ဆီးချိုရောဂါရှင်များသောက်သင့်သည့် ကြက်ဟင်းခါးသီးဖျော်ရည်

ဆီးချိုရောဂါဆိုတာဟာ ခန္ဓာကိုယ် အတွင်းက သွေးတွင်းသကြားဓာတ်တွေ ပုံမှန်ရှိရမယ့် ပမာဏထက် ပိုပြီးများနေတဲ့ ကျန်းမာရေးအခြေအနေပါ။ ဆီးချိုရောဂါ အမျိုးအစား နှစ်မျိုးရှိပါတယ်။ အမျိုး အစား (၁) ဆီးချိုဟာ ခန္ဓာကိုယ်က အင် ဆူလင် မထုတ်လုပ်နိုင်တာကြောင့်ဖြစ် ပြီး အမျိုးအစား(၂) ဆီးချိုကတော့ ခန္ဓာ ကိုယ်က အင်ဆူလင်ကို ကောင်းမွန်စွာ တုံ့ပြန်မှု မရှိတာကြောင့် ဖြစ်တာပါ။
အမျိုးအစား(၂) ဆီးချိုရောဂါ ဖြစ် စေတဲ့ အကြောင်းရင်းတွေထဲမှာ ကျန်းမာ ရေး မညီညွတ်တဲ့အစာစားတာ၊ လှုပ်ရှား မှုနည်းတာနဲ့ မျိုးရိုးဗီဇအပါအ၀င် အ ချက် များစွာ ပါဝင်ပါတယ်။ ဆီးချိုရောဂါ ရှိတယ်လို့ သတ်မှတ်လိုက်ရင် သင့်ဘ၀ တစ်ခုလုံး ပြောင်းလဲသွားပါပြီ။ သင်ဖြစ် နေတဲ့ အမျိုးအစားအပေါ်မူတည်ပြီး အင် ဆူလင်ဆေးထိုးရတာ၊ ဆီးချိုရောဂါ ပျောက်ဆေးမှီဝဲရတာမျိုးတွေကို ပြုလုပ် ရပါတာ့မယ်။
ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေး တိုးရောဂါ၊ သွေးတွင်းကိုလက်စထရော မြင့်မားတာနဲ့ အမြင်အာရုံေ၀၀ါးတာလိုမျိုး ပြဿနာဖြစ်နိုင်ခြေတွေ လျှော့ချနိုင်ဖို့ အတွက် ဘ၀နေထိုင်မှုပုံစံပြောင်းလဲပေး ရပါမယ်။ လေ့ကျင့်ခန်းကို လုံလုံလောက် လောက်ပြုလုပ်ပြီး မှန်ကန်တဲ့အစားအ သောက်ကို ရွေးချယ်နိုင်ရင် ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါရှိ ရင်လည်း ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ ဆီးချိုရောဂါအတွက် အစားအသောက်နဲ့ ပတ်သက်လာရင် ကြက်ဟင်းခါးသီးကို မေ့ထားလို့ မရပါဘူး။

ကြက်ဟင်းခါးသီးနှင့် ဆီးချိုရောဂါ

ကြက်ဟင်းခါးသီးမှာ ဆီးချိုရောဂါ ကို ပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ်္တိရှိ ပါတယ်။ သူ့မှာပါဝင်တဲ့ Polypeptide-p, vicine နဲ့ charatin ဒြပ်ပေါင်းသုံးမျိုး ဟာ သွေးတွင်းသကြားဓာတ်ကို ထိ ရောက်စွာ ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက ဆဲလ်တွေ သကြား မော်လီကျူးကို အသုံးပြုဖို့ ကူညီနိုင်တာ၊ အင်ဆူလင်ထုတ်လုပ်မှု မြင့်မားစေတာ၊ အသည်းကို လှုံ့ဆော်မှုပေးနိုင်တာတွေ အပြင် ကြွက်သားရဲ့ ဂလိုင်ကိုဂျင်လုပ်ဆောင် ချက်ကို ကူညီနိုင်ပြီး ခန္ဓာကိုယ်တွင်း ဂလူးကို့စ်စုပ်ယူမှုကို လျော့နည်းစေနိုင်ပါ တယ်။ ၂၀၁၅ ခုနှစ်က အီဂျစ်ဆေးဝါး ဂျာနယ်က ပြုလုပ်တဲ့လေ့လာမှုအရ ကြက်ဟင်းခါးသီးကို သွေးတွင်းသကြား ဓာတ်လျော့ကျဖို့အတွက် ဘေးထွက်ဆိုး ကျိုးမရှိဘဲ အသုံးပြုနိုင်တယ်လို့ သိရပါ တယ်။
ကြက်ဟင်းခါးသီးဟာ ဆီးချိုရောဂါ အတွက် အလွန်အကျိုးရှိပေမယ့် သူရဲ့ခါး သက်တဲ့အရသာကြောင့် လူတိုင်းမနှစ် သက်နိုင်ကြပါဘူး။ ဒါပေမဲ့ ဒီလိုခါးသက် တဲ့ ကြက်ဟင်းခါးသီးကို အရသာကောင်း မွန်အောင် တခြားပါဝင်ပစ္စည်းတွေနဲ့ ရောစပ်လို့ ရပါတယ်။ ဥပမာအားဖြင့် သ ခွားသီး၊ အစိမ်းရောင်ပန်းသီး၊ ရှောက် ရည်နဲ့ နနွင်းမှုန့်တွေ အသုံးပြုပြီး ကြက် ဟင်းခါးသီးဖျော်ရည်ပြုလုပ်ပြီး သောက် လို့ရပါတယ်။
သခွားသီးမှာ ကယ်လိုရီပါဝင်မှုက သုညဖြစ်နေတာကြောင့် ဆီးချိုသမား တွေအနေနဲ့ သူတို့ရဲ့ သွေးတွင်းသကြား ဓာတ်ပေါ်မှာ စိုးရိမ်ကြောင့်ကြမှုရှိစရာ မလိုဘဲ လွတ်လွတ်လပ်လပ်စားသုံးနိုင်ပါ တယ်။ သူ့မှာပါဝင်တဲ့ ဟော်မုန်းကိုလည်း မုန့်ချိုအိတ်က အသုံးပြုပြီး အင်ဆူလင် ထုတ်လုပ်ပေးနိုင်ပါတယ်။
အစိမ်းရောင်ပန်းသီးမှာ ရေမှာပျော် ၀င်တဲ့အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့အ ပြင် ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တာကြောင့် ခန္ဓာကိုယ် အတွက် များစွာအကျိုးရှိပါတယ်။ ပန်းသီးမှာပါဝင်တဲ့ ပက်ပ်တင်ဓာတ်ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးနိုင်ပါတယ်။
ဆီးချိုသမားတွေအတွက် ရှောက် သီးအသုံးပြုရတာက သူ့မှာ ဗီတာမင် စီ နဲ့ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်တွေ များ စွာ ပါဝင်တာကြောင့်ပါ။
နနွင်းမှုန့်ဟာ သူ့မှာပါဝင်တဲ့ ကာကူ မင်ကြောင့် ရောင်ရမ်းမှုကို လျော့ကျစေ တဲ့ ဂုဏ်သတ္တိရှိပါတယ်။
ကြက်ဟင်းခါးသီးဖျော်ရည်ကို အောက်ပါအတိုင်း နှစ်မျိုးနှစ်စား ပြု လုပ်လို့ ရပါတယ်။

၁။ ကြက်ဟင်းခါးသီးနှင့်သခွားသီးဖျော်ရည်
ပါဝင်ပစ္စည်း
♦ ကြက်ဟင်းခါးသီး နှစ်လုံး
♦ သခွားသီး တစ်လုံး
♦ အစိမ်းရောင်ပန်းသီး တစ်လုံး
♦ ရှောက်သီး တစ်ခြမ်း
♦ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စာ

ပြုလုပ်နည်း
♦ ကြက်ဟင်းခါးသီးကို ရေစင်အောင် ဆေးပြီး အခွံနွှာပါ။ (အခွံမနွှာဘဲ အသုံး ပြုလို့လည်း ရပါတယ်)
♦ အလယ်ကနေ ထက်ခြမ်းခွဲပြီး အတွင်းက အစေ့နဲ့ အညှိလေးတွေကို ဖယ်ရှားပါ။
♦ အတုံးသေးသေးလေးတွေ လှီးဖြတ် ပါ။
♦ လှီးဖြတ်ပြီးသား ကြက်ဟင်းခါးသီး တွေကို ဆားရည်ထဲမှာ ၁၀ မိနစ်ခန့် စိမ် ထားပေးပါ။
♦ သခွားသီးကို အခွံနွှာပြီး အတုံးသေး သေးလေးတွေ လှီးပါ။
♦ အစိမ်းရောင်ပန်းသီးကို အတုံးသေး သေးလေးတွေ လှီးဖြတ်ပါ။
♦ လှီးဖြတ်ပြီးသား ကြက်ဟင်းခါးသီး၊ သခွားသီးနဲ့ အစိမ်းရောင်ပန်းသီးတွေကို ဖျော်ရည်စက်ထဲ ထည့်ကြိတ်ပါ။
♦ ရလာတဲ့ဖျော်ရည်ထဲကို ရှောက် သီး တစ်ခြမ်းကို အရည်ညှစ်ထည့်ပါ။
♦ ဒီဖျော်ရည်ကို တစ်နေ့ တစ်ကြိမ် အစာမစားခင် သောက်ပေးနိုင်ပါတယ်။

၂။ ကြက်ဟင်းခါးသီးနှင့် နနွင်းဖျော်ရည်
ပါဝင်ပစ္စည်း
♦ ကြက်ဟင်းခါးသီး နှစ်လုံး
♦ ရှောက်သီး တစ်ခြမ်း
♦ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေး ပုံတစ်ပုံစာ
♦ ဆားအနည်းငယ်

ပြုလုပ်နည်း
♦ ကြက်ဟင်းခါးသီးကို အခွံနွှာ၊ အစေ့နဲ့ အညှိတွေ ထုတ်ပြီး အတုံးသေး သေးလေးတွေ လှီးဖြတ်ပါ။
♦ လှီးဖြတ်ပြီးသား ကြက်ဟင်းခါးသီး ကို ဆားရည်မှာ ၁၀ မိနစ်ခန့် စိမ်ပါ။
♦ ဆားရည်စိမ်ထားတဲ့ ကြက်ဟင်း ခါးသီးကို ဖျော်စက်ထဲ ထည့်မွှေပါ။
♦ ရလာတဲ့ဖျော်ရည်ထဲကို ရှောက် ရည်၊ နနွင်းမှုန့်နဲ့ ဆားအနည်းငယ် ထည့် ပါ။
♦ ဒီဖျော်ရည်ကို တစ်နေ့ တစ်ကြိမ် အစာမစားခင် သောက်ပေးပါ။

Tips!
♦ ကြက်ဟင်းခါးသီးကို အခွံမခွာချင် ရင် အခွံပေါ်က ပိုးသတ်ဆေးတွေ ကုန် စင်အောင် ရေနဲ့ သေချာဆေးကြောပေး ရပါမယ်။
♦ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ လတ် ဆတ်တဲ့သစ်သီးဝလံနဲ့ ဟင်းသီးဟင်း ရွက်တွေကို ပိုမိုစားသုံးပေးပါ။
♦ သကြားပါဝင်မှုများတဲ့ ဆော်ဒါဖျော် ရည်၊ သစ်သီးဖျော်ရည်၊ စွမ်းအားဖြည့် အချိုရည်တွေကို ရှောင်ကြဉ်ပါ။
♦ ကိတ်မုန့်၊ အာလူးချောင်းကြော်၊ ကွတ်ကီး၊ မလိုင်အပြည့်ပါဝင်တဲ့ နွားနို့၊ ပေါင်မုန့်တွေကို ရှောင်ကြဉ်ပါ။
♦ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အစားအစာ စားသုံးမှုကို လျှော့ချပါ။
♦ မိမိရဲ့ ကိုယ်အလေးချိန်ကို ထိန်း သိမ်းပါ။ အ၀လွန်တာက ဆီးချိုရောဂါ ဖြစ်နိုင်ခြေမြင့်မားပြီး ရောဂါဖြစ်ရင်လည်း ထိန်းချုပ်ရ ခက်ခဲနိုင်ပါတယ်။
♦ အထိုင်များတဲ့ ဘ၀နေထိုင်မှုပုံစံကို ရှောင်ပါ။ နေ့စဉ်အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းမြန်မြန်လျှောက်ပေးပါ။
♦ ဆေးလိပ်သောက်ရင် ဆေးလိပ် ဖြတ်ပါ။
♦ အရက်သောက်တတ်ရင် အရက် အနည်းငယ်သာ သောက်ပါ။

◘ ဒေါက်တာခင်မိုးမိုး

Good Health Journal

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *