ဆာလောင်မှုအမျိုးမျိုးနှင့် ထိန်းချုပ်နိုင်သည့် နည်းလမ်းများ

ဗိုက်ထဲမှာ အစာမရှိသလိုခံစားရပြီး ခန္ဓာကိုယ်က အစာစားချင်စိတ်ပေါ်ပေါက် လာတဲ့အခါမှာ ဆာလောင်တယ်လို့ သတ်မှတ်ပါတယ်။ အာဟာရပညာရှင်တွေရဲ့ အ ဆိုအရ ဆာလောင်မှုအမျိုးအစား များစွာရှိတယ်လို့ သိရတဲ့အတွက် အောက်မှာ ဖော် ပြပေးလိုက်ပါတယ်။

အမြင်ကြောင့် ဆာလောင်ခြင်း
အစားအစာတွေကို လှလှပပပြင်ဆင်ထားတာ မြင်ရတဲ့အခါမှာ တံတွေးထွက် လာပါသလား။ ဒါက အမြင်ကြောင့် ဆာလောင်တာ ဖြစ်ပါတယ်။ သင်အမှန်တကယ် ဆာလောင်မှုမရှိပေမယ့် အစားအစာရဲ့ အပြင်အဆင် တင်ပြပုံတွေကြောင့် အစာစား ချင်စိတ်တွေ ပေါ်ပေါက်လာတာပါ။
ဖြေရှင်းနည်း
သင့်မျက်စိကို အစားအစာပေါ်ကလွှဲပြီး တခြားလှပတဲ့အရာတွေကို ကြည့်ရှု လိုက်ပါ။

စိတ်ကြောင့် ဆာလောင်ခြင်း
သင်ဟာ တစ်ခုခုစားချင်စိတ်ပေါ်ပေါက်လာတာကို စိတ်ကြောင့် ဆာလောင်တာ လို့ ခေါ်ပါတယ်။ ဒီဆာလောင်တာက သင့်စိတ်ခံစားချက်ပေါ်မှာ မူတည်နေပြီး စိတ်ခံစား ချက်က အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့အတွက် ထိန်းချုပ်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။
ဖြေရှင်းနည်း
တကယ်ဆာလောင်တာလား၊ စိတ်ကြောင့် ဆာလောင်တာလားကို ခွဲခြားဖို့ အ လွန်လွယ်ကူပါတယ်။ တကယ်ဗိုက်ဆာနေခဲ့ရင် အဲဒီအစားအစာက အရသာ ရှိရှိ မရှိ ရှိ သင် စားမိသွားမှာပါ။

အကြားကြောင့် ဆာလောင်ခြင်း
ဒီဆာလောင်တဲ့အမျိုးအစားကတော့ တစ်ယောက်ယောက်က သူစားတဲ့ အစား အစာအကြောင်းကို မြိန်ရည်ယှက်ရည်ပြောတဲ့အခါ ဒါမှမဟုတ် တခြားတစ်ယောက်က စားဖို့ ပြင်ဆင်ထားတဲ့ဘူးကို ဖွင့်သံကြားလိုက်တဲ့အခါမှာ ဗိုက်ဆာသလို ခံစားရတဲ့ အနေအထားပါ။
ဖြေရှင်းနည်း
တခြားသူပြောတဲ့အသံတွေ၊ စကားတွေကို သင်ပိတ်ပင်လို့ မရပေမယ့် အဲဒီက နေတခြားတစ်ခုခုကို အာရုံလွှဲဖို့ ကြိုးစားလိုက်ပါ။

အနံ့ကြောင့် ဆာလောင်ခြင်း
အစားအစာကရတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ ရနံ့တွေကြောင့် သင် သရေကျလာတာက အနံ့ကြောင့် ဆာလောင်တာပါ။
ဖြေရှင်းနည်း
ဒီဆာလောင်မှုမျိုးကိုတော့ ရှောင်ရှားလို့ မရပါဘူး။ ပမာဏများများမစားမိအောင် ကာကွယ်ဖို့အတွက်ပဲ အစာကို ဖြည်းဖြည်းချင်းဝါးစားပါ။

အရသာကြောင့် ဆာလောင်ခြင်း
ဗိုက်က ပြည့်နေပေမယ့် ပါးစပ်က ဆက်လက်စားချင်နေတယ်ဆိုတဲ့ ဆာလောင် မှုအမျိုးအစားပါ။ သင်ရဲ့ အရသာခံအာရုံတွေက အစားအစာတွေကို ကြိုက်နှစ်သက် လွန်းတာကြောင့် လိုအပ်တာထက် ပိုစားမိတာပါ။
ဖြေရှင်းနည်း
အစားအစာအာသာပြေပြီးနောက်ပိုင်းမှာ ဆက်လက်မစားဘဲ ရပ်တန့်လိုက်ပါ။

ဝမ်းဗိုက်ကြောင့် ဆာလောင်ခြင်း
ဗိုက်ထဲမှာ တဂွီဂွီမြည်သံကြားရတိုင်း သင့်ဝမ်းဗိုက်က ဦးနှောက်ကို ဗိုက်ဆာ နေကြောင်း အချက်ပြတာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ သင် တကယ်မဆာလောင် ဘဲနဲ့လည်း ဦးနှောက်ကနေ မြည်သံပေးဖို့ အချက်ပြနေတတ်ပါတယ်။
ဖြေရှင်းနည်း
သင်အစာစားပြီး ဗိုက်က တဂွီဂွီမြည်နေခဲ့ရင် ဗိုက်ဆာတာကြောင့် မဟုတ်တာ မို့ လျစ်လျူရှုလိုက်ပါ။

ဆန္ဒကြောင့် ဆာလောင်ခြင်း
အလွန်ပူတဲ့ရာသီမှာ ရေခဲမုန့်စားချင်တာ၊ အလွန်အေးတဲ့ ရာသီမှာ ကြေးအိုး စားချင်တာလိုမျိုး ဆာလောင်မှုအမျိုးအစားပါ။
ဖြေရှင်းနည်း
ဒီဆာလောင်မှုမျိုးကိုတော့ မသိကျိုးကျွံပြုလုပ်ဖို့ မလိုပါဘူး။ စားချင်ရင် ပမာဏ နည်းနည်းပဲ စားလိုက်တာက သင့်အပေါ်မှာ ဘာအန္တရာယ်မှ သက်ရောက်မှာ မဟုတ် ပါဘူး။

ကိုယ်တွင်းလိုအပ်သောအာဟာရဓာတ်ပေါ်မူတည်၍ ဆာလောင်ခြင်း
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်နိုင်ဖို့အတွက် ခန္ဓာ ကိုယ်အတွင်းမှာ တချို့အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေ လိုအပ်နေတာကို ဆာ လောင်မှုနဲ့ ပြသတတ်ပါတယ်။ ဥပမာ ရေငတ်တာက ခန္ဓာကိုယ်က ရေလိုအပ်ကြောင်း ပြသနေတာပါ။
ဖြေရှင်းနည်း
ဒီဆာလောင်မှုအမျိုးအစားကိုတော့ လျစ်လျူမရှုသင့်ပါဘူး။

စိတ်ဖိစီးမှုကြောင့် ဆာလောင်ခြင်း
စိတ်ဖိစီးမှုများလာတဲ့အခါမှာ ဗိုက်ဆာတာမဟုတ်ဘဲ အစားအစာကို တစ်မျိုးပြီး တစ်မျိုး တစွတ်စွတ်စားနေတတ်တဲ့ ဆာလောင်မှုမျိုးပါ။ ဒီဆာလောင်မှုကြောင့် အစာကြူးပြီး အ၀လွန်နိုင်ပါတယ်။
ဖြေရှင်းနည်း
စိတ်ဖိစီးမှုများလာရင် အစာစားမယ့်အစား သီချင်းနားထောင်တာ ဒါမှမဟုတ် တရားထိုင်တာလိုမျိုး ဖြေဖျောက်နိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်လိုက်ပါ။

အလုပ်ပေါ်အခြေခံ၍ ဆာလောင်ခြင်း
တီဗီကြည့်နေရင်း ဒါမှမဟုတ် အလုပ်လုပ်နေရင်းနဲ့ အဆာပြေစာတစ်မျိုးမျိုးကို စားနေတတ်တာပါ။ ဒီလိုမျိုး အကျင့်ကြောင့် တစ်နေ့တာလုံးအတွက် ကယ်လိုရီပမာဏ အများကြီးရရှိသွားနိုင်ပါတယ်။
ဖြေရှင်းနည်း
သင် လုပ်နေတဲ့အလုပ်တစ်မျိုးတည်းပေါ်မှာပဲ အာရုံစိုက်ထားတာက အစာစား ချင်စိတ်ကို ထိန်းချုပ်သွားနိုင်ပါတယ်။

ပျင်းရိခြင်းကြောင့် ဆာလောင်ခြင်း
သင့်မှာ ဘာမှ လုပ်စရာမရှိရင် အပျင်းပြေဖို့အတွက် အစာတစ်ခုခုကို စားနေတဲ့ ဆာလောင်မှုအမျိုးအစားပါ။
ဖြေရှင်းနည်း
အဲဒီအစား သင် တကယ်ကြိုက်နှစ်သက်တဲ့အရာကို ပြုလုပ်ပါ။ စာဖတ်တာ၊ လမ်းလျှောက်တာ၊ ကလေးတွေနဲ့ ကစားတာလိုမျိုးပါ။

ညသန်းခေါင်ယံ ဆာလောင်ခြင်း
ညသန်းခေါင်မှာ အစာထစားတာက ဟော်မုန်းညီညွတ်မျှတမှုမရှိတာ ဒါမှမဟုတ် စိတ်ဖိစီးမှုများတာကြောင့်ပါ။
ဖြေရှင်းနည်း
ထိန်းချုပ်ဖို့ ခက်ခဲပေမယ့် အိပ်ပစ်လိုက်တာက အကောင်းဆုံးနည်းလမ်းပါ။
သိပ်မနေနိုင်လွန်းရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးလိုမျိုး အဆာပြေစာ အမျိုးအစားတွေကိုသာ အနည်းငယ် စားပေးပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *