“ကာလတိုအတွင်း ဝိတ်တွေ အများကြီးလျှော့လိုက်ရင် ဘာတွေဖြစ်လာမလဲ – ဒေါက်တာညီညီကျော်”

ဒီရက်ပိုင်း ဝိတ်ချချင်တဲ့ သူတွေ များလာတာအမျှ social media တွေမှာလည်း အပြိုင်အဆိုင် ဝိတ်ချလာတာတွေ ခေတ်စားလာပါတယ်။ အဆိုးဆုံးကတော့ တလ အတွင်း ၁၅ ပေါင်၊ ပေါင် ၂၀ ချတာတွေပါ။

တကယ်အဲ့လောက်ကျနိုင်သလားဆိုတော့ ဘာမှ မစားပဲ ချမယ်ဆိုရင်တော့ ကျနိုင်ပါတယ်။ မနိုင်ဝန်ထမ်းပြီး ကိုယ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းထက် အဆမတန် ပိုလုပ်မယ်၊ အာပာာရ လည်း သင့်တင့်လျောက်ပတ်အောင် မစားဘူးဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက်တော့ လုံးဝ မကောင်း လာနိုင်ပါဘူး။

 

ဒါဆိုရင် အချိန်ခဏလေး အတွင်းမှာ ဝိတ်အများကြီးလျှော့လိုက်ရင် ဘာတွေ ဖြစ်လာမလဲ???

 

  1. ရေဓါတ်ခမ်းခြောက်လာခြင်း – လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးက ရေဓါတ်နှင့် ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် ရုတ်တရက် ဝိတ်ချလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိနေတဲ့ ရေဓါတ်တွေ ကိုပါ လျှော့ချပစ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဖြစ်လာမလဲဆိုတြော အသားအရေ တွေ စိုစိုပြေပြေ မဖြစ်တော့ဘဲမွဲခြောက်လာပါတယ်။

 

  1. ခန္ဓာကိုယ်မှာ ရှိနေတဲ့ သတ္တုဓါတ်တွေ၊ (ion တွေ electrolyte တွေ) ဆုံးရှုံးသွားတတ်ပါတယ်။ အထူးသဖြင့် ဆိုဒီယမ် လိုမျိုး ဆားဓါတ်တွေ အများကြီးဆုံးရှုံးသွားရသ် လူက နုံသွားပြီး တစ်နေ့တာ လုပ်ရမယ့် လုပ်ငန်းဆောင်တာ ကို ပြည့်ပြည့်ဝဝ မလုပ်နိုင်တော့ပြန်ပါဘူး။

 

  1. သွေးပေါင်ကျခြင်း – ဆားဓါတ်ကော၊ ရေဓါတ်တွေ ပါ ဆုံးရှုံးသွားတဲ့ အတွက် ခန္ဓာကိုယ်ထဲရှိ သွေးရည်ကြည် ပမာဏ ကတော်တော်လေး နည်းသွားပြီး သွေးပေါင်ချိန်ကျစေပါတယ်။

 

  1. နှလုံးခုန်မြန်လာခြင်း – သွေးပမာဏ နည်းသွားတဲ့ အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ နှလုံးခုန်နှုန်း ပိုမြန်လာစေတဲ့ အတွက်ကြောင့် ဝိတ်ကို ရုတ်တရက် အများကြီး အချိန်တို အတွင်းချလိုက်ရင် ရင်တုန်တတ်ပါတယ်။

 

 

  1. ကြွက်သွားတွေထဲမှာသိမ်းထားတဲ့ သကြားဓါတ်ပမာဏ အလွန်နည်းသွားခြင်း – ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ စားသောက်ပြီးတဲ့ အခါ ပိုတဲ့ သကြားဓါတ် အချို့ကို ကြွက်သားတို့ အသည်းတို့ မှာဂသိမ်းထားတတ်ပါတယ်။ ဒါကို ဂလိုင်ကိုဂျင် (Glycogen) လို့ခေါ်ပါတယ်။ ဒါက ဘာတွေ အရေးကြီးလဲ ဆိုတော့ ကျွန်တော်တို့ ဘာမှ မစားဖြစ်လို့ ဗိုက်ဆာနေတဲ့ အချိန်မှာ သွေးတွင်း သကြားဓါတ် အလွန်နည်းသွားရသ် သတိမေ့တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို သွေးတွင်းသကြားဓါတ် အရမ်းမနည်းသွားအောင် အချိန်အတိုင်းအတာ တစ်ခု အထိ ကြွက်သားတို့ အသည်းတို့ မှာ သိမ်းထားတဲ့ Glycogen ကို ယူသုံးပေးရပါတယ်။ ဒါကြောင့် ဝိတ်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တယ် ဆိုရသ် ခန္ဓာကိုယ်ရဲ့ ကြွက်သားတို့ အသည်းတို့ မှာ ဂလိုင်ကိုဂျင် သိမ်းတဲ့စနစ် (Glycogen Storage System) ချို့ယွင်းသွားပြီး သွေးတွင်း သကြားဓါတ် နည်းတာတွေ အလွယ်တကူဖြစ်တတ်ပါတယ်။

  1. စိတ်တို၊ စိတ်ဆက်လာခြင်း – ဒါကလည်း သွေးတွင်း သကြားဓါတ်နည်းရင် ဖြစ်တတ်တဲ့လက္ခဏာတစ်ခုပါ။

 

 

  1. အလုပ်ကို ကောင်းကောင်းအာရုံ မစူးစိုက်နိုင်ခြင်း – ကျွန်တော်တို့ အလုပ်တွေ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ အတွက် ဦးနှောက်ရဲ့ စွမ်းဆောင်ချက် က အရမ်းအရေးကြီးပါတယ်။ ဦးနှောက် စွမ်းဆောင်ရည်ကောင်းဖို့ ဆိုတာကလည်း သွေးတွင်းသကြားဓါတ် အလုံ အလောက် ရှိဖို့လိုအပ်ပါတယ်။ ဝိတ်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တယ် ဆိုရင် သွေးတွင်း သကြားဓါတ်တွေ ကျပြီးတော့ ဦးနှောက် စွမ်းဆောင်ရည် တွေကျဆင်းကာ အလုပ်မှာ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။

  1. အပူဓါတ်၊ အအေးဓါတ် အပြောင်းအလဲကို မခံနိုင်ခြင်း – ကျွန်တော်တို့ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ ရာသီဥတု အပြောင်းအလဲ ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် ဝိတ်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တဲ့ သူတွေ မှာဂဆိုရင် ခန္ဓာကိုယ်ရဲ့ အပူအအေး ထိန်းချုပ်မှု့ စနစ် ချို့ယွင်းသွားတဲ့ အတွက် အပူအအေး အပြောင်းအလဲ ဒါဏ်ကို သူများတွေ ထက်ပိုပြီး မခံနိုင်ကြပါဘူး။

 

 

 

ဒါဆိုရင် ဘယ်လောက်လျှော့ရင် အကောင်းဆုံးလဲ

ပုံမှန်လျှော့ သွားမယ်ဆိုရင်

  1. ၁ပါတ်ကို ၁ပေါင် ကနေ ၁ပေါင်ခွဲ လျှော့လို့ရသလို။

 

  1. လေ့ကျင့်ခန်း နဲ့ ကော အစားအသောက်နဲ့ပါ သေချာ ချမယ်ဆိုရင် ၁ ပါတ်ကို ၂ပေါင် ကနေ ၃ ပေါင် ကျ နိုင်ပါတယ်။

 

 

ဒီထက်တော့ပိုပြီး မချသင့်ပါ။

ဒါကြောင့် ၁ လ အတွင်း ပေါင် ၂၀ ချတာတို့ ပေါင် အစိတ် ချတာတို့ဆိုတာ မျိုးကို လိုက်မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

 

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *