
(က) တက်နိုင်တယ်
(ခ) မတက်နိုင်ဘူး

၄။ Strength Training  ကြွက်သားတွေ သန်မာစေနိုင်တဲ့လေ့ကျင့်ခန်းတွေက ဆီးချိုသမားတွေအတွက် ဘယ်လို ကောင်းစေနိုင်သလဲ။
(က) သန်မာပြီး ပေါ့ပါးဖျတ်လတ်စေ နိုင်တယ်
(ခ) အင်ဆူလင်ဆေးရဲ့ အာနိသင်ကို ပိုကောင်းစေတယ်
(ဂ) သွေးတွင်းသကြားဓာတ်ကို ညီမျှ စေတယ်
(ဃ) အပေါ်ကအချက်တွေအကုန်

၅။ ဆီးချိုသမားတွေအနေနဲ့ ဆားဘယ် လောက်စားသင့်လဲ။
(က) မစားသင့်ဘူး
(ခ) တစ်နေ့ကို စားပွဲတင်ဇွန်း တစ်ဇွန်း ထက်နည်း
(ဂ) တစ်နေ့ကို စားပွဲတင်ဇွန်း ၁၀-၁၂ ဇွန်း
(ဃ) လစဉ် ၆ ပေါင်ကနေ ၈ ပေါင် အနည်းဆုံး

၆။ သွားဖုံးရောဂါရှိရင် သွေးတွင်းသကြား ဓာတ်ထိန်းဖို့ ပိုပြီးခက်ခဲတတ်ပါတယ်။
(က) မှန်
(ခ) မှား

၇။ ဆီးချိုရှိရင် သွေးတိုးလည်းရှိနိုင်လား။
(က) ရှိနိုင်တယ်
(ခ) မရှိနိုင်ဘူး

၈။ ဆီးချိုသမားတွေအနေနဲ့ ပွန်းပဲ့ ဒဏ်ရာ ပြတ်ရှဒဏ်ရာရရင် ဘာလုပ်ပေး သင့်လဲ။
(က) သူ့ဟာသူပျောက်သွားလိမ့်မယ်
(ခ) အင်ဆူလင်ကိုလျှော့ရမယ်
(ဂ) Antibiotic Cream လိမ်းပြီး ပတ်တီးစည်းပေးရမယ်
(ဃ) ဂလူးကို့စ်အခြေခံတဲ့လိမ်းဆေး လိမ်းပေးရမယ်

၉။ ဆီးချိုသမားတွေအနေနဲ့ အိပ်ရေး မဝရင် ဘာတွေဖြစ်လာနိုင်ပါသလဲ။
(က) Alc ပမာဏများလာမယ်
(ခ) အချိုစားချင်စိတ်များလာမယ်
(ဂ) အာရုံကြောနာကျင်မှုများလာမယ်
(ဃ) အပေါ်ကအချက်အကုန်

ကဲ … အဖြေလေးတွေကို ကြည့်ရအောင် ♥

၁။ (ဂ) ၁၅၀ မိနစ်

ကိုယ်လက်လှုပ်ရှားလုပ် တာတွေက ဆီးချိုသမားတွေအတွက် တ ကယ်ကိုအကျိုးရှိစေပါတယ်။ သွေးတွင်း သကြားဓာတ်တွေကို လျှော့ချပေးတယ်။ သွေး ပေါင်ကျစေတယ်။ ခန္ဓာကိုယ်ကနေ အင် ဆူလင်အသုံးပြုတာကို ပိုကောင်းစေ တယ်။ နှလုံးရောဂါကို ကောင်းမွန်စေပါ တယ်။ ဆီးချိုဆေးကိုတောင် လျှော့သောက် လို့ရလောက်တဲ့အထိကို အကျိုးဖြစ်စေ ပါတယ်။ ဆရာဝန်တွေအကြံပေးတာက တော့ တစ်ပတ်ကိုအနည်းဆုံးလေ့ကျင့် ခန်း ၁၅၀ မိနစ်လောက်လုပ်ပေးဖို့ပါ။ တစ်ရက်ကို မိနစ် ၅၀ နဲ့ သုံးရက်ဆို အ ဆင်ပြေနေပါပြီ။ ကိုယ်လက်လှုပ်ရှား တယ်ဆိုရာမှာ တင်းနစ်ရိုက်တာ၊ လမ်း လျှောက်တာ၊ စက်ဘီးစီးတာတွေလည်း ပါပါတယ်။ မိနစ် ၅၀ ဆက်တိုက်မလုပ်နိုင် ရင်တောင် ခွဲခွဲပြီး လုပ်ပေးသွားပါ။

၂။ (က) မှန်

ကိုယ်အလေးချိန်များတာက ဆီးချိုရောဂါဖြစ်လာစေနိုင်တဲ့အကြောင်း အရာတစ်ခုပါ။ နှလုံးရောဂါလို ဆီးချို နောက်ဆက်တွဲရောဂါတွေလည်း ဖြစ် လာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်များ လွန်းရင် လျှော့ရခက်လို့ စိတ်ပျက်အား လျော့တာ မျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ စိတ်မပျက်ဘဲ သေချာလျှော့မယ်ဆို လျှော့ လို့ရပါတယ်။ ကိုယ်အလေးချိန် ငါးပေါင် ကနေ ၁၅ ပေါင်အထိ ကျမယ်ဆိုရင် တောင် သွေးတွင်းသကြားဓာတ်ပါကျလာ နိုင်ပါတယ်။ ကိုယ်အလေးချိန်ကျတာက သွေးပေါင်ချိန်ကို ထိန်းပေးတယ်။ နှလုံး ရောဂါ ဖြစ်နိုင်ခြေနည်းစေတယ်။ အင်ဆူ လင်အစွမ်းပိုထက်စေနိုင်ပါတယ်။

၃။ (က) တက်နိုင်တယ်

ဆီးချိုသမားတွေမှာ စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ စိတ် ဖိစီးမှုများတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဂရုမ စိုက်နိုင်တော့ပါဘူး။ အစားအသောက်မ မှန်၊ လေ့ကျင့်ခန်းမလုပ်၊ အိပ်ရေးမဝဖြစ် တတ်ပါတယ်။ နောက်ပြီးတော့ စိတ်ဖိစီးမှု များတာက သွေးတွင်းသကြားဓာတ်ပမာဏ ပေါ် တိုက်ရိုက်သက်ရောက်မှုလည်း ရှိပါ တယ်။ စိတ်ဖိစီးမှုကို လူတိုင်းရှောင်လွှဲလို့ မရတာမှန်ပေမယ့် စိတ်ဖိစီးမှုကိုလျှော့ချ လို့တော့ ရပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာနဲ့ ဆေးဝါးသုံးဆောင် တာတွေက စိတ်ဖိစီးမှုကို လျှော့ချပေးပါ တယ်။ အသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းလုပ်ပေးတာ၊ တရားထိုင်တာတွေက လည်း စိတ်ဖိစီးမှုကို သက်သာစေမှာပါ။

၄။ (ဃ) အပေါ်ကအချက်တွေအကုန်

ကိုယ် လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေအပြင် အလေးတုံးတွေနဲ့ဆော့ရတဲ့ လေ့ကျင့်ခန်း တွေကိုပါ တစ်ပတ်မှာ ၂-၃ ကြိမ်ပြုလုပ် ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းတွေက ကြွက်သားကို သန်မာစေနိုင်ပါတယ်။ ကြွက် သားတွေသန်မာပါက ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်စေနိုင်တဲ့အပြင် သဘာဝအင်ဆူ လင်ဓာတ်တွေရဲ့ အာနိသင်ကိုပါကောင်း စေပါတယ်။ ကယ်လိုရီလောင်ကျွမ်းစေပြီး တော်ရုံနဲ့ ကိုယ်အလေးချိန် မတက်အောင် ကာကွယ်ပေးပါတယ်။

၅။ (ခ) တစ်နေ့ကို စားပွဲတင်ဇွန်း တစ်ဇွန်း ထက်နည်း

ဆီးချိုသမားတွေအနေနဲ့ ဆားလျှော့ စားဖို့ အရမ်းအရေးကြီးပါတယ်။ ဆားလျှော့စား တာက သွေးပေါင်ကိုထိန်းပေးနိုင်တယ်။ ကျောက်ကပ်ကိုကာကွယ်ပေးတယ်။ နှ လုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချ ပေးပါတယ်။ ဆီးချိုသမားတွေအနေနဲ့ တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းရဲ့ သုံးပုံနှစ်ပုံလောက်ထိပဲ စားသင့်ပါတယ်။ ဟင်းတွေမှာ ဆားလျှော့ထည့်ချက်သင့်ပါ တယ်။ ဒါ့အပြင် အသင့်စားအစာတွေ၊ မုန့်ထုပ်တွေမှာ ဆားတွေများတတ်လို့ လည်း လျှော့စားသင့်ပါတယ်။

၆။ (က) မှန်

သွားဖုံးရောဂါက ဆီးချိုရော ဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်လေ့ရှိပါ တယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်း ချုပ်ရခက်လေလေ၊ နောက်ဆက်တွဲဖြစ် နိုင်ခြေများလေလေပါပဲ။ အပြန်အလှန် အနေနဲ့ သွားဖုံးရောဂါကိုမထိန်းနိုင်ရင် လည်း သွေးတွင်းသကြားပမာဏပေါ်အ ကျိုးသက်ရောက်မှုရှိပြီး ဆီးချိုထိန်းရ လည်း ပိုခက်တတ်ပါတယ်။ ဆီးချိုရောဂါက တခြားခံတွင်းကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ သွားပိုးပေါက်ဖြစ်တာ၊ ဘက်တီးရီး ယားရောဂါပိုးဝင်တာ စတာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သွေး တွင်းသကြားဓာတ်ကို သေချာထိန်းပေးဖို့ လိုသလို ခံတွင်းကျန်းမာရေးကောင်းဖို့ လည်း လိုပါတယ်။ တစ်နေ့ကို သွားနှစ်ကြိမ် တိုက်ပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်း ပါ။ သွားကြားပွတ်ကြိုးထိုးပါ။ ပိုးသတ် ပေးတဲ့ ပလုတ်ကျင်းဆေးရည်သုံးပါ။ ခြောက်လ တစ်ကြိမ် သွားဆရာဝန်နဲ့ပြပြီး လိုအပ်တဲ့ ကုသမှုခံယူပါ။

၇။ (က) ရှိနိုင်တယ်

ဆီးချိုသမားသုံးပုံနှစ်ပုံ မှာ သွေးတိုးလည်း ရှိနေတာကိုတွေ့ရပါ တယ်။ နှစ်မျိုးစလုံးရှိနေပါက နှလုံးတိုက် ခိုက်ခံရတာ၊ လေဖြန်းတာ၊ မျက်လုံးထိခိုက် တာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်လာ နိုင်ပါတယ်။ ဆီးချိုသမားတွေမှာ သွေး ပေါင်ထိန်းနိုင်ဖို့ အလွန်အရေးကြီးပါ တယ်။ အပေါ် သွေး ၁၃၀၊ အောက်သွေး ၈၀ အောက် ထိန်းထားဖို့လိုပါတယ်။ ဆီး ချိုသမားတွေအနေနဲ့ ကျန်းမာရေးနဲ့ညီ ညွတ်တဲ့အစာတွေစားပေးပြီး လေ့ကျင့် ခန်းများများလုပ်ပေးကာ ဆရာဝန်ညွှန် ကြားတဲ့ဆေးတွေ သောက်ပေးရပါမယ်။ တစ်နှစ်ကို အနည်းဆုံး ၂-၄ ကြိမ်ကြား သွေးပေါင်ချိန်တိုင်းပေးရပါမယ်။

၈။ (ဂ) Antibiotic Cream လိမ်းပြီး ပတ်တီးစည်း ပေးရမယ်

ဆီးချိုရှိပါက ဒဏ်ရာတစ်ခုခု အနာတစ်ခုခုဖြစ်ရင် ကျက်ဖို့နှေးသလို ရောဂါပိုးဝင်ဖို့လည်းလွယ်ပါတယ်။ ပွန်း ပဲ့တာ၊ ရှတာ ခပ်သေးသေးပဲဆိုပြီး မပေါ့ ဖို့ အရေးကြီးပါတယ်။ သေးငယ်တဲ့ဒဏ် ရာလေးကနေ အနာကြီးဖြစ်လာနိုင်ပြီး ပျောက်ဖို့ လနဲ့၊ နှစ်နဲ့ချီပြီး ကြာတတ်ပါ တယ်။ ဒါကြောင့် အနာခပ်သေးသေး၊ အ ရည်ကြည်ဖုခပ်သေးသေးလေးဖြစ်ရင် တောင် ကုသဖို့လိုပါတယ်။ ပိုးသတ်ပေး တဲ့ Antibiotic Cream သုံးပေးပြီး ပတ် တီးစည်း၊ ပလာစတာကပ်ပေးပါ။ လေသ လပ်မခံပါနဲ့။ အနာတွေက စိုစွတ်ပြီး ဖုံး ထားရင် ပိုပြီးအကျက်မြန်ပါတယ်။ ဒဏ် ရာကိုလည်း စောင့်ကြည့်နေပါ။ ပိုးဝင်ပြီ လို့ သံသယရှိပါက ဆေးခန်းပြပါ။

၉။ (ဃ) အပေါ်ကအချက်အကုန်

ဆီးချိုရော ဂါရှိသူတွေမှာ အိပ်ရေးမဝပါက အာရုံကြော နာလာတတ်သလို သွေးတွင်းသကြားပမာ ဏလည်း ထိန်းဖို့ခက်တတ်ပါတယ်။ အိပ် ရေးမဝတဲ့အခါ ခန္ဓာကိုယ်ထဲ စိတ်ဖိစီးတဲ့ ဟော်မုန်းပမာဏများလာပြီး အချိုတွေစား ချင်စိတ်ဖြစ်လာတတ်လို့ ဆီးချိုသမား တွေအတွက်မကောင်းပါဘူး။ နာတာရှည် အိပ်ရေးမဝတာက အမျိုးအစား(၂) ဆီး ချိုဖြစ်စေနိုင်တဲ့ အကြောင်းတစ်ရပ်လို့ လည်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် တစ်နေ့ကို အိပ်ချိန် ၇-၉နာရီကြားရှိဖို့ ကြိုးစားပါ။ တချို့ဆီးချိုသမားတွေမှာ မ ကြာခဏဆီးသွားတတ်တော့ ခဏခဏ တစ်ရေးနိုးပြီး အိပ်ရေးမဝဖြစ်တတ်ပါ တယ်။ အိပ်ရေးမဝဘူး၊ အရမ်းပင်ပန်းနုံး ချည့်နေတယ်လို့ခံစားရပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *