ဆရာဝန်တွေ စမ်းသပ်မှုနဲ့ပတ်သက်ပြီး သင် ဘယ်လောက်သိပါသလဲ (၁) 

တစ်ခုခုနာမကျန်းဖြစ်ရင် ဆေးခန်း အရင်သွားရပါမယ်။ အရွယ်ရောက်ပြီးသူ တိုင်းလိုလို ဆေးခန်းမှာ ဆရာဝန်ပြဖူးကြ မှာပါ။ ဆေးခန်းပြတဲ့အခါ ဆရာဝန်တွေ အနေနဲ့ နားကြပ်နဲ့ထောက်နားထောင် တာတို့၊ ၀မ်းဗိုက်ကိုနှိပ်စမ်းတာတို့၊ လက် ကောက်ဝတ်ကိုစမ်းတာတို့လည်းကြုံဖူး ကြမှာပါ။ ဘာကြောင့်လုပ်ကြသလဲဆိုတာ ကော သိကြလားဆိုတာကို အောက်ပါ Quiz ဖြေပြီး ဆန်းစစ်ကြည့်ကြပါနော်။

၁။ ဆေးခန်းမှာဆရာဝန်က ရင်ဘတ်ပေါ် နားကြပ်နဲ့ထောက်တာ ဘာကြောင့်ပါလဲ။ 
(က) နှလုံးခုန်သံစည်းချက်မှန်မမှန် နား ထောင်ချင်လို့ 
(ခ) သွေးခုန်နှုန်းသိချင်လို့ 
(ဂ) အစာအိမ်ထဲက ဂက်စ်အသံသိချင် လို့

၂။ ဆရာဝန်က နောက်ထပ် ဘယ်အင်္ဂါရဲ့ ကျန်းမာရေးကိုသိချင်တဲ့အခါမှာ နားကြပ် သုံးသေးလဲ။ 
(က) အဆုတ် 
(ခ) အစာခြေစနစ်
(ဂ) နှစ်မျိုးစလုံး

၃။ အမျိုးသားတွေအနေနဲ့ ဘယ်အရွယ် ရောက်ရင် ဆီးကျိတ်စစ်ဆေးသင့်နေပြီ လဲ။
(က) ၂၅
(ခ) ၅၀
(ဂ) ၆၅

၎။ သွေးစစ်တဲ့အခါ သွေးမစစ်ခင် ရှစ်နာ ရီကနေ ၁၂ နာရီကြားအစာမစားဘဲ နေ ခိုင်းတာ ဘာကြောင့်ပါလဲ။ 
(က) အစာအိမ်ထဲက အသံတွေ သေချာ ကြားရအောင်
(ခ) ဦးနှောက်အာရုံကြောစစ်တဲ့အခါ လန်းဆန်းနေအောင်
(ဂ) သွေးတွင်းသကြားဓာတ်ပမာဏ သိရအောင်

၅။ ကျန်းမာတဲ့လူကြီးတစ်ယောက်အ နေနဲ့ ကိုယ်အပူချိန်ဘယ်လောက်ဆို ပုံ မှန်မဟုတ်ဘူးလဲ။ 
(က) ၉၇.၈ F 
(ခ) ၉၈.၆ F
(ဂ) ၉၉.၇ F

၆။ သွေးခုန်နှုန်းစစ်ဆေးချင်ရင် ဘယ် နေရာတွေမှာ စစ်လို့ရလဲ။ 
(က) လက်ကောက်ဝတ်
(ခ) လည်ပင်း
(ဂ) တံတောင်ဆစ် 
(ဃ) အပေါ်ကနေရာ သုံးနေရာစလုံးမှာ စစ်လို့ရတယ်

၇။ ဒူးခေါင်းကို ရော်ဘာတူနဲ့ထုစမ်းတာက ဘာကိုစမ်းသပ်တာပါလဲ။
(က) အညိုအမည်းစွဲလွယ်လားသိချင် လို့ 
(ခ) အရွတ်တွေ ဘယ်လောက်ကောင်း သေးလဲ သိချင်လို့ 
(ဂ) ဦးနှောက်ဆီ သတင်းပို့တာ မြန် မမြန်သိချင်လို့

၈။ ကိုလက်စထရောတိုင်းချင်ရင် ဘယ် လိုတိုင်းလဲ။ 
(က) သွေးစစ်ပြီးတိုင်းတယ်
(ခ) နှလုံးခုန်သံနားထောင်ပြီး တိုင်းတယ်
(ဂ) BMI တွက်ပြီး တိုင်းတယ်

ကဲ . . . အဖြေလေးတွေကို ကြည့်ရအောင်   

၁။ (က) နှလုံးခုန်သံစည်းချက်မှန်မမှန် နား ထောင်ချင်လို့
ရင်ဘတ်ကို နားကြပ်ကပ်နားထောင် တာက နှလုံးခုန်တာ ပုံမှန်ဟုတ် မဟုတ် သိချင်တာကြောင့်ပါ။ နှလုံးခုန်တဲ့အခါ ပုံမှန်မဟုတ်ဘဲ အချက်ကျော်တာတွေ၊ အချက်ပိုတာတွေက စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်သလို နှလုံးအဆို့ရှင်ပြဿနာနဲ့ သွေးအားနည်းတာကြောင့်လည်း ဖြစ် တတ်ပါတယ်။ နှလုံးခုန်သံက စည်းချက် မမိရင်တော့ စိုးရိမ်ရပါတယ်။ တခြားစစ် ဆေးချက်တွေထပ်မံစစ်ဆေးပြီး ရောဂါ အဖြေရှာရပါမယ်။

၂။ (ဂ) ၂ မျိုးလုံး
ကျောဘက်မှာ နားကြပ်ထောက် နားထောင်တာက သင်ရဲ့အသက်ရှူသံကို ကြားချင်လို့ပါ။ အသက်ရှူကျပ်တာတွေ၊ ရင်ကျပ်သံတွေနဲ့ တခြားအသံတွေကို နားကြပ်နဲ့နားထောင်ရင်း ပုံမှန်မဟုတ် တာ သိနိုင်ပါတယ်။ ရောဂါပိုးဝင်နေလား၊ ရင်ကျပ်နေလားဆိုတာကို သိနိုင်ပါတယ်။ ၀မ်းဗိုက်ပေါ်နားကြပ်တင်နားထောင်တာကတော့ အူတွေရဲ့ လှုပ်ရှားမှုကို သိချင် လို့ပါ။ နားထောင်တဲ့အခါ တဂွီဂွီနဲ့ အသံ တွေကြားရရင်ကောင်းပါတယ်။ အူထဲမှာ လေနဲ့ အစားအစာတွေရွေ့လျားနေတာ ကြောင့်ပါ။

၃။ (ခ) ၅၀ 
ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပုံမှန် ရှိတဲ့ယောက်ျားတစ်ယောက်ဆိုရင် အ သက် ၅၀ အရွယ်ရောက်တာနဲ့ ဆရာဝန် အနေနဲ့ ဆီးကျိတ်ကို စစ်ဆေးကြည့်ပါ လိမ့်မယ်။ လက်နဲ့စမ်းသပ်တာရော သွေး စစ်တာရောပေါ့။ မျိုးရိုးထဲမှာ ဆီးကျိတ် ကင်ဆာဖြစ်ဖူးတယ်ဆိုရင်တော့ ရောဂါ က မျိုးရိုးလိုက်တတ်လို့ စောစောစစ်ထား တာအကောင်းဆုံးပါ။ အသက် ၄၀-၄၅ လောက်ကတည်းက စစ်ဆေးရပါမယ်။

၎။ (ဂ) သွေးတွင်းသကြားဓာတ်ပမာဏသိရအာင်
ညဘက်အဆာခံပြီး မနက်ပိုင်း သွေးစစ်တဲ့အခါမှာ ဂလူးကို့စ်လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန် ဟုတ်မဟုတ်သိနိုင်ပါတယ်။ မနက်စောစောလက်ထိပ်ကိုသွေးဖောက်ပြီး ဆီးချို စစ်ကိရိယာနဲ့ စစ်ကြည့်တဲ့အခါ ပုံမှန်ဆို ၇၀ ကနေ ၉၉ mg/dL ရှိရပါမယ်။ ၉၉ ထက်များနေတယ်ဆိုရင်တော့ ခန္ဓာကိုယ် က သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ် သင့်သလောက် မထိန်းချုပ်နိုင်တာ ကြောင့်ပါ။ ၁၂၅ ထက်များနေပြီဆိုရင် တော့ ဆီးချိုရောဂါရှိနေပါပြီ။

၅။ (ဂ) ၉၉.၇ F
ပုံမှန်ကိုယ်အပူချိန်က ၉၈.၆ F ပါ။ ဒါပေမဲ့လည်း နေ့ညအချိန်ပေါ်မူတည် ပြီး၊ အစာစားထားလား လေ့ကျင့်ခန်းလုပ် ထားလားပေါ်မူတည်ပြီး ၉၇.၈ F ကနေ ၉၉ F ကြား အမျိုးမျိုးရှိတတ်ကြပါတယ်။ ၉၈.၆ F ထက် တစ်ဒီဂရီပိုနေတယ်ဆို ရင်တော့ အဖျားရှိတယ်လို့ပြောရမှာပါ။ ၉၅ F နဲ့အောက်ဆိုရင်တော့ ကိုယ် အပူချိန်ကျနေပါတယ်။

၆။ (ဃ) အပေါ်ကနေရာ ၃ နေရာစလုံးမှာ စစ်လို့ရတယ်
ခန္ဓာကိုယ်အနှံ့ သွေးတွေသယ်ယူ ပို့ဆောင်ပေးတဲ့ သွေးလွှတ်ကြောက ဒီ အစိတ်အပိုင်းတွေမှာ အရေပြားမျက်နှာ ပြင်နဲ့ နီးကပ်နေပါတယ်။ အဲဒီနေရာတွေကို လက်ချောင်းထိပ်လေးနဲ့ ထောက်လိုက် တဲ့အခါမှာ လက်ထိပ်လေးတွေကို သွေး တိုးလာတာ ခံစားရမှာပါ။ သွေးတိုးတဲ့ အချက်ရေကို ရေတွက်၊ စည်းချက်ညီ မ ညီကြည့်ရင်း နှလုံးနဲ့ သွေးကြောကျန်းမာ ရေးကို အကြမ်းဖျင်းစစ်ဆေးကြည့်ရပါ တယ်။ ပုံမှန်နှလုံးခုန်တဲ့အကြိမ်ရေက တစ်မိနစ်ကို ၆၀ ကနေ ၁၀၀ ကြားရှိပါ တယ်။ စိတ်ခံစားမှု၊ ဒဏ်ရာအနာတရ ဖြစ်မှု၊ လေ့ကျင့်ခန်းနဲ့ ရောဂါပေါ်မူတည် ပြီး အကြိမ်ရေအတိုးအလျှော့ရှိပါတယ်။

၇။ (ဂ) ဦးနှောက်ဆီ သတင်းပို့တာ မြန် မမြန် သိချင်လို့
ဒူးခေါင်းကို တူနဲ့ထုတဲ့အခါမှာ ခြေ ထောက်က သူ့အလိုလို ရှေ့ကိုဆတ်ခနဲ ကန်လာပါလိမ့်မယ်။ ဒါဟာဦးနှောက်နဲ့ အာရုံကြောက သူ့အလုပ်သူလုပ်တာ ကြောင့်ပါ။ အရွတ်ပေါ် တူနဲ့ခပ်သွက် သွက်ထုတာက အာရုံကြောတွေ ပျက်စီး နေလားဆိုတာကို စမ်းသပ်စစ်ဆေး ကြည့်တာပါ။

၈။ (က) သွေးစစ်ပြီးတိုင်းတယ်
ကိုလက်စထရောတိုင်းဖို့ သွေးစစ် တဲ့အခါမှာလည်း ဆီးချိုသွေးစစ်သလိုပဲ မစစ်ခင် ၉ နာရီကနေ ၁၂ နာရီအကြား အဆာခံရပါတယ်။ သွေးစစ်တဲ့အခါ ကို လက်စထရောအပြင် LDL နဲ့ HDLဆို ပြီး အဖြေနှစ်မျိုးထွက်ပါလိမ့်မယ်။ နှလုံး ကျန်းမာဖို့ဆိုရင် LDL ပမာဏနည်းပြီး HDL ပမာဏများနေသင့်ပါတယ်။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *