မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ကြောင်း သိနိုင်သော လက္ခဏာရပ် ၇ ချက်

အာရုံကြောနဲ့ ကြွက်သားလုပ်ငန်း တွေ လုပ်ဆောင်ရာမှာ၊ သကြားဓာတ်၊ အရိုးကျန်းမာရေးနဲ့ ဇီဝရုပ်ဖြစ်စဉ်တွေ လုပ်ဆောင်ရာမှာ မဂ္ဂနီဆီယမ် အဓိက လိုအပ်ပါတယ်။ အမျိုးသမီးတစ်ယောက် တစ်နေ့ကို မဂ္ဂနီဆီယမ် ၃၁၀ မီလီဂရမ်က နေ ၃၂၀ မီလီဂရမ်အထိ ရရှိဖို့ လိုအပ် ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ဒိန်ချဉ်နဲ့ အညိုရောင်ချော ကလက်တွေကနေ မဂ္ဂနီဆီယမ်ကို များ စွာ ရရှိနိုင်ပါတယ်။
အရက်သောက်သုံးတာ၊ အစာအာ ဟာရချို့တဲ့တာ၊ အစာအိမ်နဲ့အူလမ်း ကြောင်းမှာ ရောဂါတွေရှိတာ၊ ဗီတာမင် ဒီ ချို့တဲ့တာ စတာတွေက မဂ္ဂနီဆီယမ်ချို့ တဲ့ နိုင်ခြေများတဲ့ အကြောင်းတွေပဲဖြစ်ပါ တယ်။ ခန္ဓာကိုယ်မှာ မဂ်္ဂနီဆီယမ်ချို့တဲ့ပါ က ရောဂါလက္ခဏာတွေ ချက်ချင်းပြလာ တာမဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းမှ စုဖြစ်လာတာမျိုးဖြစ်တာကြောင့် အောက်ပါ လက္ခဏာရပ်တွေ သင့်မှာရှိနေပြီဆိုရင် မဂ္ဂနီဆီယမ်ချို့တဲ့တာဖြစ်နိုင်ပြီး ဆရာဝန် နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

(၁) လက်ချောင်း၊ ခြေချောင်းများ ထုံခြင်း
ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်က အာရုံ ကြောလှုံ့ဆော်မှုအတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ မဂ္ဂနီဆီယမ်သာ ချို့တဲ့ပါက အာရုံကြောလှုံ့ဆော်မှု အား နည်းသွားလို့ လက်ချောင်း၊ ခြေချောင်း တွေ ထုံလာပါတယ်။ ဒီလိုထုံနေတဲ့အခါ ခံစားချက်တွေ မသိတာကြောင့် ခလုတ် တိုက်တာ၊ ချော်လဲတာတွေ ဖြစ်နိုင်ခြေ များပါတယ်။

(၂) တုပ်ကွေးဖြစ်နေသလို ခံစားရခြင်း
အစာစားချင်စိတ် မရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အားအင် ကုန်ခန်းခြင်း စတဲ့ ခံစားချက်မျိုးတွေ ခံစားနေရတာက ခန္ဓာကိုယ်မှာ မဂ္ဂနီဆီ ယမ်ချို့တဲ့တာကြောင့်ပါ။

(၃) တက်ခြင်း
မဂ္ဂနီဆီယမ်ချို့တဲ့ပါက တက်တာ လည်း ဖြစ်နိုင်ပါတယ်။ တက်တယ်ဆိုတာ က ဦးနှောက်ကို ပုံမှန်မဟုတ်တဲ့ လျှပ်စစ် ဓာတ်တွေ စီးစေတာကြောင့် ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်နည်းနေတဲ့အ ခါ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်ဓာတ်တွေကို ဦးနှောက်ဆီပို့တာကြောင့် တက်တာ ဖြစ် ရတာပါ။

(၄) အချိန်ပြည့် ကြွက်တက်နေခြင်း
ကြွက်သားတွေ တင်းတောင့်နေတဲ့ အခါ ခြေထောက်နဲ့လက်တွေ လှုပ်ရှားလို့ မကောင်းတာ၊ လေးလံနေတာ၊ ခိုင်နေတာ မျိုးဖြစ်တတ်ပါတယ်။ လေ့လာသူတွေက ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်တွေ များပြီး မဂ္ဂနီဆီယမ် နည်းနေတဲ့အခါ ကြွက်သား အာရုံကြောတွေကို လွန်ကဲစွာ လှုံ့ဆော်ပါ တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ မှာ ကြွက်တက်တာ ပိုတွေ့ရတတ်ပါ တယ်။ မဂ္ဂနီဆီယမ်တိုက်ကျွေးပြီး စမ်း သပ်ခဲ့ရာမှာ ကြွက်တက်တာ နည်းသွား တာကို တွေ့ရပါတယ်။

(၅) စိတ်ကျရောဂါဖြစ်ခြင်း
မဂ္ဂနီဆီယမ်ချို့တဲ့ပါက စိတ်ပိုင်း ဆိုင်ရာသာမက ကိုယ်ရည်ကိုယ်သွေး လည်း ကျစေလို့ စိတ်ကျရောဂါဖြစ်နိုင်ခြေ များစေပါတယ်။ ထုံထုံထိုင်းထိုင်းဖြစ်တာ၊ စိတ်ခံစားမှု မရှိတာ၊ စိုးရိမ်သောကဖြစ်တာ စတာတွေလည်း ခံစားရနိုင်ပါတယ်။

(၆) နှလုံးခုန်မြန်ခြင်း
မဂ္ဂနီဆီယမ်ချို့တဲ့တာကြောင့် ပို တက်စီယမ်လည်း လျော့နည်းသွားတဲ့အ ခါ နှလုံးကြွက်သားတွေအပေါ် သက် ရောက်မှုရှိလို့ နှလုံးခုန်နှုန်းတွေ ပုံမှန်မဖြစ် နိုင်တော့ပါ။ ပုံမှန်အောက်နှေးတာ၊ မြန် တာတွေ ဖြစ်လာနိုင်ပါတယ်။

(၇) ၀မ်းချုပ်ခြင်း
ဝမ်းပျော့စေတဲ့အာနိသင်ရှိတဲ့ မဂ္ဂနီ ဆီယမ် ခန္ဓာကိုယ်မှာ ချို့တဲ့နေပြီဆိုရင် ၀မ်းချုပ်စေပါတယ်။ တစ်ပတ်မှာ သုံး ကြိမ်လောက် ၀မ်းသွားတာက ပုံမှန်လို့ ပြောနိုင်ပါတယ်။ ဒီထက်အကြိမ်ရေ ပို နည်းသွားပြီဆိုရင်တော့ အူရဲ့လှုပ်ရှားမှု တွေ နည်းသွားတာကြောင့် ၀မ်းချုပ်တာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့် ပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *