ဆီးချိုရှိရင်ဘာတွေရှောင်ရမလဲ.

ဆီးချိုသွေးချိုရောဂါဖြစ်တဲ့အခါ ဘာတွေစား လို့ရလဲ၊ ဘာတွေရှောင်ရမလဲဆိုတာ အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ တချို့က စားလို့ရတာ တွေကို မစားဘဲ စားလို့မရတာတွေကို စားနေမိ တတ်ပါတယ်။ အစားတွေလျှော့စားပြီး ရှောင်ဖို့ မဟုတ်ပါဘူး၊ ခန္ဓာကိုယ်ကြီး နေ့စဉ်လှုပ်ရှားသွား လာနိုင်ဖို့၊ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့၊ ကောင်းစွာ လေ့လာသင်ယူနိုင်ဖို့ စတာတွေအတွက် ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့စားစရာတွေစားဖို့လိုပါတယ်။ အစားအစာရွေးချယ်တဲ့အခါ အခြေခံ အုပ်စုကြီးငါးစုကို မျှတအောင်စားရမှာ ဖြစ်ပါတယ်။
ဆီးချို သွေးချိုရောဂါရှိသူ တွေအတွက် အစားအစာရွေးချယ် တဲ့အခါ အောက်ပါအချက်တွေ က အထောက်အကူပြုနိုင်မှာပါ။

(၁) ကစီဓာတ်
ကစီဓာတ်ကို လုံး၀ ရှောင်ရမှာ မဟုတ်ပါဘူး။ ကောက်နှံတစ်ခုလုံးပါဝင်တဲ့ပေါင်မုန့်၊ ဆန်လုံးညို၊ အုတ်ဂျုံ၊ Quinoa?၊ ကန်စွန်းဥ မီးဖုတ် စတာတွေကို စားပေးပါ။ ဖြူဆွတ်အောင် ချွတ်ထားတဲ့ ပေါင်မုန့်၊ ထမင်းဖြူ၊ ဂျုံဖြူ၊ အာလူးကြော်၊ သကြားဓာတ်အ များကြီးပါတဲ့ Cereals တွေကို လျှော့စားပါ။

(၂) ဟင်းသီးဟင်းရွက်
လတ်ဆတ်တဲ့ အသီးအနှံ၊ ကိုက်လန်၊ မုန်ညင်း၊ ဆလတ်ရွက်၊ မုန်လာဥ၊ ငရုတ်ပွအနီရောင်၊ ခရမ်းသီး၊ ကြက်သွန်ဖြူတွေ စားပေးပါ။ စည်သွတ်ဘူးတွေနဲ့ ထည့်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ထောပတ်၊ ချိစ်၊ အငန်အချဉ်ရည်တွေနဲ့ ချက်ထားတဲ့ ဟင်းသီး ဟင်းရွက်တွေ၊ ဆားစိမ်ချဉ်ဖတ်တွေမစားပါနဲ့။

(၃) အသီးအနှံ
လတ်ဆတ်တဲ့ အသီးအနှံ၊ သကြားရည်မစိမ် ထားတဲ့ သဘာဝစစ်စစ် အသီးအနှံတွေကို ရွေး ချယ်စားပါ။ အချိုရည် စိမ်ထားတဲ့ အသီးအနှံ၊ စည် သွတ်ဘူးထဲထည့်ထားတဲ့ သစ်သီးတွေ၊ သစ်သီး ယို၊ ဂျယ်လီ၊ သစ်သီး ဖျော်ရည်တွေရှောင်ပါ။

(၄) ပရိုတင်း
ပရိုတင်းရရှိဖို့ အစေ့အဆန်၊ တိုဟူး၊ ပင်လယ် စာ၊ ကြက်သား(ရင်အုံသား)၊ ဥအမျိုးမျိုးစားပါ။ ရှောင်ရမှာက အသားကင်၊ အဆီပါတဲ့ အသား (နံရိုး)၊ ဆားနယ်ကျပ်တင်ထားတဲ့ ဝက်သား ခြောက်၊ ငါးကြော်၊ ချိစ်တွေ ဖြစ်ပါတယ်။

(၅) နို့နှင့်နို့ထွက်ပစ္စည်း
အဆီလျှော့ထားတဲ့ ဒိန်ချဉ်၊ အဆီ လျှော့ထား တဲ့ ချိစ်၊ အဆီလျှော့ထားတဲ့ နွားနို့၊ အဆီမပါတဲ့ ခရင်မ်တွေ စားလို့ရပါတယ်။ အဆီများတဲ့ နွားနို့၊ ချိစ်၊ ရေခဲမုန့်နဲ့ အချိုစာတွေရှောင်ပါ။

ထူးဒါလီကိုကို(MPharm)

Post Author: Good Health Journal