ဆယ်ကျော်သက်အရွယ် သားသမီး

သားသမီးတွေဆိုတာ မိဘတွေအ တွက်တော့ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် ကလေးတွေလို့ပဲ မြင်နေ မှာပါ။ ငယ်စဉ်ကလေးဘဝမှာ မိဘက အပြည့်အဝ အုပ်ထိန်းခွင့်ရပေမယ့် ဆယ် ကျော်သက်ဆိုတဲ့အရွယ်ရောက်လာတဲ့အခါ သားသမီးတွေက မိဘအုပ်ထိန်းမှု လက်အောက်က လွတ်ဖို့ကြိုးစားကြတာ လည်း သဘာဝပါပဲ။ ဆယ်ကျော်သက် လေးတွေကို မိဘတွေ ထိန်းကျောင်းတဲ့ အခါ ငယ်ငယ်ကလိုထိန်းချုပ်တဲ့ပုံစံမျိုးနဲ့ မရတော့ပါဘူး။ ဒီအတွက် အထောက် အကူဖြစ်စေမယ့် နည်းလမ်းတွေကို ရေး ပေးထားပါတယ်။

(၁) အတူ အချိန်ဖြုန်းပါ
ဆယ်ကျောက်သက်အရွယ်ဆိုတာ သူငယ်ချင်းနဲ့အတူ အချိန်ဖြုန်းရတာကို ပိုနှစ်သက်တတ်ကြပါတယ်။ ဒါပေမဲ့ မိ သားစုအချိန်ဆိုတာကိုတော့ မပျောက် ပျက်အောင်လုပ်ပါ။ သားသမီးနဲ့ ရင်းနှီးမှု ကို တည်ဆောက်နိုင်လေ သားသမီးက သူ့မှာဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေ၊ ခံစား ချက်တွေကို မိဘကို ရင်ဖွင့်မှာပါ။ သူပြော တာတွေ နားထောင်ပေးပါ။ တော်တာကို ချီးကျူးပါ။ သိချင်တာကို ချော့မော့မေးပြီး သားသမီးက အပြစ်လုပ်ထားတာလည်း သိရော ဆူပူကြိမ်းမောင်းတာကို မလုပ်ပါ နဲ့၊ နောက် ဘယ်တော့မှ ပြောမှာမဟုတ် တော့ပါဘူး။ အမှားလုပ်ရင် ဒီအမှားကနေ သင်ခန်းစာယူတတ်အောင် သင်ပေးပါ။ လူတိုင်း အမှားနဲ့ မကင်းကြပါဘူး။ ဘယ် လို အခက်အခဲတွေ ကြုံလာရနိုင်လဲဆို တာ ပြောပြပြီး သူလိုအပ်တဲ့အချိန်တိုင်း မှာ သင်ဟာ ကူညီပေးဖို့ အသင့်ရှိနေ မယ်ဆိုတာကို သိအောင်ပြောပြပါ။ သား သမီးရဲ့ အပြုအမူနောက်ကွယ်မှာ ဘယ် လို စိတ်ခံစားချက်ဖြစ်နေတာလဲ ဆိုတာ ကို နားလည်အောင်လုပ်ပါ။ သင်ရဲ့ စိတ် နေစိတ်ထား၊ အယူအဆနဲ့ သားသမီးရဲ့ စိတ်နေစိတ်ထား၊ အယူအဆတွေ မတူ ညီနိုင်တာမို့ သင်ရဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုတာနဲ့ အုပ်ထိန်းလို့ မရပါဘူး။ သားသမီးတွေကို ပိုပြီး တိုးတက်အောင် မြင်စေချင်ရင် သူတို့တွေရဲ့ စိတ်ခံစား ချက်က ဘယ်လိုရှိတယ်၊ ကိုယ်ရည်ကိုယ် သွေး ဘယ်လိုရှိတယ်ဆိုတာတွေ သိ ထားမှ သင်က သားသမီးတို့ လျှောက် လှမ်းတဲ့လမ်း တည့်မတ်အောင် ဘေးက ကူညီပေးနိုင်မှာပါ။

(၂) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် အားပေးပါ
ဆယ်ကျောက်သက်အရွယ်မှာ သူ တို့ကိုယ်သူတို့ စိတ်တိုင်းမကျတာတွေ ကလည်း အများကြီး ရှိနိုင်ပါတယ်။ မိဘ က လိုလေသေးမရှိပြည့်စုံအောင်ထားတာ ပဲ၊ စိတ်ဖိစီးမှု၊ အလိုမကျမှုတွေ မရှိရဘူး ဆိုတာ မဟုတ်ပါဘူး။ ဆယ်ကျော်သက် မှာလည်း သူ့အသက်အရွယ်၊ သူ့အတွေ့ အကြုံ၊ သူ့ခံစားမှုဆိုတာတွေ ရှိပါတယ်။ သူတို့ကိုယ်သူတို့ချစ်မြတ်နိုးအောင်၊ တန် ဖိုးထားအောင်၊ သူတို့ရဲ့ လုပ်နိုင်စွမ်းအပေါ် ယုံကြည်အောင် အားပေးပါ။ သင့်သား သမီးရဲ့ အားသာချက်တွေ မြင်အောင်၊ ပေါ်လွင်အောင် ကူညီပံ့ပိုးပေးပါ။

(၃) ကျောင်းကိစ္စတွေမှာ ပါဝင်ပေးပါ
ကျောင်းမှာကျင်းပတဲ့ ပွဲတွေကို သွားပါ။ သားသမီးရဲ့ ဆရာ၊ ဆရာမ တွေကို သိအောင်လုပ်ပါ။ ကျောင်းစာ တွေကိုလည်း သိအောင်လုပ်ပြီး အိမ်စာ တွေမှာ သင်ကူညီနိုင်တာ ကူညီပေးပါ။ သင့်သားသမီး စိတ်ဝင်စားတဲ့ ဘာသာ ရပ်တွေကိုလည်း သင်ကိုယ်တိုင်စိတ်ဝင် တစား သားသမီးနဲ့အတူ ဆွေးနွေးပေးပါ။ သင့်သားသမီး စိတ်ဝင်စားတဲ့အရာကို သင်ဟာ စိတ်ဝင်တစားရှိပြီး ပံ့ပိုးပေးတာ ဟာ သင့်ကို သားသမီးက ယုံကြည်မှုပို တိုးစေပါတယ်။

(၄) သူငယ်ချင်းတွေကို သိအောင်လုပ်ပါ
သင့်သားသမီးရဲ့ သူငယ်ချင်းတွေ ကို သိအောင်လုပ်ပါ။ ဒီအတွက် သင့်အိမ် ကို သင့်သားသမီးရဲ့သူငယ်ချင်းတွေ လာခွင့်ပေးပါ။ သူတို့ သူငယ်ချင်းတွေရဲ့ မိဘတွေနဲ့လည်း သိအောင်လုပ်ပါ။ သင့် သားသမီးရဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေ ပါဝင်မယ့် ပွဲလမ်းသဘင်တွေကို တက် ရောက်ပါ။ ဒီကနေ သင့်သားသမီး ပေါင်း နေတဲ့ သူငယ်ချင်းတွေရဲ့ အခြေအနေ တွေကို အကဲခတ်နိုင်ပါတယ်။

(၅) အဝေးကနေ မျက်ခြည်မပြတ် စောင့် ရှောက်ပါ
အဝေးကနေလို့ ပြောတာဟာ ဘယ် ဆယ်ကျော်သက်ကလေးကမှ သူတို့ရဲ့ အနီးနားကနေ မိဘက တစ်ဖဝါး မကွာ မျက်ခြည်မပြတ် လိုက်စောင့်ရှောက်နေ တာကို မကြိုက်နှစ်သက်လို့ပါ။ သင် ကိုယ်တိုင်မှာလည်း ငယ်ရာက ကြီးလာသူ ဖြစ်တာမို့ ဒါကို သင်နားလည်မှာပါ။ သင့် သားသမီး ဘယ်သွားလဲ၊ ဘယ်သူနဲ့လဲ ဆိုတာကိုပဲ သိအောင်လုပ်ပါ၊ သင့် သား သမီးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားပါ။ သင့်သားသမီးကို သင်ယုံ ကြည်တယ်၊ သား၊ သမီးကတော့ဖြင့် မ ကောင်းတာကို အတုယူမှာ မဟုတ်ဘူးဆို တာကို ပြောပြပါ။ သားသမီးတွေကို ငယ် စဉ်သိတတ်စအရွယ်နဲ့ ဆယ်ကျော်သက် အရွယ်မှာကတည်းက ဘာသာရေးနဲ့ အ ထိန်းအကွပ်ရှိစေတာ၊ လိမ္မာရေးခြားရှိ စေတဲ့စာပေတွေနဲ့ လက်ပွန်းတတီး ရှိစေ တာတွေကလည်း ဆယ်ကျော်သက်တို့ လမ်းမှားမရောက်စေဖို့၊ ကိုယ်တိုင်ဆုံး ဖြတ်ချက်ချနိုင်ဖို့ ကူညီနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal