ဆီးချိုရောဂါအကြောင်း သင်ဘယ်လောက်သိပါသလဲ (၁)

ဆီးချိုရောဂါဟာ သွေးတွင်းသကြား ဓာတ်တွေများနေတဲ့ရောဂါပါ။ အဖြစ်များ တဲ့ရောဂါဖြစ်ပြီး မျိုးရိုးလိုက်တဲ့ရောဂါ လည်းပဲဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ပတ် သက်ပြီး ဘယ်လောက်သိလည်း လေ့ လာကြည့်ကြရအောင်။

၁။ ဆီးချိုရောဂါသည်အများစုဟာ သွေး ထဲသကြားဓာတ်များလာတာကို ခံစား သိရှိလေ့ရှိကြတယ်။
(က) သိတယ်
(ခ) မသိဘူး

၂။ ဆီးချိုသမားတွေက ဘာလို့ သက် သောင့်သက်သာရှိတဲ့ ဖိနပ်တွေကိုပဲ စီး သင့်တာလဲ။
(က) ခြေဖဝါးဒဏ်ရာမရအောင်
(ခ) ခြေထောက်လိမ်တာမျိုးမဖြစ်အောင်

၃။ ဆီးချိုသမားတွေအနေနဲ့ အသီးကို ကြိုက်သလောက်စားလို့ရလား။
(က) မှန်
(ခ) မှား

၄။ ဆီးချိုရှိပါက အအေးမိနှာစေးဖြစ်နိုင် ခြေများတယ်။
(က) မှန်
(ခ) မှား

၅။ ဆီးချိုသမားတွေအနေနဲ့ သကြား လုံးနဲ့ အချိုများတဲ့အစားအစာတွေကို လုံဝရှောင်သင့်တယ်။
(က) မှန်
(ခ) မှား

၆။ အစားအစာတွေထဲ အဆီလုံး၀ ဖြတ် လိုက်ရင် ဆီးချိုသက်သာလာနိုင်တယ်။
(က) မှန်
(ခ) မှား

၇။ ဆီးချိုသမားတွေအနေနဲ့ A1cTest ကို ဘယ်လောက်ကြာတစ်ကြိမ်စစ်ဆေးသင့်ပါသလဲ။
(က) နေ့စဉ်
(ခ) တစ်နှစ် ၂ ကြိမ်မှ ၄ ကြိမ်
(ဂ) တစ်နှစ်တစ်ခါ
(ဃ) နှစ်နှစ် တစ်ခါ

၈။ ဆီးချိုသမားတွေ ကိုယ်ဝန်ဆောင်ရင် အန္တရာယ်ရှိလား။
(က) ရှိတယ်
(ခ) မရှိဘူး

ကဲ… အဖြေလေးတွေကို ကြည့်ရအောင် ♥ ♥ ♥

၁။ (ခ) မသိဘူး
အမျိုးအစား (၂) ဆီးချိုက များ သောအားဖြင့် တိတ်တိတ်လေးဖြစ်တတ် တဲ့ ရောဂါပါ။ သွေးတွင်းသကြားဓာတ်တွေ အဆမတန်များနေပြီး ခန္ဓာကိုယ်ကို ထိ ခိုက်ပျက်စီးနေတာတောင် သင့်အနေနဲ့ က ဘာမှမခံစားရသလို ဖြစ်နေမှာပါ။ ဆီးချိုကိုတိုင်းတာမယ်ဆိုရင် သင်ဘယ် လိုခံစားနေရသလဲဆိုတာကို တိုင်းလို့မ ရပါဘူး။ အစဉ်အမြဲ သွေးစစ်နေမှရမှာပါ။ ဒါမှသာ လက္ခဏာတွေပေါ်မလာခင် ရော ဂါကို ထိန်းထားနိုင်မှာပါ။ ဆီးချိုသမား တွေအနေနဲ့ အိမ်သုံးသွေးတွင်းသကြား ဓာတ်စစ်ဆေးကိရိယာလေးကို ဆောင်ထား ပြီး မကြာမကြာ စစ်ပေးသင့်ပါတယ်။ ဘယ် လောက်ကြာ တစ်ကြိမ်စစ်ရမလဲဆိုတာ ကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါနော်။

၂။ (က) ခြေဖဝါးဒဏ်ရာမရအောင်
ဆီးချိုသမားတွေမှာ ခြေဖဝါးရောဂါ တွေ ဖြစ်လေ့ရှိပါတယ်။ အာရုံကြောထိ ခိုက်မှုကြောင့် ခြေဖဝါးမှာသွေးခြည်ဥတာ တို့ အနာဖြစ်တာတို့ကို မခံစားမိတတ်ကြ ပါဘူး။ ခြေဖဝါးဆီ သွေးစီးဆင်းမှုနည်း တာကြောင့် အနာဖြစ်ခဲ့ရင်လည်း အနာ ကျက်ဖို့ခက်သလို ရောဂါပိုးဝင်ဖို့လည်း လွယ်ပါတယ်။ ဆီးချိုသမားတွေက ရော ဂါပိုးတွေ ကူးစက်ဖို့လွယ်သလို အနာ ကျက်ဖို့လည်းနှေးပါတယ်။ ဒါကြောင့် မတော်တဲ့ဖိနပ်တွေ၊ သက်သောင့်သက် သာမရှိတဲ့ဖိနပ်တွေဝတ်ရင် ခြေဖဝါးဒဏ်ရာ ရပြီး အနာတော်ရုံမကျက်တော့ပါဘူး။ သက်သောင့်သက်သာရှိပြီး ထိပ်ကျယ်တဲ့ ဝေါ့ကင်းရှူးဖိနပ်တွေ စီးပေးပါ။ ညအိပ် ရာဝင်ခါနီးတိုင်း ခြေဖဝါးမှာ ဒဏ်ရာတွေ၊ သွေးခြည်ဥတာတွေရှိလား စစ်ပေးပါ။

၃။ (ခ) မှား
အသီးတွေက ကျန်းမာရေးအတွက် ကောင်းစေတာမှန်ပေမဲ့ အသီးမှာလည်း ကစီဓာတ်တွေပါတတ်ပါတယ်။ တချို့အ သီးတွေဆို ကစီဓာတ် ပိုများများပါနေ တတ်ပါတယ်။ ကစီဓာတ်များများစားပါက သွေးတွင်းသကြားဓာတ်များလာတတ်ပါတယ်။ ဒါကြောင့် တခြားအစာတွေလိုပဲ အသီးကိုလည်း သတိနဲ့စားရပါမယ်။ ကျန်းမာရေးအတွက် ကောင်းတာပဲဆိုပြီး စွတ်စားလို့မရပါဘူး။ စားတဲ့အခါမှာလည်း ခပ်သေးသေးစိတ်ပြီးစားပါ။ ဖျော်ရည် ထက်စာရင် အသီးကိုပိုစားပေးပါ။ အသီး လိုပဲ စေးကပ်တဲ့အသီးအနှံတွေဖြစ်တဲ့ အာ လူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပဲနဲ့ ပြောင်းဖူးတို့ ကိုလည်း ထိန်းစားရပါမယ်။

၄။ (ခ) မှား
ဆီးချိုသမားမို့လို့ အအေးမိနှာစေးတုပ်ကွေးပိုမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဖြစ်ခဲ့ ရင်တော့ အခြားသူတွေထက် အခြေအ နေပိုဆိုးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်တွေတက်နိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဆီးချိုသမားတွေဟာ တုပ်ကွေးနဲ့နမိုး နီးယားရောဂါကြောင့် အသက်ဆုံးရှုံးနိုင် ခြေ သုံးဆနီးပါး ပိုများနေပါတယ်။ ဒါ ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အ အေးမိရာသီမှာ နွေးနွေးထွေးထွေးနေပါ။ အအေးမမိစေပါနဲ့။ လက်များများဆေး ပေးပြီး လက်ဆေးဇလုံ အလွယ်တကူမရှိ ခဲ့ရင်တောင် Hand Gel လေးဆောင် ထားပေးပါ။

၅။ (ခ) မှား
ဆီးချိုသမားတွေက ကြိုက်တာစား လို့ရပါတယ်။ ကိတ်မုန့်၊ ပေါင်မုန့်နဲ့ အ ချိုစာတွေကိုစားလို့ရပါတယ်။ လုံးဝဖြတ် စရာမလိုပါဘူး။ သတိနဲ့စားသရွေ့ ရှောင် ရမယ့်အစားအစာဆိုတာမရှိပါဘူး။ အ ချိုစာတွေကို အသင့်အတင့်စားပေးပြီး စားလိုက်တဲ့ ကစီဓာတ်ကိုသာ သေချာ ကြည့်ရမှာပါ။ ဥပမာ သင့်အနေနဲ့ ကိတ်မုန့် တစ်ခုအချိုတည်းချင်တယ်ဆိုရင် တခြား ကစီဓာတ်ပါတဲ့အစာကို မစားဘဲနေလိုက် မှရမှာပါ။ သတိထားရမယ့်အချက်တစ်ခု ကလည်း ဆီးချိုသကြားလုံးနဲ့ ဆီးချိုမုန့် တွေဟာ သကြားဓာတ်မပါဘူးဆိုပေမဲ့ ကယ်လိုရီနဲ့ ကစီဓာတ်တွေပါနေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိခိုက်စေနိုင် ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအ တွက်သီးသန့်ထုတ်ထားတဲ့ အစာဆိုတိုင်း လည်း စားကောင်းကောင်းနဲ့ အများကြီး မစားပါနဲ့။

၆။ (ခ) မှား
ဆီးချိုရှိရင် အဆီတွေအကုန် ဖြတ် စရာမလိုပါဘူး။ ကျန်းမာရေးနဲ့မသင့် တော်တဲ့ ပြည့်ဝဆီတွေကိုသာ လျှော့ရ မှာပါ။ ဒီဆီတွေက ပြုပြင်ထားတဲ့အစာ တွေမှာ တွေ့ရတတ်ပါတယ်။ ကျန်းမာ ရေးနဲ့ညီညွတ်တဲ့အဆီတွေကိုတော့ အ လုံအလောက်စားပေးဖို့လိုပါတယ်။ ပြည့် ဝဆီတွေလျှော့စားတာက နှလုံးသွေး ကြောရောဂါတွေနဲ့ ဆီးချိုရောဂါနောက်ဆက်တွဲတွေဖြစ်နိုင်ခြေ လျော့နည်းစေ ပါတယ်။ ဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ် တဲ့အဆီတွေကြွယ်ဝတဲ့ အယ်လ်မွန်စေ့ တွေကို ချိစ်အစား စားပေးပါ။ ဘာဂါအ စား ငါးကြီးဆီကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး စားပေးပါ။ အသင့်အတင့်စားဖို့လည်း အရေးကြီးပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေမှာတောင် ကယ်လိုရီတွေ များ နေတတ်တာကြောင့်ပါ။ များများစားရင် ဝိတ်တက်တတ်ပါတယ်။

၇။ (ခ) တစ်နှစ် နှစ်ကြိမ်မှ လေးကြိမ်
A1c test ဆိုတာ ပုံမှန်သွေးတွင်း သကြားဓာတ်စစ်ဆေးမှုတွေထက်စာရင် ဂလူးကို့စ်ပမာဏကို ပိုပြီးတိကျမှန်ကန် စွာသိရှိစေတဲ့ စစ်ဆေးမှုပါ။ လက်ရှိပမာ ဏကိုသာမက လွန်ခဲ့တဲ့ နှစ်လ-သုံးလ အတွင်းက သွေးတွင်းသကြားပမာဏကို ပါ ခြုံပြီးစစ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခဏခဏစစ်စရာမလိုဘဲ တစ်နှစ်ကို နှစ် ကြိမ်ကနေ လေးကြိမ်အတွင်းသာ စစ် ပေးသင့်တာပါ။

၈။ (ခ) မရှိဘူး
ဟိုအရင်ကတော့ ဆီးချိုဝေဒနာ ရှင်တွေကို ကိုယ်ဝန်မဆောင်ခိုင်းကြပါ ဘူး။ ခုခေတ်မှာတော့ အဲဒီလိုတွေမရှိ တော့ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းနဲ့သာဆိုရင် ဆီးချိုသမား တွေလည်း ပုံမှန်ကိုယ်ဝန်ဆောင်နိုင်သလို ကျန်းမာတဲ့ကလေးလည်းမွေးနိုင်မှာပါ။ အရေးကြီးတဲ့အချက်ကတော့ ကိုယ်ဝန်မ ဆောင်ခင်နဲ့ ဆောင်နေစဉ်မှာ သွေးတွင်း သကြားဓာတ်ကို သေချာထိန်းချုပ်ထား ဖို့ပါပဲ။ ကိုယ်ဝန်ဆောင်ဖို့မကြိုးစားခင် သုံးလမှခြောက်လအတွင်း ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာပြင်ဆင်ပါ။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *