ဆံနွယ်တွေ နက်မှောင်သန်စွမ်းစေဖို့ဘယ်လိုအာဟာရဓာတ်တွေ လိုအပ်သလဲ…

ဆံနွယ်တွေ ပိုးသားလေးလို ပျော့ပျောင်းနူးညံ့ပြီး သန်စွမ်းနက်မှောင်နေစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အောက်ပါအစားအစာတွေကိုစားသုံးပါ။

ဗီတာမင် အေ
အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီ တာမင်အေက ဆံနွယ်တွေနဲ့ ဦးရေပြားမှာ အဆီထွက်တာကိုအားပေးတာကြောင့် ဆံ နွယ်တွေကို နက်မှောင် လှပစေပါတယ်။ နို့၊ ချိစ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ၊ ကြက်ဥနဲ့ ကညွတ်တွေကနေ သဘာဝဗီတာမင်အေကို အများအပြား ရရှိနိုင်ပါတယ်။ National Institutes of Health က လူတစ်ယောက် တစ်နေ့ကို ဗီတာမင်အေ ၃၀၀၀ အိုင်ယူလိုအပ်တယ်လို့ဆိုပါတယ်။

ဗီတာမင်အီးနဲ့ နိုင်ယာစင်
ဦးရေပြားတစ်ဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်း စေတာကြောင့် ဆံပင်တွေကို သန်စွမ်းကျန်းမာစေ ပါတယ်။ အစိမ်းရောင်ဟင်းရွက်တွေ၊ ပဲပိစပ်၊ အစေ့အ ဆန်တွေနဲ့ ဟင်းရွက်ဆီတွေမှာ ဗီတာမင် အီးကြွယ်၀ စွာပါဝင်ပါတယ်။ နိုင်ယာစင်ကိုတော့ ငါး၊ ဂျုံ၊ ကြက် ဆင်သားတွေကနေ ရရှိနိုင်ပါတယ်။ တစ်နေ့ကို ဗီတာ မင် အီး ၄၀၀ အိုင်ယူထက်မပိုစေဘဲ နိုင်ယာစင်ကို တော့ တစ်နေ့ ၄-၇ မီလီဂရမ် စားသုံးသင့်ပါတယ်။

ဗီတာမင်ဘီစစ်
ဗီတာမင်ဘီစစ်က ဆံနွယ်တွေကို နက်မှောင်စေ တဲ့ မယ်လနင်ကိုထွက်စေပြီး ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ဒိန်ချဉ်၊ ကြက်ဥ၊ အသည်းနဲ့ ကောက်နှံတစ်ခုလုံးကနေ ဗီတာမင်ဘီစစ်ကို ပေါများ စွာရရှိနိုင်ပါတယ်။ တစ်နေ့ကို ဗီတာမင်ဘီစစ် ၁.၆ မီလီဂရမ်လိုအပ်ပါတယ်။

ဗီတာမင်စီ
ဦးရေပြားနဲ့ ဆံနွယ်တွေအတွက် အဓိကလိုအပ်ပါ တယ်။ အာလူး၊ အစိမ်းရောင်၊ အနီရောင်ရှိတဲ့ ငရုတ် သီး၊ လိမ္မော်သီး၊ နာနတ်သီးနဲ့ ကီဝီသီးတွေမှာ သဘာ ဝအင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ တစ်နေ့ကို ဗီတာမင်စီ ၆၀ မီလီဂရမ်လိုအပ်ပါတယ်။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal