ဆီးကျဉ်တာ ခံစားနေရလား

ဆီးကျဉ်တဲ့အခါ သက်သောင့်သက် သာမဖြစ်ဘဲ နာကျင်မှု ခံစားရနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေက ဆီးကျဉ်တာ သက်သာအောင် ကူညီပေးပါတယ်။

တစ်ထိုင်တည်း ရေအများကြီး သောက် လိုက်ပါ
အလွယ်ကူဆုံးနည်းလမ်းလေးပဲလို့ တော့မထင်လိုက်ပါနဲ့။ ဆီးလမ်းကြောင်း ပိုးဝင်နေချိန်မှာ အရေးတကြီးပြုလုပ်သင့် တဲ့အချက်တစ်ခုပါပဲ။ ရေများများသောက် ပြီး ဆီးလမ်းကြောင်းတဲ့ ရောဂါပိုးတွေကို တွန်းထုတ်နိုင်ပါတယ်။ အေးမြတဲ့ရေ၊ ဒါမှ မဟုတ် ရေအေးအေး တစ်ခွက်သောက် ချလိုက်ပါ။ ဒါမှမဟုတ် သင်သောက်နိုင် သလောက် များများသောက်ပါ။

ဆီးမကြာခဏသွားပေးပါ
ဆီးကျဉ်နေချိန်မှာ ဆီးသွားရတာက ခက်ခဲနေတတ်ပါတယ်။ ဆီးအရမ်းသွား ချင်နေသလို ခံစားနေရပေမယ့် တကယ် တမ်း ဆီးပေါက်လိုက်ချိန်မှာ စိတ်ကျေနပ် မှု မရှိသလို၊ သက်သောင့်သက်သာလည်း မဖြစ်တာကြောင့် တချို့တွေက ဆီးမသွား တော့ဘဲ အောင့်ထားတာကြောင့် ဆီးကျဉ် တာ ပိုဆိုးတတ်ပါတယ်။

ဆော်ဒါအရည်သောက်ပါ
မုန့်ဖုတ်ရာမှာအသုံးပြုတဲ့ ဆော်ဒါ အမှုန့်ကို ဆိုလိုတာပါ။ အဲဒီဆော်ဒါအ မှုန့်က ရင်ပူတာကိုလည်း သက်သာစေ နိုင်ပါတယ်။ ဆော်ဒါထဲမှာ အယ်လ်ကာ လိုင်းပါဝင်ပြီး အစာအိမ်ထဲမှာ အက်စစ် ဖြစ်ပေါ်မှုကို သဘာဝနည်းလမ်းနဲ့ တားဆီး ပေးတာကြောင့် ရင်ပူတာကို သက်သာ စေပြီး ဆီးသွားချိန်မှာ သက်သောင့်သက် သာ ဖြစ်စေနိုင်ပါတယ်။ ဆော်ဒါမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေရှစ် အောင်စနဲ့ရောလိုက်ပြီး ဆော်ဒါမှုန့်ကို ရေထဲမှာ ပျော်ဝင်ပါစေ။ ယင်းဆော်ဒါမှုန့် ဖျော်ရည် တစ်ခွက်လုံး သောက်လိုက်ပါ။ သင်ဆီးသွားရတာ သက်သောင့်သက်သာ မဖြစ်ဘူးလို့ ခံစားနေရရင် မနက်စော စောကတည်းက ဆော်ဒါမှုန့်ဖျော်ရည် တစ်ခွက်ကို အရင်ဆုံးသောက်ထားလိုက် ပါ။ ဒါပေမဲ့ တစ်ပတ်ထက်တော့ ပိုမ သောက်ပါနဲ့။ နောက်ပြီး ယင်းဖျော်ရည် သောက်နေချိန်မှာ သင့်အနေနဲ့ ဆား အနည်းငယ် လျှော့စားဖို့လိုပါတယ်။ ဘာ လို့လဲဆိုတော့ မုန့်ဖုတ်ဆော်ဒါထဲမှာ ဆို ဒီယမ်ပါဝင်မှု များတာကြောင့်ပါ။

တရုတ်နံနံဖျော်ရည်လုပ်သောက်ပါ
ဟင်းလျာတွေမှာ အများဆုံးအ သုံးပြုတတ်ကြတဲ့ နံနံပင်တစ်မျိုးဖြစ်တဲ့ တရုတ်နံနံပင်ဟာ ဆီးရွှင်စေတဲ့ အာနိ သင်ရှိပါတယ်။ ဒါ့အပြင် ဆီးလမ်း ကြောင်းနဲ့ ပတ်သက်တဲ့ရောဂါ အတော် များများကိုလည်း သက်သာစေနိုင်ပါ တယ်။ သင်စားနေတဲ့အစားအစာတွေ ထဲမှာ အငန်ဓာတ်တွေများလွန်းတာက သင့်ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပါ တယ်။ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်လွန် ကဲနေတာကြောင့် သွေးဖိအားကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။ သင်က အငန်များများစားတတ်သူဆိုရင် ရေများ များသောက်ဖို့လိုတယ်ဆိုတာကို နား လည်ထားပါ။ အငန်အစားများတဲ့သူတွေ အနေနဲ့ ပုံမှန်သောက်နေကျ ရေရှစ်ခွက် ထက် နောက်ထပ်သုံးခွက်လောက်ပို သောက်ပေးသင့်ပါတယ်။ တရုတ်နံနံခွက် တစ်ခွက်စာ ဒါမှမဟုတ် အမှုန့်ဆိုရင် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရေနှစ်ခွက် စာနဲ့ ရောလိုက်ပြီး သောက်ပါ။ ရေနွေးပူပူ ထဲကို စိမ်လိုက်ပြီး ၁၀ မိနစ်လောက်ကြာ အောင် အဖုံးပိတ်ထားလိုက်ပြီး၊ သောက် လို့ရပါပြီး နွေရာသီမှာဆိုရင် ယင်းဖျော် ရည်ကို ရေခဲသေတ္တာထဲထည့်ထားပြီး ပုံမှန်သောက်ပေးလို့ရပါတယ်။

မုန်ညင်းစေ့ ၀ါးစားပါ
မုန်ညင်းစေ့နဲ့ မုန်ညင်းဆီဟာ ကျန်း မာရေးအကျိုးပြုပစ္စည်းတွေပဲဖြစ်ပါ တယ်။ မုန်ညှင်းစေ့ကလည်း ဆီးလမ်း ကြောင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကုသပေးနိုင်တဲ့ စွမ်းအား တွေရှိပါတယ်။ တော်ရုံဆီးလမ်းကြောင်း ပြဿနာတွေကို မုန်ညှင်းစေ့က ဖြေရှင်း ပေးနိုင်စွမ်းရှိပါတယ်။ ရေစိမ်ပြီးတော့ ဖြစ်စေ၊ အစိမ်းလိုက်ဝါးစားပြီးဖြစ်စေ သုံး ဆောင်နိုင်ပါတယ်။ လက်တစ်ဆုပ်စာ မုန် ညှင်းစေ့ကို ၀ါးစားပေးရမှာပါ။ လက်တစ် ဆုပ်စာမုန့်ညှင်းစေ့ကို တစ်ကြိမ်တည်းဖြစ် စေ၊ တစ်နေ့နှစ်ကြိမ်ဖြစ်စေ ၀ါးစားပေးပါ။ ထမင်းစားပြီးချိန်မှာ စားရင် အစာခြေ စနစ်ကို ကောင်းစေနိုင်တာကြောင့် နေ့ တိုင်းစားပေးရင်လည်း အန္တရာယ်မရှိနိုင်ပါ ဘူး။ ဒါ့အပြင် မုန်ညှင်းစေ့က ဆီးလမ်း ကြောင်းပိုးဝင်တာကိုလည်း တားဆီးပေး နိုင်စွမ်းရှိပါတယ်။

သခွားသီးစားပါ
သခွားသီးဟာ အလွယ်ကူဆုံးရရှိနိုင် ပြီး ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်လိုပါပဲ။ သရေစာသဘော မျိုးစားနိုင်တဲ့ အကောင်းဆုံးအသီးတစ်မျိုး လည်းဖြစ်ပါတယ်။ ကလေးငယ်တွေဆို ရင် ထမင်းစားပြီးချိန် အချိုနဲ့ သကြား လုံးတွေကျွေးမယ့်အစား သခွားသီးကို အတုံးလှလှလေးတွေတုံးပြီး စားချင့်စဖွယ် ပြင်ဆင်ကျွေးမွေးနိုင်ပါတယ်။ သခွားသီး မှာ ရေဓာတ်မြင့်မားစွာပါဝင်တာကြောင့် ရေသောက်နည်းတဲ့သူတွေအနေနဲ့ သခွား သီးလို အရည်ဓာတ်များတဲ့ အသီးမျိုးကို မှီဝဲသင့်ပါတယ်။ သခွားသီးတစ်လုံးကို ရေစင်အောင်ဆေးကြောပြီး အကွင်းလေး တွေလှီးကာ နေ့တိုင်းစားပေးပါက ဆီး သွားရတာ အဆင်ပြေစေပါတယ်။

” C ” လေးလုံးကိုရှောင်ပါ
(၁) ချောကလက် (Chocolate)
(၂) ချဉ်တဲ့အရသာရှိတဲ့အသီးတွေ (Citrus)
(၃) ကာဗွန်ဒိုင်အောက်ဆိုက်(Carbondation)
(၄) ကဖင်း (Caffeine) စတဲ့ “C” လေး လုံးကို ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီး ကျဉ်နေချိန်မှာ ရှောင်ဖို့လိုပါတယ်။ ဒီအ စားအစားတွေက ဆီးအိတ်ကို လှုံ့ ဆော် ပေးနိုင်စွမ်းရှိတာကြောင့်ပါ။ ချဉ်တဲ့ အရ သာရှိတဲ့ အသီးတွေကလည်း အက်စစ် ဓာတ်ပါဝင်တာကြောင့် ဆီးသွားချိန်မှာ ပို မိုနာကျင်မှုကိုခံစားရတတ်ပါတယ်။ ဆီး ကျဉ်နေတဲ့အချိန်မျိုးမှာ သတိထားပြီး ဖော်ပြပါအစာတွေကို ရှောင်ရှားပေးဖို့ လိုပါတယ်။ တချို့တွေက ဆီးကျဉ်နေချိန် မှာ အချိုရည်များများ သောက်တတ်ကြပြီး အချိုရည်ထဲမှာ ချဉ်တဲ့ အသီးတစ်မျိုးပါ တယ်ဆိုရင် ဆီးကျဉ်တာကို ပိုဆိုးစေနိုင် တာကြောင့် နားလည်ထားဖို့တော့ လိုပါ တယ်။

ရေနွေးကပ်ပါ
ဆီးလည်းမသွားနိုင်ဘဲ ဆီးစပ်အ ပေါ် နေရာနားမှာ နာကျင်ကိုက်ခဲနေတယ် ဆိုရင်တော့ ရောဂါပိုးဝင်ရောက်မှုကြောင့် ဖြစ်တဲ့ နာကျင်မှုဝေဒနာဖြစ်တာကြောင့် သက်သောင့်သက်သာမဖြစ်ဘဲ ခံစားနေရ နိုင်ပါတယ်။ ဒီအချိန်မှာ ဆီးစပ်အပေါ် နေရာနားဖြစ်တဲ့ ဆီးအိတ်နေရာကို သက် သောင့်သက်သာဖြစ်စေမယ့် နည်းလမ်း မျိုးထားပြီး အသက်သာဆုံးဖြစ်စေမယ့် အနေအထားမျိုးနဲ့ နေဖို့လိုပါတယ်။ အ နွေးဓာတ်က ကြွက်သားတွေကို သက်သာ ရာရစေပြီး နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ ကိုက်ခဲတာတွေကို သက်သာစေနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါကြောင့် ဆီးကျဉ်ပြီး ဆီးလည်းသွားလို့မရတဲ့အပြင် နာကျင်မှု ကိုခံစားနေရတယ်ဆိုရင် ရေနွေးအိတ်ကို သင့်ဆီးအိတ်အပေါ် နေရာနားမှာ ကပ် ပေးဖို့လိုပါတယ်။ ရေနွေးထည့်ထားတဲ့ ပုလင်း ဒါမှမဟုတ် ရေနွေးအိတ်ကို ဆီး အိတ်ပေါ်မှာ ကပ်ပေးလို့ရပါတယ်။ နာ ကျင်မှုသက်သာပြီး သက်သောင့်သက် သာ ဖြစ်စေပါလိမ့်မယ်။ အရမ်းမပူဖို့တော့ သတိထားဖို့လိုပါတယ်။ လူက လဲလျောင်း နေလိုက်ပြီး ပက်လက်အနေအထားနဲ့ လှဲနေကာ အသက်သာဆုံးအနေအထား နဲ့ လှဲနေလိုက်ပြီး ရေနွေးအိတ်ကို ကပ် ပေးထားပါ။ နာကျင်မှု မသက်သာမချင်း ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။

ဒန့်သလွန်သီး
ဒန်သလွန်သီးဟာ အစပ်အစား များလို့ ရင်ပူတာ၊ ကိုယ်ဝန်ဆောင်တွေ ရင်ပူတာနဲ့ ဆီးလမ်းကြောင်းပိုးဝင်လို့ ဆီး မသွားနိုင်ဘဲ ဆီးကျဉ်တာတွေကို အ ကောင်းဆုံးကုသပေးနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက် ထုတ်ပေးနိုင်စွမ်းရှိပြီး ဆီးသွားလို့ကောင်း စေကာ ရင်အေးစေတဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ အမျှင်ဓာတ်တွေပါဝင်ပြီး အ စာခြေစနစ်ကိုလည်း ကောင်းမွန်နေစေပါ တယ်။ ဒန့်သလွန်သီးကို ငါးနဲ့ဖြစ်စေ၊ ဟင်းချိုဖြစ်စေ ချက်စားနိုင်ပါတယ်။ ဟင်းချိုချက်ပြီး တစ်နေ့ နှစ်ကြိမ် စားပေး ရင် ဆီးလမ်းကြောင်းနဲ့ပတ်သက်တဲ့ ရော ဂါတွေအတွက် ကောင်းမွန်စေပါတယ်။ နေ့တိုင်းစားပေးနိုင်သလိုပဲ ဆီးကျဉ်နေ ချိန်မှာ ဒန့်သလွန်သီး ဟင်းချိုသောက်ပါ။

◘ ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *